Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နယူးယောက်မြို့ ကုလရုံးချုပ်ရှေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား နိုင်ငံတကာက အရေးယူပေးရေး တောင်းဆိုဆန္ဒပြ

အဆိုပါ ဆန္ဒပြပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ကာ ပါဝင်အင်အားဖြည့် ဆန္ဒပြခဲ့သည်။

ဓာတ်ပုံ - NYCBC
ဓာတ်ပုံ - NYCBC

ဒီမိုကရေစီအရေးလှုပ်ရှားသူ လေးဦးကို သေဒဏ်ပေး သတ်ဖြတ်မှု အပြီး အမျိုးသမီး (၉)ဦး အပါအဝင် နွေဦးတော်လှန်ရေးလှုပ်ရှားသူ ပြည်သူ ၁၀၀ ကျော်အား သေဒဏ်စီရင်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်ကို နိုင်ငံတကာမှ အရေးယူဆောင်ရွက်ရေး အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်ရှေ့တွင် NYCBC မှဦးဆောင်၍ ပြည်ပရောက်မြန်မာများက ယမန်နေ့ (သြဂုတ် ၂) ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် တောင်းဆိုဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ကာ ပါဝင်အင်အားဖြည့် ဆန္ဒပြခဲ့သည်။

ဆန္ဒပြပြည်သူများက “တရားတဲ့သူသာ နိုင်ကြေးဟေ့” စာသားနှင့် စစ်ကောင်စီ၏ မတရားသဖြင့် သေဒဏ်ပေးစီရင်ခံရသည့် ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ ရုပ်ပုံများ ကိုင်ဆောင်၍ အကြမ်းဖက် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကြွေးကြော်လဆန္ဒပြခဲ့သည်။

မြန်မာပြည်တွင်း၌ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက် စစ်ကောင်စီ တပ်၏ တရားမဝင် သေဒဏ်ချမှတ်ခံထားရသူများမှာ မမြင့်မြင့်အေး၊ မမိုးမိုးမြင့်အောင်၊ မဇင်မာထွန်း၊ မလှလှနိုင်၊ မဆောင်းလေပြေ၊ မခင်ဝင့်ကျော်မောင်၊ မစုဝေနှင်း၊ မစုမြတ်သွယ်၊ မချိုချို တို့အမျိုးသမီး (၉) ဦးအပါအဝင် နွေဦးတော်လှန်ရေးလှုပ်ရှားသူ ပြည်သူ ၁၀၀ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။

ထို့ကြောင့် အာဏာသိမ်းစစ်ကောင်စီ၏ ယုတ်ညံ့သည့် လုပ်ရပ်များအား အရေးယူကာ မြန်မာပြည်သူများ​၏ အသက်ကို အလျှင်အမြန် ကာကွယ်စောင့် ရှောက်ရန် နယူးယောက်မြို့ရှိ ကုလရုံးချုပ်ရှေ့တွင် ပြည်ပရောက် မြန်မာများ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကုလသမဂ္ဂနှင့် နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ရာဇဝတ်မှုများကို မျက်ကွယ်ပြုခြင်းသည် ရာဇဝတ်မှုများဆက်လက်ကျူးလွန်ရန် အားပေးရာရောက်သည်ဟု NUG က မှတ်ယူကြောင်း ဖော်ပြသည်။

သတင်း

ကုလလုံခြုံရေးကောင်စီဆိုရင်လည်း မြန်မာနိုင်ငံအတွက် အဆိုပြုချက်တစ်ခုကိုပင် ဆွေးနွေးဆုံးဖြတ်နိုင်ခြင်းမရှိသေးဘူးလို့ SAC-M က ပြောပါသေးတယ်။

သတင်း

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ တောင်မြောက်လမ်းဆုံ ရဲစခန်းအနီး၌ လမ်းများပိတ်ဆို့၍ မော်တော်ပီကယ်များဖြင့် သွားလာနေသည့်ယာဥ်များကို စစ်ဆေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

ည ၇ နာရီခွဲအချိန်ခန့်တွင် လမ်းကိုဖြတ်သန်းခွင့်ပြန်ပေးခဲ့သည်။ အထက်ပါ ဖြစ်စဉ်၌ ဖမ်းဆီးခံရသူ များရှိသည်ဟု ပြောဆိုမှုများရှိသော်လည်း လူထုနွေဦးအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။