Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သန်လျင် ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ ရေတပ်ဗိုလ်ကြီးတစ်ဦး CDM ပြုလုပ်

အဆိုပါ ဗိုလ်ကြီးအား ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF ) မှ အစစအရာရာစီစဉ်မှုဖြင့် ယခုတွင်မူ လုံခြုံစိတ်ချရသော လွတ်မြောက် နယ်မြေတစ်ခုသို့ ပို့ဆောင်ထားကြောင်း အသိပေး သည်။

သန်လျင် ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ ရေတပ်ဗိုလ်ကြီးတစ်ဦး CDM ပြုလုပ်
သန်လျင် ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ ရေတပ်ဗိုလ်ကြီးတစ်ဦး CDM ပြုလုပ်

ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ ရေတပ် ဗိုလ်ကြီးတစ်ဦး ပြည်သူနှင့်ပူးပေါင်း၍ CDM ပြုလုပ်လာကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) က ယနေ့(ဇူလိုင် ၂၉ ရက်) ထုတ်ပြန်သည်။

အဆိုပါ ဗိုလ်ကြီးသည် ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ ထွက်ခွာလာခြင်းဖြစ်ပြီး မိမိတို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF)ထံသို့ Job For Kayah မှတဆင့်ဆက်သွယ်ကာ လာရောက်ခိုလှုံလာခဲ့ခြင်းဟု ဆိုသည်။

အဆိုပါ ဗိုလ်ကြီးအား ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF ) မှ အစစအရာရာစီစဉ်မှုဖြင့် ယခုတွင်မူ လုံခြုံစိတ်ချရသော လွတ်မြောက် နယ်မြေတစ်ခုသို့ ပို့ဆောင်ထားကြောင်း အသိပေး သည်။

သို့သော် CDM ဗိုလ်ကြီး၏ လုံခြုံရေးအရ အချို့သောကိုယ်ရေးအချက်လက်များ အားချန်လှပ်ထားဆဲဟု BPDF က ပြောသည်။

ယခုလ ပထမပတ်ကလည်း ကျည်ဆံ ၃၀၀ကျော် အပါအဝင် လက်ပစ်ဗုံး ခြောက်လုံးနှင့်အတူ မှုခင်းနှိမ်နှင်းရေးရဲ တပ်ဖွဲ့ဝင်နှစ်ဦးသည် ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံသို့ CDM ပြုလုပ်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်​ကောင်စီတပ်သားများက မင်းအောင်လှိုင်ကို ဆဲဆိုနေသည့်အပေါ် ၎င်းအနေဖြင့် မူလက တားမြစ်ခဲ့ကြောင်း၊ ၎င်းအနေဖြင့် Facebook မကြည့်တက်၍ ပြင်ပ အခြေအနေကို မသိခဲ့ရကြောင်း ဒုတပ်ကြပ် ကျော်နိုင်စိုးက ပြောသည်။

သတင်း

ယင်းတပ်ဖွဲ့ဝင် ၄ဦး အနက် ၂ဦးသည် PDF တပ်ရင်း(၂) တပ်ခွဲ(၃) ၌ တာဝန်ထမ်းဆောင်နေပြီး ကျန် ၂ဦးသည် PDF တပ်ရင်း(၁) တပ်ခွဲ(၃) ၌ တာဝန်ထမ်းဆောင်နေသည်။

သတင်း

ဇူလိုင်၁၀ရက်ကလည်းချင်းပြည်နယ် စစ်ကြောင်းတွင်ပါဝင်လာသည့် အရှေ့တောင်ပိုင်းစစ်ဌာနချုပ် ခမရ ၅၁၂ မှတပ်သား ဇင်လင်းအောင်သည် CDF-Mindat ထံ လက်နက်ခဲယမ်းအချို့နှင့်အတူ အလင်းဝင်လာခဲ့သည်။

သတင်း

ကယားပြည်နယ်အတွင်းရှိ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်သော CDM ဆရာ၊ ဆရာမများအား သမဂ္ဂမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဇွန်လတွင် ပထမအကြိမ်၊ ဇူလိုင်လတွင် ဒုတိယအကြိမ် အသီးသီးပေးအပ်နိုင်ခဲ့ပြီးဖြစ်သည်။