Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သေဒဏ်ပေးမှုများ တရားဝင်ဆိုင်းငံ့ထားရန် ဂျာမနီနိုင်ငံခြားရေးက ဘာလင်ရှိ မြန်မာသံရုံးတာဝန်ခံကို ဆင့်ခေါ်သတိပေး

ဂျာမနီသည် အကြမ်းဖက်စစ်ကောင်စီ၏ ဥပဒေမဲ့သေဒဏ်ပေးကွပ်မျက်မှုကို အပြင်းထန်ဆုံး ရှုတ်ချပြီး ကွပ်မျက်မှုကို တရားဝင်ဆိုင်းငံ့ထားရန်နှင့် အကြမ်းဖက်၊ ဖိနှိပ်မှုများကို အဆုံးသတ်ရန် တောင်းဆိုခဲ့ကြောင်းသိရသည်။

(ဒီမိုကရေစီအရေးတိုက်ပွဲဝင်သူလေးဦးအား အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင်မှုအပေါ် ထိုင်းရောက်မြန်မာများက မြန်မာသံရုံးရှေ့၌ ဇူလိုင်၂၆ရက်က ဆန္ဒပြနေစဥ်)
(ဒီမိုကရေစီအရေးတိုက်ပွဲဝင်သူလေးဦးအား အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင်မှုအပေါ် ထိုင်းရောက်မြန်မာများက မြန်မာသံရုံးရှေ့၌ ဇူလိုင်၂၆ရက်က ဆန္ဒပြနေစဥ်)

စစ်ကောင်စီက ဒီမိုကရေစီတက်ကြွလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခဲ့မှုနှင့် ပတ်သက်၍ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက ဘာလင်မြို့ရှိ မြန်မာသံရုံးတာဝန်ခံကို ယမန်နေ့တွင်ဆင့်ခေါ် သတိပေးသည်။

ဂျာမနီသည် အကြမ်းဖက်စစ်ကောင်စီ၏ ဥပဒေမဲ့သေဒဏ်ပေးကွပ်မျက်မှုကို အပြင်းထန်ဆုံး ရှုတ်ချပြီး ကွပ်မျက်မှုကို တရားဝင်ဆိုင်းငံ့ထားရန်နှင့် အကြမ်းဖက်၊ ဖိနှိပ်မှုများကို အဆုံးသတ်ရန် တောင်းဆိုခဲ့ကြောင်းသိရသည်။

ဂျာမနီနိုင်ငံခြားရေးဝန်ကြီးကလည်း ယခုသီတင်းပတ်အစောပိုင်းတွင် မြန်မာစစ်တပ်၏ ကွပ်မျက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး စစ်ကောင်စီ၏ လုပ်ရပ် သည် မြန်မာပြည်သူများ၏ ပြင်းပြသော ဒီမိုကရေစီဆန္ဒကို မထီမဲ့မြင်ပြုလုပ် ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ကို စစ်ကောင်စီက ဥပဒေမဲ့ သတ်ဖြတ်ခဲ့ခြင်းအပေါ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ကမ္ဘာ့ထိပ်သီးခုနှစ်နိုင်ငံအဖွဲ့(G7)၊ ဥရောပသမဂ္ဂ၊ အာဆီယံအလှည့်ကျဥက္ကဌနှင့် နိုင်ငံတကာ အသိုင်းအဝန်းက ကန့်ကွက်ရှုတ်ချထားသည်။

ကိုးကား – AFP

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီက ပြောကြားနေသော ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးရေးဆိုသည်မှာ တိုက်မလား၊ လိုက်မလား ဟု စိန်ခေါ်ခြင်းသာဖြစ်ပြီး တွေ့ဆုံဆွေးနွေးဖြေရှင်းရေးလမ်းကြောင်းကို စစ်ကောင်စီက အဆုံးစွန် ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်ဟုလည်း PNFCက ထုတ်ပြန်ခဲ့သည်။

သတင်း

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ကို ဥပဒေမဲ့သတ်ဖြတ်ခဲ့ခြင်း အပေါ် မြန်မာစစ်တပ်ကို ပြင်းထန်စွာ ရှုတ်ချပြီး မြန်မာစစ်တပ်နှင့် အလုပ် လုပ်ကိုင်နေသော တောင်ကိုရီးယားကုမ္ပဏီများကို ထပ်မံသတိပေးသည်။

သတင်း

အကြမ်ဖက်စစ်ကောင်စီ၏ ဥပဒေမဲ့သတ်ဖြတ်မှုကို တရုတ်နှင့် ရုရှားတို့က သီးခြားရှုတ်ချခြင်းမပြုသော်လည်း လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပါဝင်ကန့်ကွက်ရှုတ်ချ ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီ အဆိုပြုထားသည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လမ်းစဉ်နှင့် လည်းလုံး၀ ဆန့်ကျင်နေသောကြောင့် စစ်ကောင်စီ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း MNDAA၊ AAနှင့် TNLA တို့က ထုတ်ပြန်သည်။