Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေနံ့သာရပ်ကွက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလင်မယား ကိုအမည်မသိအဖွဲ့ကပစ်ခတ်ရှင်းလင်း

ဒေသခံများ၏ ပြောဆိုမှုအရ အုပ်ချုပ်ရေးမှူးဝင်နိုင်ထွန်းသည် နွေဦးတော်လှန်ရေးနှင့် ဆက်စပ်သူများအား ဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်သူဖြစ်ပြီး ဒေသခံပြည်သူများအပေါ်တွင်နိုင်ထက်စီးနင်းပြုမှုတတ်သူဖြစ်ကြောင်း သိရသည်။

ရွှေနံ့သာရပ်ကွက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလင်မယား ကိုအမည်မသိအဖွဲ့ကပစ်ခတ်ရှင်းလင်း
ရွှေနံ့သာရပ်ကွက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလင်မယား ကိုအမည်မသိအဖွဲ့ကပစ်ခတ်ရှင်းလင်း

မဂ်လာဒုံ၊ ပုလဲမြို့သစ်၊ သဃ်န်းကျွန်းကြီးရပ်ကွက်တွင်ကိုယ်ပိုင်ကားဖြင့်လာသော စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလင်မယားကို အမည်မသိအဖွဲ့အစည်းတစ်ခုကပစ်ခတ်ရှင်းလင်းလိုက်ကြောင်းဒေသခံများကပြောသည်။

သဃ်န်းကျွန်းကြီးရပ်ကွက်၊ ဘုရားကြီးကျောင်းတိုက်အနီးတွင် ယနေ့(သြဂုတ် ၂)နံနက် ၉ နာရီခန့်ကပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီးနောက် ပတ်ခတ်သံများကြားရကြောင်းဒေသခံများကပြောသည်။

ထောက်ကြံ့မြို့၊ ရွှေနံ့သာရပ်ကွက်မှစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဝင်းနိုင်ထွန်းနှင့်ဇနီး ဟေမာလွင်တို့နှစ်ဦးသည် ပုလဲမြို့သစ်၊ သဃ်န်းကျွန်းကြီးဘက်သွားစဥ် ၎င်းတို့ယာဥ်ရှေ့နားတွင် ပေါက်ကွဲမှုဖြစ်၍ကားရပ်လိုက်သည်တွင် လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူးဝင်းနိုင်ထွန်းနှင့်ဇနီးမှာ ယာဥ်ပေါ်မှာပင်သေဆုံးသွားပြီးအခင်းဖြစ်နေရာသို့စစ်ကောင်စီတပ်များရောက်ရှိလာကာစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းဒေသခံများကပြောသည်။

အထက်ပါ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလင်မယားအား ပစ်ခတ်ရှင်းလင်းမှုနှင့်ပတ်သက်ပြီးသြဂုတ် ၂ ရက် ညပိုင်းအချိန်အထိမည်သည့်အဖွဲ့အစည်းကလုပ်ဆောင်သည်ဆိုခြင်းကို သက်ဆိုင်ရာအဖွဲ့အစည်းများက အသိပေးထုတ်ပြန်ခြင်းမရှိသေးပေ။

ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးကမူ “ထောက်ကြံအုပ်ချုပ်ရေးမှူးနဲ့ သူ့မယား ဒွမ်တော့၊ နှစ်ဒွမ်”ဟု ၎င်း၏လူမှုကွန်ရက်တွင်ရေးသားထားသည်ကို တွေ့ရသည်။

ဒေသခံများ၏ ပြောဆိုမှုအရ အုပ်ချုပ်ရေးမှူးဝင်နိုင်ထွန်းသည် နွေဦးတော်လှန်ရေးနှင့် ဆက်စပ်သူများအား ဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်သူဖြစ်ပြီး ဒေသခံပြည်သူများအပေါ်တွင်နိုင်ထက်စီးနင်းပြုမှုတတ်သူဖြစ်ကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြီးခဲ့သည့် ဇူလိုင်၃၀ ရက်ကလည်း တောင်သာမြို့နေ စစ်ကောင်စီသတင်းပေး ပေါက်စီဆိုသူအား PDF(တောင်သာ)အဖွဲ့က ဆိုင်ကယ်ဖြင့် လိုက်လံပစ်ခတ်ရာ ဘယ်ဘက်လက်ပြင် သေနတ်တစ်ချက်ထိမှန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ သေးသည်။

သတင်း

ယမန်နေ့ (ဩဂုတ်၁)ကလည်း တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် အကျအဆုံး များစွာဖြင့် ဆုတ်ခွာခဲ့ရကြောင်း၊ စစ်ကောင်စီတပ်များ၏ သေဆုံး၊ ထိခိုက်စာရင်းအား အတိအကျ အတည်ပြုနိုင်ရန် စိစစ်ဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်း

ယနေ့ (ဩဂုတ် ၂ရက် )မနက်ပိုင်းကစစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ် ပူးပေါင်းထိုင်ထားသည့် စခန်းကို KIAက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းဌာန အချို့က ဖော်ပြသည်။

သတင်း

ရေဖြူမြို့နယ်ရှိ အထက်ပါတိုက်ခိုက်မှုများကို DGRF ၊ လောင်းလုံ(ပကဖ)LLPDF ၊ T-PDF စသည့်မဟာ မိတ်တပ်များမှ အချိတ်အဆက်မိမိ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။