Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတရားသေဒဏ်စီရင်ခံရသူ လေးဦးအတွက်စစ်ဆင်ရေးဖော်ဆောင်ရာ ရဲနှင့်စစ်သားလေးဦးသေပြီးတစ်ဦးဒဏ်ရာရဟုကန်ပက်လက် CDF​ပြော

ကန်ပက်လက် CDF အနေဖြင့် စစ်ကြောင်း သုံးခုခွဲ၍ ကန်ပက်လက်မြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပညာရေးရုံးနှင့် မြို့နယ်အခြေခံပညာ အထက်တန်းကျောင်းတို့တွင် တပ်စွဲထား သော စစ်ကောင်စီတပ်ဖွဲ့များကို ယနေ့ (ဇူလိုင် ၂၇ရက်) နေ့လည်ပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မတရားသေဒဏ်စီရင်ခံရသူ လေးဦး
မတရားသေဒဏ်စီရင်ခံရသူ လေးဦး

မတရား သေဒဏ်ပြစ်ဒဏ်စီရင်ခံရသည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့အတွက် တရားမျှတမှု ပြန်လည် ရယူရန် စစ်ဆင်ရေးဖော်ဆောင်ခဲ့ကြောင်း ကန်ပက်လက် ချင်းကာကွယ်ရေးတပ်(CDF)သတင်းထုတ်ပြန်သည်။

ကန်ပက်လက် CDF အနေဖြင့် စစ်ကြောင်း သုံးခုခွဲ၍ ကန်ပက်လက်မြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပညာရေးရုံးနှင့် မြို့နယ်အခြေခံပညာ အထက်တန်းကျောင်းတို့တွင် တပ်စွဲထား သော စစ်ကောင်စီတပ်ဖွဲ့များကို ယနေ့ (ဇူလိုင် ၂၇ရက်) နေ့လည်ပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၁နာရီနီးပါး ကြာမြင့်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုကြောင့် ရဲ နှစ်ဦး၊ စစ်သား နှစ်ဦး၊ စုစုပေါင်း လေးဦးသေဆုံး၍ စစ်သား တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပြီး CDF ရဲဘော်များ ထိခိုက်ကျဆုံးမှုမရှိဟု ဖော်ပြထားသည်။

“မတရားမှု(စစ်ကောင်စီက သေဒဏ်စီရင်ခြင်း)အတွက် ကျွန်တော်တို့ တော်တော် နာကျင်ရတယ်။ ဒါကြောင့်အရေးပေါ်အစည်းအဝေးလုပ်ပြီး မြို့ထဲက ပစ်မှတ်ကို ဝင်တိုက်ခိုက်တာပါ။ လေးယောက်သေပြီး တစ်ယောက်ဒဏ်ရာရတာ အတိအကျပါပဲ” ဟု CDF ကန်ပက်လက်၏ တပ်မဟာမှုး ရှိမ်းထန်းကပြောသည်။

အကြမ်းဖက်စစ်ကောင်စီမှ ယခုကဲ့သို့ မတရားကြိုးမိန့်ပေးခြင်းအပါအဝင်၊ စစ်ရာဇဝတ်မှုများကို ဆက်လက်လုပ်ဆောင်နေပါက ကန်ပက်လက် CDF အနေဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ(CJDC) တို့၏ လမ်းညွှန်ချက်များကို လိုက်နာ၍ မြို့တွင်း စစ်ဆင်ရေးများကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီ အဆိုပြုထားသည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လမ်းစဉ်နှင့် လည်းလုံး၀ ဆန့်ကျင်နေသောကြောင့် စစ်ကောင်စီ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း MNDAA၊ AAနှင့် TNLA တို့က ထုတ်ပြန်သည်။

သတင်း

YGN_INFO_Allianceသည် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အလိုက် သတင်းတင်ဆက်ပေးနေသည့် ချန်နယ်များစုပေါင်းထားသည့်အဖွဲ့ ဖြစ်သည်။

သတင်း

စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ရေး၌ တက်နိုင်သည့် နေရာများက ဆက်လက်ပါဝင်ပေးကြရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

သတင်း

CJDC အဖွဲ့ဝင် ချင်းလက်နက်ကိုင်တပ်များသည် ချင်းပြည်အတွင်း စစ်ကောင်စီ တပ်ကို တိုက်ခိုက်ရာ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယခုဇူလိုင်လအတွင်း ဖလမ်း - ဟားခါးလမ်းနှင့် မတူပီမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။