Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

က​လေး​တောင်ပိုင်းသို့စစ်ကြောင်းထိုးလာသည့်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ၁၀ဦးသေဆုံးဟု PDF(ကလေး)ထုတ်ပြန်

စစ်ကောင်စီတပ်သည် မွန်းလွှဲ ၂နာရီခန့်က သာယာကုန်းရွာမှ အပြစ်မဲ့ပြည်သူ ၁၀ ဦးကို ဖမ်းဆီးသွားပြီး တစ်ဦးကို ပစ်သတ်ခဲ့​ကြောင်္လည်း PDF(ကလေး)ကထုတ်ပြန်သည်။

(က​လေးမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ၊ ဓါတ်ပုံ-PDF(က​လေး))
(က​လေးမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ၊ ဓါတ်ပုံ-PDF(က​လေး))

ကလေးမြို့၊ နည်းပညာတက္ကသိုလ်မှ မြို့တောင်ပိုင်းသို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာစစ်သား၁၀ဦးကျော်သေဆုံးခဲ့ကြောင်းPDF(ကလေး)က ယနေ့ထုတ်ပြန်သည်။

အင်အား ၂၀၀ခန့်ပါသည့် စစ်ကောင်စီတပ်ကို ကလေးမြို့တောင်ပိုင်း၊သာယာကုန်းရွာအနီးတွင်ယနေ့(ဩဂုတ် ၂ ရက်) နံနက် ၆နာရီခွဲမှညနေ ၃နာရီအထိဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လေးဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သား၁၀ဦးကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟုလည်း​ဖော်ပြထားသည်။ ကြ္းဖြတ်အတိုက်ခံရသဖြင့် စစ်ကောင်စီတပ်ကလည်းနည်းပညာတက္ကသိုလ်ထဲမှသာယာကုန်းရွာထဲသို့ လက်နက်ကြီးများ မနားတမ်းရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု PDF(ကလေး)ကအသိ​ပေးသည်။

စစ်ကောင်စီတပ်က သေဆုံးသွားသည့် ရုပ်အလောင်းများနှင့် လူနာများကို နည်းပညာတက္ကသိုလ်ထဲကို ပြန်လည်ဆွဲယူသွားပြီး ကလေးမြို့ထဲသို့ လူနာတင်ယာဉ်ဖြင့် ပြန်လည်သယ်ဆောင်သွားသည်ဟု PDF(ကလေး)ကထုတ်ပြန်သည်။

“ကလေးမြို့နယ်တောင်ပိုင်းတွင် PDF- kalay ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များနဲ့ စကစများ တိုက်ပွဲများပြင်းထန်နေပြီး မွမ်းခါး(မုန့်ဟင်းခါး)များများ ချက်ပြုတ်နေပါတယ်။ ကျွန်တော်တို့ PDF Kalay ရဲဘော်များနဲ့ မဟာမိတ်ရဲဘော်များဘေးကင်းဖို့ အထူးသတိရဆုတောင်းပေးကြပါအုံးခင်ဗျာ။ အလှူရှင်များလိုအပ်နေပါတယ်”ဟု PDF(ကလေး) တပ်ရင်းမှ ရဲဘော်တစ်ဦးက ၎င်း၏ လူမှုကွန်ယက်ပေါ်တွင် ရေးသားထားသည်။

စစ်​ကောင်စီတပ်ကို PDF(ကလေး)၏ တပ်ရင်း ၁၊ ၂၊ ၅၊ ၆ ၊ ပကဖ (ကလေး) ၊ RKDF၊ CNF နှင့် CDF(KKG)တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

စစ်ကောင်စီတပ်သည် မွန်းလွှဲ ၂နာရီခန့်က သာယာကုန်းရွာမှ အပြစ်မဲ့ပြည်သူ ၁၀ ဦးကို ဖမ်းဆီးသွားပြီး တစ်ဦးကို ပစ်သတ်ခဲ့​ကြောင်္လည်း PDF(ကလေး)ကထုတ်ပြန်သည်။

လက်ရှိတွင် တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် ကလေး-ဂန့်ဂေါလမ်းပိုင်းကို မော်တော်ယာဉ်များသွားလာခြင်းမပြုရန်လည်း PDF(ကလေး)ကသတိ​ပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"မင်းတို့လက်နက်တွေဘယ်မှာထားလဲ မင်းတို့အဖွဲ့တွေဘယ်မှာနေလဲ ဘယ်မှာစခန်းချကြလဲ ဘာတွေလုပ်လဲ စွပ်စွဲတာပေါ့။ တွေ့တဲ့လူငယ်မှန်သမျှကို ဖမ်းတဲ့လူဆိုလို့ရှိရင် အဲ့လိုမျိုးပဲ။ ဖမ်းပြီးတော့အဲ့လိုမျိုးမေးကြတာများတယ်" လို့ သူကဆိုပါတယ်။

သတင်း

စစ်ကောင်စီတပ်မှလည်း လက်နက်ကြီး၊လက်နက်ငယ်များဖြင့်အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ့ရဲဘော်များ ထိခိုက်မှုမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

သတင်း

"သတင်းအမှန်ကို ခွေးဘက်တော်သားတွေက ဝိုင်းဝန်း ဖုံးဖိနေလို့ ဘာဆက်ပြောရမှန်း မသိတော့ဘူး။ မသိစေချင်လို့ ဖြစ်မှာပေါ့။ သတင်းအမှန်ကို အမြဲ ကာထားတယ်"ဟု သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄)မှ ရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် ပလက်၀မြို့နယ် ရှင်းလက်၀နှင့် ဆင်အိုး၀ကြား၌ စစ်ကောင်စီတပ်က တပ်စခန်းချရန် ပြင်ဆင်နေကြောင်း သတင်းရသည် ဟုလည်း ဆလိုင်းထက်နီက ပြောကြားသည်။