Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပိုမိုစုစည်းအားကောင်းသည့် မဟာမိတ်ညီညွတ် ရေးအင်အားစုကို တည်ဆောက်ရန် NUG ခေါင်းဆောင်များက အစိုးရအဖွဲ့ဝင်များအား မှာကြား

နွေဦးတော်လှန်ရေးအင်အားစုများအတွက် အချိန်အကန့်အသတ်ရှိနေကြောင်း၊ ထို့ကြောင့် ဆွေးနွေး တိုင်ပင်မှုများကို ဆွေးနွေးသည့် အဆင့်၌ ရပ်မနေဘဲ အကောင်အထည်ဖော်နိုင်ရေး သေချာစွာ စီစဉ်သင့်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

ပိုမိုစုစည်းအားကောင်းသည့် မဟာမိတ်ညီညွတ် ရေးအင်အားစုကို တည်ဆောက်ရန် NUG ခေါင်းဆောင်များက အစိုးရအဖွဲ့ဝင်များအား မှာကြား
ပိုမိုစုစည်းအားကောင်းသည့် မဟာမိတ်ညီညွတ် ရေးအင်အားစုကို တည်ဆောက်ရန် NUG ခေါင်းဆောင်များက အစိုးရအဖွဲ့ဝင်များအား မှာကြား

▪️နိုင်ငံရေးအရ မဟာမိတ်တိုင်းရင်းသားများ လျှောက်လှမ်းချင်သည့်လမ်းကြောင်း၊ စစ်ရေးအရ အတူပူးပေါင်း လုပ်ဆောင်နိုင်မှုအခြေအနေများ နားလည်သဘောပေါက်ထားရန်လိုအပ်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ အနေဖြင့် ပိုမိုစုစည်းအားကောင်းသည့် မဟာမိတ်ညီ ညွတ်ရေးအင်အားစုကို သဘောထားကြီးကြီးနှင့် ဆက်လက်တည်ဆောက်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့ ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့အစည်း အဝေးတွင် ယာယီသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က မဟာမိတ်များနှင့်ပတ်သက်သည့် အရေးကိစ္စကို အလေးထား ပြောကြားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် စစ်အာဏာရှင်စနစ်ဖြိုဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးကို ဆိုင်ရာ ကဏ္ဍကိုယ်စီက အားသွန်ကြိုးပမ်းနေကြောင်း ယာယီသမ္မတက ပြောသည်။

“အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်ခေါင်း ဆောင်တွေနဲ့ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုတွေ အားလုံး ဟာ ဘုံတူညီတဲ့ပန်းတိုင်တစ်ခုတည်းကိုမျက်ခြေပြတ်လို့ မရဘူး။ ဒါကတော့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ အနေဖြင့် ပိုမိုစုစည်းအားကောင်းသည့် မဟာမိတ်ညီ ညွတ်ရေး အင်အားစုကို သဘောထားကြီးကြီးဖြင့် ဆက်လက်တည် ဆောက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို လိုလားထောက်ခံသည့် နိုင်ငံတကာအစိုးရ အသိုင်းအဝန်းနှင့် ဆက်ဆံရေးခိုင်ခိုင် မာမာဖြစ်စေရေး ကြိုးပမ်းလုပ်ဆောင်ရန်၊ မိတ်ဖက်ဖြစ်နိုင်သည့် အင်အားစုများကို ဖက်ဒရယ်ဒီမိုကရေစီ တန်ဖိုးများအား အခြေခံစံတန်ဖိုးအဖြစ် ထားပြီး မဟာဗျူဟာကျကျ စည်းရုံးကြရန် တိုက်တွန်းခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း ‘မဟာမိတ်ဆက်ဆံရေး ကော်မတီအနေနဲ့လည်း မဟာမိတ်တွေနဲ့ ဆက်ဆံရေး တည်ဆောက်ရာမှာ Formal ချဉ်းကပ်လုပ်ဆောင်ရမှာတွေရှိသလို Informal အနေနဲ့ ရင်းနှီးကျွမ်းဝင် သူများမှတဆင့် မဟာမိတ်များရဲ့ အသံတွေကို ရင်းရင်းနှီးနှီး နားထောင်ကြည့်ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ နိုင်ငံရေးအရ မဟာမိတ် တိုင်းရင်း သားများ လျှောက်လှမ်းချင်တဲ့ လမ်းကြောင်း၊ စစ်ရေးအရ အတူပူးပေါင်း လုပ်ဆောင်နိုင်မှု အခြေအနေတွေကို ကျွန်တော်တို့ အားလုံး နားလည်သဘောပေါက် ထားမှသာ ကျွန်တော် တို့ရဲ့ စီမံခန့်ခွဲမှုတွေက ထိရောက်မှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

နွေဦးတော်လှန်ရေးအင်အားစုများအတွက် အချိန်အကန့်အသတ်ရှိနေကြောင်း၊ ထို့ကြောင့် ဆွေးနွေး တိုင်ပင်မှုများကို ဆွေးနွေးသည့် အဆင့်၌ ရပ်မနေဘဲ အကောင်အထည်ဖော်နိုင်ရေး သေချာစွာ စီစဉ်သင့်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဂျပန်နိုင်ငံခြားရေးဌာနနှင့်လူဝင်မှုကြီးကြပ်ရေးဌာနမှတာဝန်ရှိသူများနှင့်ဆွေးနွေးမှုများရှိနေပြီး ဂျပန်ရောက်မြန်မာပြည်သူများကလည်း NUG Japan Office ​၏ အခန်းကဏ္ဍကို ပိုမိုထောက်ခံ၍ ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ၎င်းက တိုက်တွန်းသည်။

သတင်း

ထို့အပြင် အမေရိကန်အနေဖြင့် မြန်မာပြည်သူလူထုကို အကူအညီပေးနိုင်မည့် နည်းလမ်းများကို ထည့်သွင်းဆွေးနွေးခဲ့သည်ဟုလည်း ဆိုသည်။

သတင်း

စစ်ကောင်စီက နိုင်ငံတော်အာဏာကို လုယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်များ/အတည်ပြုမိန့်များထုတ်ပေးခြင်းတို့ကို ရပ်ဆိုင်းထားပြီးဖြစ်သည်ဟု NUGကဆိုထားသည်။

သတင်း

“ဒီသူရဲကောင်းရဲဘော် ၇ ဦးရဲ့ ကျန်ရစ်သူမိသားစုကို ကူညီစောင့်ရှောက်တဲ့အနေနဲ့ Chin Defence Force - Kanpetlet က"ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” အား ဝယ်ယူပြီးလှူဒါန်းပေးအပ် ဂုဏ်ပြုလိုက်ပါတယ်” ဟု ကန်ပက်လက် CDFက ထုတ်ပြန်သည်။