Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းအား ၄ ရက်တိတိသွားလာခြင်းမပြုရန် နတ်တောင်နဂါး (ပ .က.ဖ)သတိပေး

ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း ယာယီပိတ်ရခြင်းနှင့်ပတ်သက်၍ နတ်တောင်နဂါး(ပ.က.ဖ) ပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းအား ၄ ရက်တိတိသွားလာခြင်းမပြုရန် နတ်တောင်နဂါး (ပ .က.ဖ)သတိပေး
ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းအား ၄ ရက်တိတိသွားလာခြင်းမပြုရန် နတ်တောင်နဂါး (ပ .က.ဖ)သတိပေး

စစ်ကိုင်းတိုင်း၊ ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းအားသြဂုတ်လ၅ ရက်နေ့မှစ၍ ၈ ရက်နေ့အထိ လေးရက်ကြာ ဖြတ်သန်းခွင့်ယာယီပိတ်ထားမည်ဖြစ်ကြောင်း ဒေသတွင်း နတ်တောင်နဂါး (ပ က ဖ) ပြောက်ကျားတပ်ဖွဲ့ကသတိပေးကြေညာသည်။

သြဂုတ်လ ၅ ရက်နေ့ နံနက် ၆ နာရီမှ ၈ ရက်နေ့ နံနက် ၆ နာရီအထိ ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းအား သွားလာအသုံးပြုခြင်း လုံးဝ မပြုလုပ်ရန် နတ်တောင်နဂါး (ပ က ဖ) ပြောက်ကျားတပ်ဖွဲ့က ယနေ့သြဂုတ်လ၃ရက်နေ့တွင် အသိပေးသည်။

သတိပေးထုတ်ပြန်ချက်ကို ပြည်သူများ လိုက်နာဆောင်ရွက်ပေးကြရန် နတ်တောင်နဂါး (ပ က ဖ) ပြောက်ကျားတပ်ဖွဲ့က အထူးမေတ္တာရပ်ခံသည်။

Public Service Announcement
Public Service Announcement

ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း ယာယီပိတ်ရခြင်းနှင့်ပတ်သက်၍ နတ်တောင်နဂါး(ပ.က.ဖ) ပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ရွှေဘို-ကျောက်မြောင်းလမ်းသည် ရွှေဘိုမြို့မှ အရှေ့ဘက် ရွှေဘိုခရိုင်အရှေ့ခြမ်း စစ်ကိုင်းတိုင်းနယ်ဆုံးရာ ကျောက်မြောင်းသို့ ဆက်သွယ်ထားသည်။

သြဂုတ်လ၁ရက်နေ့က ရွှေဘိုခရိုင်၊ ကျောက်မြောင်းအနီး ၊ဧရာဝတီမြစ်ဘေးရှိမခေါက်ရွာတွင်တပ်စွဲထားသော အကြမ်းဖက်စစ်တပ်နှင့် ပျူအင်အား ၅၀ခန့်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကြောင်း နတ်တောင်နဂါး(ပကဖ) ပြောက်ကျားတပ်ဖွဲ့​က သတင်းထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အရာတော်နယ်သည် အကြမ်းဖက်စစ်တပ်၏ အင်တာနက်ဖြတ်တောက်ခံထားရပြီး သတင်းအမှောင်ချခံထားရဆဲ ဖြစ်သောကြောင့် ပြည်သူအချင်းချင်း သတင်းပေးပို့ ကူညီကြပါရန်လည်း အကူအညီတောင်းခံထားသည်။

သတင်း

လက်ရှိတွင်လည်း အရာတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ ပြုလုပ်နေ၍ မြို့နယ်တွင်း မလိုအပ်ပဲ ခရီးသွားလာခြင်း မပြုလုပ်ကြရန် အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတိပေးထားသည်။

သတင်း

မုံရွာမြို့တွင် သြဂုတ် ၃ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အနက်ရောင် စစ်ဆင်ရေး အရှိန်တိုး​မြင့်မည်ဖြစ်ပါသဖြင့် ​အပြင်မထွက်ရန် ပြည်သူများအား မြို့ပြပြောက်ကျား ၁၄ဖွဲ့က မေတ္တာရပ်ခံထားသည်။

သတင်း

သတိပေးချက်ကို မလိုက်နာဘဲ ဆက်လက်လုပ်ဆောင်နေပါက စစ်ကောင်စီ ဘက်တော်သားများ အဖြစ် သတ်မှတ်၍ အချိန်နေရာမရွေး တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထီးလင်း YDFက ထုတ်ပြန်သည်။