Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်၏ ခွင့်မလွှတ်နိုင်သော သေဒဏ်စီရင်မှုအတွက် ပြန်လည်ပေးဆပ်ရမည်ဟု တောင်ကိုရီးယားလွှတ်တော်၌ အဖွဲ့အစည်း ၁၀၆ ဖွဲ့ ပူးတွဲကြေညာ

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ကို ဥပဒေမဲ့သတ်ဖြတ်ခဲ့ခြင်း အပေါ် မြန်မာစစ်တပ်ကို ပြင်းထန်စွာ ရှုတ်ချပြီး မြန်မာစစ်တပ်နှင့် အလုပ် လုပ်ကိုင်နေသော တောင်ကိုရီးယားကုမ္ပဏီများကို ထပ်မံသတိပေးသည်။

မြန်မာစစ်တပ်၏ ခွင့်မလွှတ်နိုင်သော သေဒဏ်စီရင်မှုအတွက် ပြန်လည်ပေးဆပ်ရမည်ဖြစ် ကြောင်း တောင်ကိုရီးယားလွှတ်တော်၌ ပြည်သူ့အဖွဲ့အစည်း ၁၀၆ ဖွဲ့က ယနေ့ပူးတွဲထုတ်ပြန်လိုက် သည်။

တောင်ကိုရီးယားလွှတ်တော်အမတ် မစ္စ ယုံဟဲအင် ဦးဆောင်၍ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့်အတူ မြန်မာ့ဒီမိုကရေစီအရေးကို စဉ်ဆက်မပြတ် အားပေးထောက်ခံသည့် ကိုရီးယားပြည်သူ့အဖွဲ့အစည်း ၁၀၆ ဖွဲ့တို့ ပူးပေါင်း၍ ယနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

စစ်တပ်၏ ခွင့်မလွှတ်နိုင်သော သေဒဏ်စီရင်မှုအတွက် ပြန်လည်ပေးဆပ်ရမည်ဟု တောင်ကိုရီးယားလွှတ်တော်၌ အဖွဲ့အစည်း ၁၀၆ ဖွဲ့ ပူးတွဲကြေညာ
စစ်တပ်၏ ခွင့်မလွှတ်နိုင်သော သေဒဏ်စီရင်မှုအတွက် ပြန်လည်ပေးဆပ်ရမည်ဟု တောင်ကိုရီးယားလွှတ်တော်၌ အဖွဲ့အစည်း ၁၀၆ ဖွဲ့ ပူးတွဲကြေညာ

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ကို ဥပဒေမဲ့သတ်ဖြတ်ခဲ့ခြင်း အပေါ် မြန်မာစစ်တပ်ကို ပြင်းထန်စွာ ရှုတ်ချပြီး မြန်မာစစ်တပ်နှင့် အလုပ် လုပ်ကိုင်နေသော တောင်ကိုရီးယားကုမ္ပဏီများကို ထပ်မံသတိပေးသည်။

မြန်မာစစ်တပ်က ယခုလို သေဒဏ် စီရင်ခြင်းသည် ၎င်းတို့ကိုယ်တိုင် နိုင်ငံတကာအဖွဲ့အစည်း၏ အဖွဲ့ဝင်အဖြစ်မှ စွန့်လွှတ်ကြောင်း ကြေညာခြင်းဖြစ်ပြီး အာဆီယံကို ပေးထားသော ကတိများနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ် လုပ်ဆောင်ရမည့် တာဝန်နှင့် ဝတ္တရားများကို ရှေ့လျောက် ဂရုစိုက်မည်မဟုတ်ကြောင်း ထုတ်ဖော်ခြင်းဖြစ်သည်။

တနည်းအားဖြင့် စစ်တပ်သည် ၎င်းတို့ အာဏာတည်မြဲမည်ဆိုပါက လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ပိုမို ကျူးလွန်နိုင်စွမ်းရှိသော အုပ်စုဖြစ်ကြောင်း သက်သေပြခဲ့ခြင်းလည်းဖြစ်သည်။

ထို့အတွက် လက်ရှိ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားအစိုးရ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက အဆိုပါ ကွပ်မျက်မှုကို ချက်ချင်းအရေးယူသင့်ပြီး လက်တွေ့ကျစွာ မြန်မာ့ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် ခိုင်မာသော ကြိုးပမ်းမှုများနှင့် ပံ့ပိုးကူညီမှုများ နည်းလမ်းများကို ချမှတ်ဆောင်ရွက်ရန် တိုက်တွန်းသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်ဖက်စစ်ကောင်စီ၏ ဥပဒေမဲ့သတ်ဖြတ်မှုကို တရုတ်နှင့် ရုရှားတို့က သီးခြားရှုတ်ချခြင်းမပြုသော်လည်း လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပါဝင်ကန့်ကွက်ရှုတ်ချ ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သားအချို့ မျက်စိထိခိုက်ပြီး လမ်းပေါ်ဖြတ်သွားသည့် Express ခရီးသည်ယာဥ်ကိုလည်း မိုင်းစအနည်းငယ် ထိမှန်သွားကြောင်း၊ ထိုကားထိခိုက်မှုအတွက် တောင်းပန်သည်ဟု YRG က ပြောသည်။

သတင်း

စစ်ကောင်စီ အဆိုပြုထားသည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လမ်းစဉ်နှင့် လည်းလုံး၀ ဆန့်ကျင်နေသောကြောင့် စစ်ကောင်စီ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း MNDAA၊ AAနှင့် TNLA တို့က ထုတ်ပြန်သည်။

သတင်း

ကန်ပက်လက် CDF အနေဖြင့် စစ်ကြောင်း သုံးခုခွဲ၍ ကန်ပက်လက်မြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပညာရေးရုံးနှင့် မြို့နယ်အခြေခံပညာ အထက်တန်းကျောင်းတို့တွင် တပ်စွဲထား သော စစ်ကောင်စီတပ်ဖွဲ့များကို ယနေ့ (ဇူလိုင် ၂၇ရက်) နေ့လည်ပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။