Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူမြို့နယ် အရှေ့ဘုန်းကံရွာဒေသခံများ ငါးရက်အတွင်း ပြန်မလာပါက အခြေအနေပိုးဆိုးမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

“ရွာပြန်ရင် ဘယ်လိုအကြမ်းဖက်မလဲ မသိနိုင်ဘူး။ ဒါကြောင့် မပြန်ရဲကြဘူး။ အခုကျ ပြန်လာရမယ်တဲ့ မလာရင် ဒီထက်ဆိုးမယ်လို့ ပြောတယ်”ဟု မြို့ပေါ်တွင် လာရောက်တိမ်းရှောင် နေသော အရှေ့ဘုန်းကံရွာဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီရန်ကိုကြောက်၍ နေရပ်စွန့်ခွာထွက်ပြေးနေကြသော ပခုက္ကူမြို့ အရှေ့ဘုန်းကံရွာ ဒေသခံများ ငါးရက်အတွင်း ပြန်လာရန်နှင့် ပြန်မလာပါက အခြေအနေပိုးဆိုး သွားမည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်နေသည်ကြောင်း သတင်းရရှိသည်။

“ရွာပြန်ရင် ဘယ်လိုအကြမ်းဖက်မလဲ မသိနိုင်ဘူး။ ဒါကြောင့် မပြန်ရဲကြဘူး။ အခုကျ ပြန်လာရမယ်တဲ့ မလာရင် ဒီထက်ဆိုးမယ်လို့ ပြောတယ်”ဟု မြို့ပေါ်တွင် လာရောက်တိမ်းရှောင် နေသော အရှေ့ဘုန်းကံရွာဒေသခံတစ်ဦးက ပြောသည်။

အရှေ့ဘုန်းကံရွာတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များရှိသည်ဟုဆိုကာ စစ်ကောင်စီက လွန်ခဲ့သည့်လအနည်းငယ်မှစ၍ တပ်စွဲထားခဲ့ခြင်း ဖြစ်သည်။ ဒေသခံအချို့မှာ ယင်းအချိန်ကတည်း က နေရပ်စွန့်ခွာခဲ့ကြသည်။ အရှေ့ဘုန်းကံရွာမှ စစ်ကြောင်းကို ပခုက္ကူအခြေစိုက်ပြည်သူ့ကာကွယ် ရေး မဟာမိတ်များက ဇူလိုင် ၂၈ရက်တွင် တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီးနောက် စစ်ကောင်စီက နည်းမျိုးစုံခြိမ်း​ခြောက်နေသောကြောင့် ဒေသခံများအားလုံး နေရပ်စွန့်ခွာခဲ့ ကြခြင်းဟု အရှေ့ဘုန်းကံရွာသားတစ်ဦးက ပြောသည်။

နေရပ်စွန့်ခွာသွားသည့် ဒေသခံများ ငါးရက်အတွင်းပြန်လာရန် စစ်ကောင်စီက ယမန်နေ့(သြဂုတ် ၂ရက်)မှစတင်ကာသတိပေးခြင်းဟု တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရှင်းလင်းခံရသည့် တပ်ကြပ်ကြီး သန်းထွန်းမောင်သည် ကိုယ်ပိုင်အမှတ် တ/၁၈၇၃၃၁ ပဲခူးတိုင်း ရွှေကျင်မြို့ ဒုံဇရစ်အခြေစိုက် ခမရ (၅၈၉)တပ်ရင်းတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူဟု ဆိုသည်။

သတင်း

ဇူလိုင် ၂၁ရက်က ဖယ်ခုံမြို့နယ်၊ လဟယ်ကျေးရွာအနီးရှိ လွယ်မကူးတောင်ပေါ် တွင် တပ်စွဲ ထားသော စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF တပ်ရင်း (၂) ၊KNDF တပ်ရင်း (၃)နှင့်အတူ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ဦး သေဆုံးခဲ့ကြောင်း အသိပေးသည်။

သတင်း

အထက်ပါတိုက်ခိုက်မှုများအား ချောင်းဦး ပ.က.ဖ ကဦးဆောင်ပြုလုပ်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်းအသိ​ပေးထားသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်က လေးရက်အတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်ညီအစ်ကို နှစ်ဦးအပါအဝင် လေးဦးကို ဖမ်းဆီးသတ်ဖြတ်ထားသည်။