Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီ – ဝေါ်လေလမ်းတဝိုက်တွင် နှစ်ရက်ဆက်တိုက်ပွဲ ပြင်းထန်ပြီး စစ်ကောင်စီတပ် အကျအဆုံးများစွာရှိဟု ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

ယမန်နေ့ (ဩဂုတ်၁)ကလည်း တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် အကျအဆုံး များစွာဖြင့် ဆုတ်ခွာခဲ့ရကြောင်း၊ စစ်ကောင်စီတပ်များ၏ သေဆုံး၊ ထိခိုက်စာရင်းအား အတိအကျ အတည်ပြုနိုင်ရန် စိစစ်ဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း
ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

▪️ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ခဲ့

▪️စစ်ကောင်စီတပ် စစ်ကြောင်းများ ဖွဲ့စည်းပုံပျက်ယွင်းသည်အထိ သေဆုံး၊ ဒဏ်ရာရပြီး ထွက်ပြေးခြင်း၊ CDM ပြုလုပ်ခြင်းများရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) ဒူးပလာယာခရိုင် မြဝတီ – ဝေါ်လေ ကားလမ်းမ အနီး သုံးထပ်ကွေ့နှင့် ဆက်စပ်နေရာများအား အကြမ်းဖက်စစ်ကောင်စီမှ စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ယနေ့ နံနက်အစောပိုင်းမှ ညပိုင်းအထိ တိုက်ပွဲပြင်းထန်နေကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၇ရက်မှ စတင်ကာ စစ်ကြောင်းများစွာဖြင့် ကျူးကျော်ရန် နေ့စဉ် ကြိုးစားခဲ့သည့် စစ်ကောင်စီတပ်ကို ကော်ဘရာ စစ်သည်များက တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီတပ်များ မည်သည့်နေရာမျှ မသိမ်းပိုက်နိုင်ဘဲ တပ်ရင်းများ၊ စစ်ကြောင်းများ ဖွဲ့စည်းပုံပျက်ယွင်းသည်အထိ ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ ကျဆုံးခြင်း၊ ထွက်ပြေးခြင်း၊ CDM ပြုလုပ်ခြင်းများ ဖြစ်ပွားလျက်ရှိကြောင်း ကော်ဘရာ စစ်ကြောင်းက အသိပေးသည်။

ယမန်နေ့ (ဩဂုတ်၁)ကလည်း တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် အကျအဆုံး များစွာဖြင့် ဆုတ်ခွာခဲ့ရကြောင်း၊ စစ်ကောင်စီတပ်များ၏ သေဆုံး၊ ထိခိုက်စာရင်းအား အတိအကျ အတည်ပြုနိုင်ရန် စိစစ်ဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ယနေ့တွင်လည်း ညပိုင်း သတင်းထုတ်ပြန်ချိန်အထိ စစ်ကောင်စီ တပ်များနှင့် တိုက်ပွဲဖြစ်ပွား နေကြောင်း၊ ညနေ ၄နာရီ ခန့်တွင် တိုက်ပွဲဖြစ်ပွားရာသို့ စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။ ယနေ့ ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှု များပြားလျက်ရှိပြီး အရေအတွက် အတည်မပြုနိုင်သေးဟု ဆိုသည်။

ယမန်နေ့တိုက်ပွဲ၌ ကော်ဘရာ စစ်သည်များ ထိခိုက်မှုမရှိသော်လည်း ယနေ့ ဩဂုတ် ၂ရက်တိုက်ပွဲ၌ ကော်ဘရာစစ်သည် ၂ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်မှ သေဆုံးခဲ့သူများအနက် ဗိုလ်တစ်ဦး ပါဝင်ကြောင်း၊ဒဏ်ရာရသူများတွင် တပ်ရင်းမှူး တစ်ဦးနှင့် တပ်ကြပ်ကြီး တစ်ဦး ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ပြီးခဲ့သည့် ဇူလိုင်၃၀ ရက်ကလည်း တောင်သာမြို့နေ စစ်ကောင်စီသတင်းပေး ပေါက်စီဆိုသူအား PDF(တောင်သာ)အဖွဲ့က ဆိုင်ကယ်ဖြင့် လိုက်လံပစ်ခတ်ရာ ဘယ်ဘက်လက်ပြင် သေနတ်တစ်ချက်ထိမှန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ သေးသည်။

သတင်း

ဒေသခံများ၏ ပြောဆိုမှုအရ အုပ်ချုပ်ရေးမှူးဝင်နိုင်ထွန်းသည် နွေဦးတော်လှန်ရေးနှင့် ဆက်စပ်သူများအား ဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်သူဖြစ်ပြီး ဒေသခံပြည်သူများအပေါ်တွင်နိုင်ထက်စီးနင်းပြုမှုတတ်သူဖြစ်ကြောင်း သိရသည်။

သတင်း

ယနေ့ (ဩဂုတ် ၂ရက် )မနက်ပိုင်းကစစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ် ပူးပေါင်းထိုင်ထားသည့် စခန်းကို KIAက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းဌာန အချို့က ဖော်ပြသည်။