Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီတွင် ဒေသခံပြည်သူ ၂၄ဦး အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခံရမှု (၁)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

အဆိုပါ အောက်မေ့ဖွယ် အခမ်းအနား၌ ဒီမိုကရေစီအင်အားစုများ ၊ တော်လှန် ပြည်သူများ တက်ရောက်ကြပြီး အမှတ်တရအောက်မေ့ဖွယ်စကားများ ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး တရားများ ဟောပြောခဲ့ကြသည်။

ဓာတ်ပုံ - ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု
ဓာတ်ပုံ - ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု

စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း ဇီးပင်တွင်း တောတိုက်နှင့် ကြက်ချောင်း တောတိုက်တွင် အကြမ်းဖက် စစ်ကောင်စီ၏ အစုလိုက်၊အပြုံလိုက် ဖမ်းဆီး သတ်ဖြတ်ခံရသော ဒေသခံပြည်သူ ၂၄ဦး၏ အောက်မေ့ဖွယ်အခမ်းအနားကို ယနေ့ (ဇူလိုင် ၂၉)နံနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်နှင့်အတူ ကျင်းပပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၁ ဇူလိုင် ၂၇ရက်နှင့် ၂၈ ရက်က ကနီမြို့နယ်အတွင်း စစ်ကြောင်း ထိုးလာသော စစ်ကောင်စီများမှ ကနီမြို့နယ် ဇီးပင်တွင်းရွာ အနီးတွင် ဒေသခံပြည်သူ (၁၂) ဦး ၊ တောင်ပေါက်ရွာ အနီး ကြက်ချောင်း တောတိုက်တွင် ဒေသခံ ပြည်သူ ၁၁ဦး ၊ ကနီမြို့တွင် တစ်ဦး စုစုပေါင်း ၂၄ ဦးတို့ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု
ဓာတ်ပုံ – ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု

အဆိုပါ အောက်မေ့ဖွယ် အခမ်းအနား၌ ဒီမိုကရေစီအင်အားစုများ ၊ တော်လှန် ပြည်သူများ တက်ရောက်ကြပြီး အမှတ်တရအောက်မေ့ဖွယ်စကားများ ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး တရားများ ဟောပြောခဲ့ကြသည်။

NUG ကာကွယ်ရေးအလံအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက်နှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံး ကြွေလွင့်သွားသော အာဇာနည်များ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား ဦးညွတ်အလေးပြုခြင်း ၊ ကနီနယ်တွင် ကျဆုံးသွားသော နွေဦးသူရဲကောင်း ၂၄ ဦးအား အလေးပြုခြင်း ၊ ကျဆုံးသွားသူများအား လွမ်းဆွတ်တမ်းတသောအားဖြင့် ၈ စက္ကန့်ငြိမ်သက် ခြင်းများ ပြုလုပ်ခဲ့သည်။

ထို့အပြင် ဆန္ဒပြပြည်သူများက သွေးစည်းညီညွတ်ရေး အာဏာရှင် ဆန့်ကျင်ရေး တေးသီချင်းများ သံပြိုင်သီဆိုခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံ များ ကြွေးကြော်ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယခုရက်ပိုင်းအတွင်း ခင်ဦးမြို့နယ်၌ အကြမ်းဖက်စစ်တပ်သည် ကျေးရွာများ အား နေ့စဥ်စစ်ကြောင်းထိုးနေပြီး ပြ​ည်သူထောင်ချီထွက်ပြေး တိမ်းရှောင်နေရ ကာ အကူအညီများ လိုအပ်နေသည်။

သတင်း

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို တရားလက်လွတ် ဒီလိုစီရင်လိုက်တာဟာ နောက်ထပ်အလားတူ သေဒဏ်ကျခံရသူတွေအတွက်လည်း စိုးရိမ်စရာတွေဖြစ်လာပါတယ်။

သတင်း

ဇူလိုင်၂၃ရက် နေ့လည် ၂နာရီခွဲခန့်က ကျောက်ကန်ကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ထွက်လာသော စစ်ကောင်စီတပ်အား ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ နှင့်တပ်ပေါင်းစု မဟာမိတ်တပ်များက ခြုံခိုတိုက်ခိုက်ခဲ့ကြသေးသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီနှင့်ရင်ဆိုင်တိုက်ခိုက်သော ကာလတစ်ရှောက်တွင် စစ်သုံ့ပန်းများ၊ စစ်ကောင်စီသတင်းပေးဒလန်နှင့် ၎င်းတို့၏ လက်ပါးစေများအား ဖမ်းစီးရမိမှုများ ရှိသော်လည်း သတ်ဖြတ်ခြင်းမရှိဘဲ KNDFက ကောင်းမွန်စွာ ဖမ်းဆီးထိမ်းသိမ်းထားခဲ့ကြောင်း ဖော်ပြသည်။