Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ-မန္တလေးလမ်းမကိုယနေ့နံနက်ပိုင်းမှစ၍အသုံးမပြုရန်PDF များအသိပေး

ယနေ့ (ဇူလိုင်လ၂၇ရက်)နံနက်၉နာရီမှနောက်ထပ်ကြေညာချက် မထုတ်ပြန်မီအထိ စစ်ကိုင်း-မြင်းမူ-မုံရွာလမ်းပိုင်း(မုံရွာ-မန္တလေးလမ်း)အား လုံးဝအသုံးမပြုလုပ်ရန် MoeNyo Revolution Force က အသိပေးသည်။

(ဇူလိုင်လ၂၅ရက်က မုံရွာ-မန္တလေးလမ်းပေါ်တွင်စစ်ကောင်စီယာဥ်များPDFများကဒရုန်းဖြင့်တိုက်ခိုက်​နေစဥ်)
(ဇူလိုင်လ၂၅ရက်က မုံရွာ-မန္တလေးလမ်းပေါ်တွင်စစ်ကောင်စီယာဥ်များPDFများကဒရုန်းဖြင့်တိုက်ခိုက်​နေစဥ်)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်ယနေ့နံနက်ပိုင်းမှစတင်ကာ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ဒေသတွင်း Moe Nyo Revolution Force ကအသိပေးကြေညာသည်။

ယနေ့ (ဇူလိုင်လ၂၇ရက်)နံနက်၉နာရီမှနောက်ထပ်ကြေညာချက် မထုတ်ပြန်မီအထိ စစ်ကိုင်း-မြင်းမူ-မုံရွာလမ်းပိုင်း(မုံရွာ-မန္တလေးလမ်း)အား လုံးဝအသုံးမပြုလုပ်ရန် MoeNyo Revolution Force က အသိပေးသည်။

အဆိုပါအချိန်အတွင်း သွားလာခြင်းများကြောင့် တစ်စုံရာထိခိုက်ခြင်းများဖြစ်ပေါ်လာပါက တာဝန်ယူနိုင်မည်မဟုတ်ကြောင်းပြင်းပြင်းထန်ထန် အသိပေးအပ်ပါသည်ဟု Moe Nyo Revolution Force ကဆိုသည်။

မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်အကြမ်းဖက်စစ်ကောင်စီယာဥ်များအား မကြာခဏမိုင်းဆွဲတိုက်ခိုက်နေပြီး ထိုလမ်းပိုင်း၌ ပြီးခဲ့သည့်ဇူလိုင်လ၂၅ရက်နေ့တစ်ရက်တည်း အကြမ်းဖက်စစ်တပ်ယာဥ်များ ခြောက်ကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ကျမအတွက် ကူငွေမလိုဘူး လုံး၀ လုံး၀ လက်မခံပါ။ တော်လှန်ရေးအတွက်ဘဲ ကူပါ လှူပါ။ ပြိုင်တူတွန်းကြပါ၊။ ရုန်းကြပါ” ဟု မနီလာသိန်းက တိုက်တွန်းလိုက်သည်။

သတင်း

စစ်ကောင်စီတပ်အား မဟာမိတ်တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြရာ အကြမ်းဖက်စစ်သား ၇ ဦးထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးမှုလည်းရှိနိုင်ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

ဇူလိုင် ၂၁ ရက်ကလည်း အက်ုက္ကားရွာ၌တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူဆောထီးများ လှည့်ကင်းထွက်လာစဥ် ကျွန်းတောက်အနောက်ဘက်၌ ပဒေသာမိုင်းခြောက်လုံးဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

သတင်း

စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ရေး၌ တက်နိုင်သည့် နေရာများက ဆက်လက်ပါဝင်ပေးကြရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။