Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီမိုကရေစီအရေးလှုပ်ရှားသူလေးဦးအား စစ်ကောင်စီတပ် သေဒဏ်ပေးမှုအပေါ် အရေးယူပေးရန် ဂျပန်နိုင်ငံရှိ UN ရုံးရှေ့တွင် မြန်မာများ တောင်းဆိုဆန္ဒပြ

ယင်းဆန္ဒပြပွဲကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ၂၀၀ ကျော် ပူးပေါင်း ပါဝင်ခဲ့ကြပြီး UN မှတာဝန်ရှိသူများထံသို့ မြန်မာပြည်သူများ၏ သဘောထား ဆန္ဒ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

ဓာတ်ပုံ - RTM
ဓာတ်ပုံ - RTM

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကုလသမဂ္ဂအဖွဲ့အစည်း(UN) ရုံးရှေ့တွင် ဂျပန်ရောက် မြန်မာနိုင်ငံသား များက ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့အား အကြမ်းဖက် စစ်ကောင်စီက မတရားသဖြင့် သေဒဏ်ပေး သတ်ဖြတ်ခဲ့မှုအပေါ် အရေးယူပေးရန် ယနေ့ (ဇူလိုင် ၂၆) တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ယင်းဆန္ဒပြပွဲကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ၂၀၀ ကျော် ပူးပေါင်း ပါဝင်ခဲ့ကြပြီး UN မှတာဝန်ရှိသူများထံသို့ မြန်မာပြည်သူများ၏ သဘောထား ဆန္ဒ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

အဆိုပါ အိတ်ဖွင့်ပေးစာတွင် နိုင်ငံရေးအကျဉ်းသားတွေကို မတရားသဖြင့် သေဒဏ်ချမှတ်ခြင်းအပေါ် အရေးယူပေးရန်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကြေညာစာတမ်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းကို အရေးယူရန်၊ နိုင်ငံရေး အကျဉ်းသားများ အပေါ် ဖိနှိပ်ချုပ်ချယ်မှုများကို ချက်ချင်း အရေးယူ ဆောင်ရွက်ပေးရန်၊ UN အပါအဝင်နိုင်ငံတကာအဖွဲ့ အစည်းများအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်ရေးချိုးဖောက်ခံနေရသည့် ကိစ္စများကို လျစ်လျူရှု မျက်ကွယ်မပြုရန် စသည့် အချက်များကို ရေးသားတောင်းဆိုခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြည်တွင်း နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမျိုးစု လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အနေဖြင့်လည်း စစ်အုပ်စုအား နိုင်ငံရေး၊ စစ်ရေးအရ အင်အား ဖြစ်စေမည့် မည့်သည့်လုပ်ရပ်မျှ မလုပ်ကြရန် တိုက်တွန်းသည်။

သတင်း

CJDC အဖွဲ့ဝင် ချင်းလက်နက်ကိုင်တပ်များသည် ချင်းပြည်အတွင်း စစ်ကောင်စီ တပ်ကို တိုက်ခိုက်ရာ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယခုဇူလိုင်လအတွင်း ဖလမ်း - ဟားခါးလမ်းနှင့် မတူပီမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

သတင်း

ဇူလိုင်၂၃ရက် နေ့လည် ၂နာရီခွဲခန့်က ကျောက်ကန်ကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ထွက်လာသော စစ်ကောင်စီတပ်အား ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ နှင့်တပ်ပေါင်းစု မဟာမိတ်တပ်များက ခြုံခိုတိုက်ခိုက်ခဲ့ကြသေးသည်။

သတင်း

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီယာဉ် ၂စီး ထိမှန်ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းလျှက်ရှိ ကြောင်း ထုတ်ပြန်သည်။