Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဇူလိုင်လအတွင်း ဖယ်ခုံမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၅၀နှင့်အထက် သေဟုဆို

ဇူလိုင် ၂၁ရက်က ဖယ်ခုံမြို့နယ်၊ လဟယ်ကျေးရွာအနီးရှိ လွယ်မကူးတောင်ပေါ် တွင် တပ်စွဲ ထားသော စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF တပ်ရင်း (၂) ၊KNDF တပ်ရင်း (၃)နှင့်အတူ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ဦး သေဆုံးခဲ့ကြောင်း အသိပေးသည်။

(အမှတ်(၁၀၀၈)တပ်ရင်းမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)
(အမှတ်(၁၀၀၈)တပ်ရင်းမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဖယ်ခုံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်၏ စခန်းကုန်းများအပါအဝင် တပ်စွဲထားသည့် နေရာများသို့ တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သား ၅၀နှင့်အထက်သေဆုံးခဲ့ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း အမှတ်(၁၀၀၈)တပ်ရင်းက ထုတ်ပြန်သည်။

ဇူလိုင် ၄ ရက်ကစ၍ စစ်ကောင်စီ၏တပ်စခန်းများဖြစ်သော ရွှေပြည်အေးနှင့် လွယ်ပတာကုန်း စခန်းများကို ကရင်နီတပ်မတော် (KA)၊ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၃၊တပ်ရင်း (၁၁)၊ဖယ်ခုံ PDF ၊မိုးဗြဲ PDF နှင့် အမှတ် (၁၀၀၈)တပ်ရင်းတို့ ပူးပေါင်း ၍ တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

လွယ်ပတာစခန်းကုန်းကို ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင် လက်နက်ကြီး၊ လက်နက်ငယ် ၂၀ ​ကျော်သိမ်းဆည်းနိုင်ခဲ့ပြီး ဆုတ်ခွာရန် ပြင်ဆင်ချိန်တွင် စခန်းကုန်းနောက်ဘက်မှ စစ်ကောင်စီ၏ သာလွန်အင်အားစစ်ကူ ၂၀၀ခန့်မှာ ရောက်ရှိလာပြီး လက်နက်ကြီး၊ ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထိုဖြစ်စဥ်ကြောင့် တပ်ပေါင်းစုအထိနာခဲ့ပြီး သိမ်းဆည်းရမိသော စခန်းကုန်းနှင့် လက်နက်များကို စွန့်လွှတ်ခဲ့ရကြောင်း အမှတ်(၁၀၀၈)တပ်ရင်းက ပြောသည်။

ထို့အတူ ပြန်လည်ဆုတ်ခွာချိန်တွင် KA၊KNDFနှင့် မိုးဗြဲ PDF မှ ရဲဘော် ၁၁ဦး ကျဆုံးခဲ့ရသည်။

ဇူလိုင် ၂၁ရက်က ဖယ်ခုံမြို့နယ်၊ လဟယ်ကျေးရွာအနီးရှိ လွယ်မကူးတောင်ပေါ် တွင် တပ်စွဲ ထားသော စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF တပ်ရင်း (၂) ၊KNDF တပ်ရင်း (၃)နှင့်အတူ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ဦး သေဆုံးခဲ့ကြောင်း အသိပေးသည်။

ဇူလိုင် ၂၄ ရက် နှင့် ၂၅ ရက်တို့တွင်လည်း ဆောင်နန်းခဲကျေးရွာ အရှေ့တောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF တပ်ရင်း (၂) ၊KNDFတပ်ရင်း (၃)နှင့်အတူပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုတိုက်ပွဲမှာ ၁နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရရှိသူ ရှစ်ဦးရှိခဲ့ကာ စစ်ကောင်စီ၏ ဖယ်ခုံမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ – ၇ က လက်နက်ကြီး ပစ်ကူပေးသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရှင်းလင်းခံရသည့် တပ်ကြပ်ကြီး သန်းထွန်းမောင်သည် ကိုယ်ပိုင်အမှတ် တ/၁၈၇၃၃၁ ပဲခူးတိုင်း ရွှေကျင်မြို့ ဒုံဇရစ်အခြေစိုက် ခမရ (၅၈၉)တပ်ရင်းတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူဟု ဆိုသည်။

သတင်း

"ရွာပြန်ရင် ဘယ်လိုအကြမ်းဖက်မလဲ မသိနိုင်ဘူး။ ဒါကြောင့် မပြန်ရဲကြဘူး။ အခုကျ ပြန်လာရမယ်တဲ့ မလာရင် ဒီထက်ဆိုးမယ်လို့ ပြောတယ်"ဟု မြို့ပေါ်တွင် လာရောက်တိမ်းရှောင် နေသော အရှေ့ဘုန်းကံရွာဒေသခံတစ်ဦးက ပြောသည်။

သတင်း

အထက်ပါတိုက်ခိုက်မှုများအား ချောင်းဦး ပ.က.ဖ ကဦးဆောင်ပြုလုပ်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်းအသိ​ပေးထားသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်က လေးရက်အတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်ညီအစ်ကို နှစ်ဦးအပါအဝင် လေးဦးကို ဖမ်းဆီးသတ်ဖြတ်ထားသည်။