Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စု၏ မိုက်ရိုင်းရူးသွပ်စွာကွပ်မျက်မှုက နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးကို ပြောင်ကျကျ အဆုံးသတ်ခြင်းဖြစ်ဟု DPNS ထုတ်ပြန်

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ၄ ဦးကို ပြစ်ဒဏ်စီရင်ခြင်းသည် အာဏာသိမ်း စစ်အုပ်စုအနေဖြင့် ဥပဒေမဲ့ လူသတ်မှုကျူးလွန်ခြင်း ဖြစ်ကြောင်း DPNS က ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ​၏ ထုတ်ပြန်ချက်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ​၏ ထုတ်ပြန်ချက်

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို စစ်အုပ်စုက မိုက်ရိုင်းရူးသွပ်စွာ သတ်ဖြတ်ကျူးလွန်လိုက်ခြင်းသည် နိုင်ငံရေးပြဿနာအဝဝကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အခွင့်အလမ်းတံခါး အပြီးအပိုင် ပိတ်လိုက်ပြီဟု ‘ပြောင်’ ကြေညာလိုက်ခြင်းဖြစ်ကြောင်း လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီ(DPNS)က ထုတ်ပြန်သည်။

စစ်အုပ်စုသည် နိုင်ငံတကာက လိုလားနေသည့် စေ့စပ်ဆွေးနွေး ညှိနှိုင်းရေးနည်းလမ်းအား ယတိပြတ်ပယ်ချကြောင်း ‘ပြောင်’ကြေညာလိုက်ခြင်းဖြစ်သည်ဟုလည်း DPNS က အလေးအနက်မှတ်ယူသည်ဟု ဆိုသည်။

ထို့အတွက် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်သုတ်သင်ရေး၊ ၂၀၀၈ ခြေ/ဥ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဟူသည့် နွေဦးတော်လှန်ရေး၏ အဓိက ဦးတည်ချက်များအနက် အခြေခံအကျဆုံး ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ဖြတ်သုတ်သင်ရေး တာဝန်ကို လူမျိုးပေါင်းစုံ မြန်မာပြည်သူတရပ်လုံးနှင့်အတူ ပူးပေါင်းလက်တွဲလျက် အကျေအပွန် ထမ်းရွက်သွားမည်ဟု DPNS က ကတိပြုသည်။

ကိုဂျင်မီ ၊ကို​ဇေယျာ​သော်အပါအဝင် မြန်မာ့ဒီမိုက​ရေစီအ​ရေးလှုပ်ရှား​ဆောင်ရွက်သူ​လေးဦးကိုစစ်​ကောင်စီက သတ်ဖြတ်မှုအ​ပေါ် ဆန့်​ကျင်​ကြောင်းထိုင်းနိုင်ငံဘန်​ကောက်ရှိမြန်မာသံရုံး​ရှေ့တွင်မြန်မာနိုင်ငံသားများကဇူလိုင် ၂၆ တွင်ဆန္ဒပြ​နေစဥ် ဓါတ်ပုံ-People's Spring
ကိုဂျင်မီ ၊ကို​ဇေယျာ​သော်အပါအဝင် မြန်မာ့ဒီမိုက​ရေစီအ​ရေးလှုပ်ရှား​ဆောင်ရွက်သူ​လေးဦးကိုစစ်​ကောင်စီက သတ်ဖြတ်မှုအ​ပေါ် ဆန့်​ကျင်​ကြောင်းထိုင်းနိုင်ငံဘန်​ကောက်ရှိမြန်မာသံရုံး​ရှေ့တွင်မြန်မာနိုင်ငံသားများကဇူလိုင် ၂၆ တွင်ဆန္ဒပြ​နေစဥ် ဓါတ်ပုံ-People’s Spring

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ၄ ဦးကို ပြစ်ဒဏ်စီရင်ခြင်းသည် အာဏာသိမ်း စစ်အုပ်စုအနေဖြင့် ဥပဒေမဲ့ လူသတ်မှုကျူးလွန်ခြင်း ဖြစ်ကြောင်း DPNS က ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချသည်။

တပြိုင်တည်းတွင် DPNS ပါတီခေါင်းဆောင်ဟောင်း ဦးဂျင်မီအား လူမျိုးစုံမြန်မာပြည်သူများအတွက် အသက်ခန္ဓာ စွန့်လွှတ်ရသည်အထိ ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ခြင်းကို လေးစားဂုဏ်ယူ မှတ်တမ်းတင်ပါကြောင်းလည်း ဖော်ပြသည်။

ထိုနည်းတူ ကြိုးပေးသတ်ဖြတ်ခံရသူ ရဲဘော် ၄ ဦးလုံး၏ မိသားစုများနှင့်ထပ်တူ DPNS က အထူးကြေကွဲ ဝမ်းနည်းရပါကြောင်း အလေးအနက်ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒီနေ့မှာဆိုရင်လည်း စစ်အုပ်စုဟာ မနက်အစောပိုင်းကစတင်ပြီး စစ်ဆေးနေပါတယ်။ ဒီနေ့မှာတော့ တစ်နေရာတည်းမှာ အထိုင်ချပြီး စစ်ဆေးတာမျိုးမဟုတ်ဘဲ ရွှေ့လျားပုံစံမျိုးနဲ့ စစ်ဆေးတာကိုတွေ့ရတယ်လို့ဒေသခံအချို့ကဆိုပါတယ်။

သတင်း

ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား စစ်ကောင်စီက မတရား သေဒဏ်စီရင်မှုအပေါ်CNO/CNDFက သဘော ထားထုတ်ပြန်ရာ၌ ယင်းသို့ဖော်ပြခဲ့ခြင်း ဖြစ်သည်။

သတင်း

သေဆုံးထိခိုက်သည့် စစ်ကောင်စီတပ်သားများအား နာရေးကားများဖြင့် သယ်သွားကြောင်း၊ ထိုအချိန်တွင် တည်သီးတော၊သီးလုံး၊မြင်းခြင်းရွာများမှပျူများ စစ်ကူလာ၍ ပြန်ဆုတ်ချိန် ပြ​ည်သူ့ကာကွယ်ရေး ရဲဘော် သုံးဦး ကျဆုံးခဲ့ရကြောင်း ShweBo Federal Army (S.B.F.A)အဖွဲ့က အသိပေးသည်။

သတင်း

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ကို သေဒဏ်စီရင်ပြီးကြောင်း ထုတ်ပြန်ချက်မှာ စစ်အုပ်စုသည် လက်နက်အားကိုးပြီး ကမ်းကုန်အောင် ယုတ်မာရိုင်းစိုင်းစွာ ပြည်သူအပေါ် အနိုင်ကျင့်ခြင်းဖြစ်သည်ဟု NUCC က ထုတ်ပြန်သည်။