Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီမိုကရေစီအရေးကြိုးပမ်းသူ ၄ဦးအားကွပ်မျက်ခဲ့သည့် မြန်မာစစ်တပ်ကို ဂျပန် ပြင်းထန်စွာရှုတ်ချ

“အာဏာသိမ်းမှုနောက်ပိုင်း အသက်ဆုံးရှုံးခဲ့ရသူအားလုံးရဲ့ မိသားစုတွေနဲ့အတူ နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းကြေကွဲရကြောင်း ဂျပန်အနေနဲ့ ဖော်ပြလိုပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ဓာတ်ပုံ − BLOOMBERG
ဓာတ်ပုံ − BLOOMBERG

စစ်တပ်​၏လုပ်ဆောင်မှုများက ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေပြီး တိုင်းပြည်ကို ပိုမိုအထီးကျန် စေမည်ဟု သတိပေး

ဒီမိုကရေစီအရေးကြိုးပမ်းသူ ၄ဦးကို ကွပ်မျက်ခဲ့သော မြန်မာစစ်တပ်​၏ လုပ်ဆောင်မှုများကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဂျပန်အစိုးရက အခိုင်အမာတောင်းဆိုထားသော ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံးပြန် လွှတ်ပေးရေးနှင့် ဆန့်ကျင်စွာ စစ်တပ်​၏ လုပ်ဆောင်မှုများသည် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေပြီး တိုင်းပြည်ကို နိုင်ငံတကာအသိုင်းအဝန်းမှ ပိုမိုဖယ်ကြဉ်စေမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ကို စစ်ကောင်စီ ကွပ်မျက်မှု နိုင်ငံတကာ အသိုက်အဝန်း ရှုတ်ချ
ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ကို စစ်ကောင်စီ ကွပ်မျက်မှု နိုင်ငံတကာ အသိုက်အဝန်း ရှုတ်ချ

“အာဏာသိမ်းမှုနောက်ပိုင်း အသက်ဆုံးရှုံးခဲ့ရသူအားလုံးရဲ့ မိသားစုတွေနဲ့အတူ နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းကြေကွဲရကြောင်း ဂျပန်အနေနဲ့ ဖော်ပြလိုပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ထို့အပြင် အာဏာသိမ်းစစ်တပ်အနေဖြင့် အကြမ်းဖက်မှုများ ချက်ချင်းအဆုံး သတ်ရန်၊ ဖမ်းဆီထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန်၊ ဒီမိုကရေစီနိုင်ငံရေး စနစ်ကို အမြန်ဆုံး ပြန်သွားရန်နှင့် အာဆီယံ ဘုံဆုံးဖြတ် ချက် ၅ ရပ်ကို အမြန်ဆုံးအကောင်အထည်ဖော်ရန် ဂျပန်က တိုက်တွန်းသည်။

အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားအပါအဝင် အာဆီယံ​၏ မြန်မာ့အရေး ကြိုးပမ်း ဆောင်ရွက်ချက်များကို ဆက်လက်ထောက်ခံသွားမည်ဟုလည်း ဂျပန်က ထုတ်ပြန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်တဲ့ တုံ့ပြန်မှု လုပ်ကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ကလည်းတောင်းဆိုထားပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးကလည်း အထက်ပါမြန်မာ့ဒီမိုကရေစီသူရဲကောင်း ၄ ဦးအတွက် ဖယောင်းတိုင် ၄ တိုင်ထွန်းကာ ဝမ်းနည်းကြောင်းပြသသည်။

သတင်း

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို အသိအမှတ်ပြုပြီး ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်နှင့် ချိတ်ဆက်လုပ်ကိုင်ရန်၊ လူသားချင်းစာနာမှုအကူအညီများကို NUG နှင့် မိတ်ဖက်အဖွဲ့အစည်း များမှသာတဆင့် ပေးအပ်ရန်လည်း ထည့်သွင်းတောင်းဆိုခဲ့သည်။

သတင်း

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နာရေးသို့ လူမျိုးတုန်းသတ်ဖြတ်သည့်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖိတ်ကြားခြင်းမပြုရန်နှင့် အကြမ်းဖက်စစ်ကောင်စီနှင့်ပတ်သက်ခြင်းမပြု ရန် ဂျပန်ရောက်မြန်မာအင်အားစုများက မြို့အသီးသီး၌ ဆန္ဒပြတောင်းဆိုကြမည်ဖြစ်သည်။