Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မလေးရှားတွင် မြန်မာကလေးငယ်သုံးဦးနှင့် ဖခင်ဖြစ်သူ အဝေးပြေးလမ်းမပေါ်မှ ခုန်ချကာအဆုံးစီရင်၍ သုံးဦး​သေ၊ က​လေးတစ်ဦး ဒဏ်ရာရ

ယောက်ျားလေးတစ်ဦးနှင့် (၈) နှစ်အရွယ် မိန်းကလေးတို့သည် ကုလသမဂ္ဂဒုက္ခသည်ကတ် (UNHCR Card)ကိုင်ဆောင်ထားသည်ကို တွေ့ရသည်။

ဓာတ်ပုံ - Metro
ဓာတ်ပုံ - Metro

ကလေးငယ်နှစ်ဦးအပါအဝင် မြန်မာနိုင်ငံသား သုံးဦးသည် ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြောက်ပိုင်း Kepong ၌ အဝေးပြေးလမ်းမပေါ်မှ ခုန်ချကာ အဆုံးစီရင်ခဲ့သည်။

ဖြစ်စဉ်မှာ ယောက်ျားလေးနှစ်ဦးနှင့် (၈) နှစ်အရွယ်မိန်းကလေးတစ်ဦးတို့ကို ဖခင်ဖြစ်သူဟု ယုံကြည်ရသော အမျိုးသားတစ်ဦးက MRR2 အဝေးပြေး လမ်းမပေါ်မှ တွန်းချပြီးနောက် ၎င်းကိုယ်တိုင်လည်း ခုန်ချကာ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။

“အဝေးပြေးလမ်းမကနေ မြေပြင်အထိ အမြင့်က မီတာ ၂၀ လောက်ရှိတယ်” ဟု အသက် (၃၆) နှစ် အရွယ် မျက်မြင်သက်သေက ဆိုသည်။

အထက်ပါလေးဦးအနက် ၃ ဦးမှာ အခင်းဖြစ်ပွားရာ၌ သေဆုံးခဲ့ပြီး ကလေးငယ် ယောက်ျားလေး တစ်ဦးမှာ အသက်ရှင်ကာ Selayang ဆေးရုံရှိ ICU ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ယောက်ျားလေးတစ်ဦးနှင့် (၈) နှစ်အရွယ် မိန်းကလေးတို့သည် ကုလသမဂ္ဂဒုက္ခသည်ကတ် (UNHCR Card)ကိုင်ဆောင်ထားသည်ကို တွေ့ရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က လူသတ်မှုအဖြစ် သတ်မှတ်ကာ ဆက်လက်စုံစမ်းဖော် ထုတ်နေသည်။

ကိုးကား – The Star

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကျေးရွာကျန်းမာရေးဆေးခန်းကိုလည်း ယမန်နေ့က လေယာဥ်နှင့်ပစ်ခတ်ပြီး ယနေ့မီးရှို့ သွားကြောင်း၊ ဒေသခံတို့၏ ကားနှင့်ဆိုင်ကယ်များကိုလည်း သေနတ်များဖြင့် ပစ်ခတ်ဖျက်ဆီး သွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်လေယာဥ်များသည်ယနေ့မွန်းလွဲပိုင်းက နယ်မြေချင်းဆက်စပ်နေသည့် မြောင်နယ်ပေါ်ကိုလည်း သုံးခေါက်ခန့်ပတ်မောင်းနေကြောင်း ဒေသခံတို့က ပြောသည်။

သတင်း

ယမန်နေ့တွင်ပြုလုပ်သော ကျဆုံးသူရဲကောင်းလေးဦးနှင့် မြန်မာ့တော်လှန်ရေးကို ဂုဏ်ပြုအား ပေးထောက်ခံပွဲ၌ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က တိုက်တွန်းပြော ကြားခဲ့ခြင်းဖြစ်သည်။

သတင်း

အာဆီယံနိူင်ငံတစ်နိုင်ငံမှ နိူင်ငံခြား​ရေးဝန်ကြီးကိုယ်တိုင်မြန်မာ့ဒီမိုက​ရေစီအ​ရေးအတွက် ပြုလုပ်​သောအခမ်းအနားသို့တက်​ရောက်ခြင်းမှာ သံတမန်​​လောကတွင်ထူးခြား​သောဖြစ်ရပ်ဖြစ်ပြီး မ​လေးရှားနိူင်ငံခြား​ရေးဝန်ကြီး၏ မြန်မာပြည်သူများအ​ပေါ် အ​လေးထားမှုမှာချီးကျူး အသိအမှတ်ပြုစရာဖြစ်​ကြောင်းသံတမန်တစ်ဦးက​ပြောသည်။