Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝိုင်းမော်မြို့နယ်အင်ဝမ်းယန်စစ်ကောင်စီလက်အောက်ခံ တပ်စခန်းတစ်ခုကို KIAသိမ်းပိုက်

ယနေ့ (ဩဂုတ် ၂ရက် )မနက်ပိုင်းကစစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ် ပူးပေါင်းထိုင်ထားသည့် စခန်းကို KIAက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းဌာန အချို့က ဖော်ပြသည်။

ဝိုင်းမော်မြို့နယ်အင်ဝမ်းယန်စစ်ကောင်စီလက်အောက်ခံ တပ်စခန်းတစ်ခုကို KIAသိမ်းပိုက်
ဝိုင်းမော်မြို့နယ်အင်ဝမ်းယန်စစ်ကောင်စီလက်အောက်ခံ တပ်စခန်းတစ်ခုကို KIAသိမ်းပိုက်

● လက်နက်ခဲယမ်းအချို့ရပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ဟုအသိ​ပေး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ အင်ဝမ်းယန် ရန်သူ့တပ်စခန်း တစ်ခုကို တိုက်ခိုက်သိမ်းပိုက် မီးရှို့ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

ယနေ့ (ဩဂုတ် ၂ရက် )မနက်ပိုင်းကစစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ် ပူးပေါင်းထိုင်ထားသည့် စခန်းကို KIAက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းဌာန အချို့က ဖော်ပြသည်။

KIA တပ်မဟာ(၅) တပ်ရင်း(၃)နယ်မြေ ကန်ပိုက်တီ ဒေသရှိ အင်ဝမ်းယန်ရွာအနီး တပ်စခန်းချနေသည့် ရန်သူ့စခန်းကို တိုက်ခိုက်ချေမှုန်းနိုင် ခဲ့ကြောင်း KIAက ဖော်ပြရာ၌ ရန်သူများ၏ လက်နက်ခဲယမ်း အချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက အသိပေးခဲ့သည်။

နေ့လည်ပိုင်း၌ ဝိုင်းမော်ရှိ စစ်ကောင်စီ၏ ခလရ(၅၈)မှ အင်အား ၅၀ ခန့်ဖြင့် အင်အားဖြည့်လာ၍ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်ခြေရှိကြောင်းလည်း ဖော်ပြသည်။

တိုက်ပွဲ၌နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကိုKIAသတင်းပြန်ကြားရေးဌာနက ဖော်ပြခဲ့ခြင်းမရှိပေ။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ရက်က စစ်ကောင်စီနှင့် ဦးရွှေမင်း ဦးဆောင်သည့် လီဆူ ပြည်သူ့စစ်တပ်များ ပူးပေါင်း၍ KIA တပ်မဟာ(၅)၊ တပ်ရင်း(၃)နယ်မြေသို့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ပြီးနောက် KIAကပြည်သူ့

စစ်နှင့် စစ်ကောင်စီ ပူးပေါင်းထိုင်ထားသည့် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက် မီးရှို့ခဲ့ခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြီးခဲ့သည့် ဇူလိုင်၃၀ ရက်ကလည်း တောင်သာမြို့နေ စစ်ကောင်စီသတင်းပေး ပေါက်စီဆိုသူအား PDF(တောင်သာ)အဖွဲ့က ဆိုင်ကယ်ဖြင့် လိုက်လံပစ်ခတ်ရာ ဘယ်ဘက်လက်ပြင် သေနတ်တစ်ချက်ထိမှန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ သေးသည်။

သတင်း

ယမန်နေ့ (ဩဂုတ်၁)ကလည်း တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် အကျအဆုံး များစွာဖြင့် ဆုတ်ခွာခဲ့ရကြောင်း၊ စစ်ကောင်စီတပ်များ၏ သေဆုံး၊ ထိခိုက်စာရင်းအား အတိအကျ အတည်ပြုနိုင်ရန် စိစစ်ဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်း

ဒေသခံများ၏ ပြောဆိုမှုအရ အုပ်ချုပ်ရေးမှူးဝင်နိုင်ထွန်းသည် နွေဦးတော်လှန်ရေးနှင့် ဆက်စပ်သူများအား ဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်သူဖြစ်ပြီး ဒေသခံပြည်သူများအပေါ်တွင်နိုင်ထက်စီးနင်းပြုမှုတတ်သူဖြစ်ကြောင်း သိရသည်။

သတင်း

ရေဖြူမြို့နယ်ရှိ အထက်ပါတိုက်ခိုက်မှုများကို DGRF ၊ လောင်းလုံ(ပကဖ)LLPDF ၊ T-PDF စသည့်မဟာ မိတ်တပ်များမှ အချိတ်အဆက်မိမိ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။