Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဦးဂျင်မီအတွက်နာရေးမလုပ်၊ ဆွမ်းမသွပ်၊အမျှမ​ဝေဘဲ အလှူငွေကောက်ခံခြင်းလည်းမရှိသလိုအလှူ​ငွေလက်ခံမည်မဟုတ်ဟု ဇနီးဖြစ်သူအသိပေး

“ကျမအတွက် ကူငွေမလိုဘူး လုံး၀ လုံး၀ လက်မခံပါ။ တော်လှန်ရေးအတွက်ဘဲ ကူပါ လှူပါ။ ပြိုင်တူတွန်းကြပါ၊။ ရုန်းကြပါ” ဟု မနီလာသိန်းက တိုက်တွန်းလိုက်သည်။

●​​တော်လှန်ရေးအတွက်သာကူကြ၊ လှူကြရန် တိုက်တွန်း

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့်ပတ်သက်၍ အလှူငွေကောက်ခံခြင်းမရှိကြောင်းနှင့် တော်လှန်ရေးအတွက်သာ ကူကြ၊ လှူကြရန် ဦးဂျင်မီ​၏ ဇနီးဖြစ်သူ မနီလာသိန်းက အသိပေးသည်။

စစ်အုပ်စု​၏ ဥပဒေမဲ့သတ်ဖြတ်ခြင်းခံရသည့် ဦးဂျင်မီအတွက် နာရေးမလုပ်၊ ဆွမ်းမသွပ်ဘဲ အမျှဝေမည်လည်း မဟုတ်ကြောင်း ထပ်မံအသိပေးထားသည်။

“ကိုဂျင်မီ ကိစ္စကို အကြောင်းပြုပြီး အလှူခံတာ လုပ်တာမျိုး၊ နာရေးအခမ်းအနား လုပ်တာမျိုးဟာ ဘယ်နိုင်ငံမှာပဲ လုပ်လုပ် ကျမနဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိသလို ကိုဂျင်မီ့ကို အကြောင်းပြုပြီး အလှူခံတာမျိုးတွေ ရှိနေတယ်လို့ ကြားသိနေရတယ်။ ကျမအတွက်ကူငွေမလိုဘူး။ လုံးဝ …လုံးဝ…လက်မခံပါ” ဟု မနီလာသိန်းက ဆိုသည်။

ပြည်သူလူထုအနေဖြင့် အရေးတော်ပုံ အောင်ရေးအတွက် ပြိုင်တူတွန်းကြ ရုန်းကြရန် ၎င်းက ဆက်လက်တိုက်တွန်းသည်။

“ကျမအတွက် ကူငွေမလိုဘူး လုံး၀ လုံး၀ လက်မခံပါ။ တော်လှန်ရေးအတွက်ဘဲ ကူပါ လှူပါ။ ပြိုင်တူတွန်းကြပါ၊။ ရုန်းကြပါ” ဟု မနီလာသိန်းက တိုက်တွန်းလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီက ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးကို ပြစ်ဒဏ်စီရင်ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် မနီလာသိန်းက ၎င်းအနေဖြင့် ကိုဂျင်မီ၏ ရုပ်အလောင်း မတွေ့မချင်း ဆွမ်းမသွပ်၊ အမျှမဝေ၊ နာရေးမလုပ်ဟု အသိပေးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့ (ဇူလိုင်လ၂၇ရက်)နံနက်၉နာရီမှနောက်ထပ်ကြေညာချက် မထုတ်ပြန်မီအထိ စစ်ကိုင်း-မြင်းမူ-မုံရွာလမ်းပိုင်း(မုံရွာ-မန္တလေးလမ်း)အား လုံးဝအသုံးမပြုလုပ်ရန် MoeNyo Revolution Force က အသိပေးသည်။

သတင်း

စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ရေး၌ တက်နိုင်သည့် နေရာများက ဆက်လက်ပါဝင်ပေးကြရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

သတင်း

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထွက်ပြေးဆုတ်ခွာ သွားကြောင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံး၊ တစ်ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရကြောင်း ဖော်ပြထားသည်။

သတင်း

မိသားစုဝင်တွေက ထောင်အာဏာပိုင်တွေကို ရုပ်အလောင်းတောင်းတဲ့အခါ ရုပ်အလောင်းထုတ်ပေးဖို့ ဥပဒေမရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။