Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော် – ထီးဆောင်း – မြင်းမူလမ်းပိုင်းအား ပြည်သူများ လုံးဝအသုံးမပြုကြရန် အရာတော်ပကဖ သတိပေး

အရာတော်နယ်သည် အကြမ်းဖက်စစ်တပ်၏ အင်တာနက်ဖြတ်တောက်ခံထားရပြီး သတင်းအမှောင်ချခံထားရဆဲ ဖြစ်သောကြောင့် ပြည်သူအချင်းချင်း သတင်းပေးပို့ ကူညီကြပါရန်လည်း အကူအညီတောင်းခံထားသည်။

အရာတော် - ထီးဆောင်း - မြင်းမူလမ်းပိုင်းအား ပြည်သူများ လုံးဝအသုံးမပြုကြရန် အရာတော်ပကဖ သတိပေး
အရာတော် - ထီးဆောင်း - မြင်းမူလမ်းပိုင်းအား ပြည်သူများ လုံးဝအသုံးမပြုကြရန် အရာတော်ပကဖ သတိပေး

အရာတော် – ထီးဆောင်း – မြင်းမူ လမ်းပိုင်းအား ပြည်သူများ လုံးဝ အသုံးမပြုကြရန် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(သြဂုတ် ၃)ရက်ာနေပိုင်းတွင် သတိပေးချက်ထုတ်ပြန်လိုက်သည်။

အဆိုပါလမ်းပိုင်းအား ကြေညာချက်ထပ်မံ မထုတ်ပြန်မချင်း လုံးဝ အသုံးမပြုကြရန် သတိပေးထား​ပြီး လက်ရှိတွင် အရာတော်မြို့နယ် တောင်ခြမ်းသို့ စစ်ကြောင်းသုံးကြောင်းဖြင့် ကျေးရွားများသို့ ဝင်ရောက်နေကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်စစ်ကြောင်းများသည် ဇီးပင်လယ် ရွာတွင် စစ်ကြောင်းတစ်ကြောင်း၊ ညောင်ပင်ရွာတွင် စစ် ကြောင်းတစ်ကြောင်းနှင့် ရသာရွာတွင် စစ်ကြောင်းတစ်ကြောင်းဖြင့် စုစုပေါင်း စစ်ကြောင်းသုံးခုဖြင့် စစ်ရေးလှုပ်ရှားလျှက်ရှိသည်ဟု ဆိုသည်။

“အဓိကကတော့ ပြည်သူတွေဘေးအန္တရာယ်ကင်းရှင်းအောင်လို့ သတိပေးတားမြစ်ရတာပါ ခင်ဗျ။ အခုလက်ရှိ အရာတော်တောင်ခြမ်းမှာက စစ်ကြောင်းသုံးကြောင်း ရောက်နေတယ်။ ပြီးတော့ မနေ့ကဆိုလို့ရှိ မြင်းမူကနေ အရာတော်လာတဲ့ စစ်ကြောင်းဟာဆိုရင် ဓားစာခံ ၁၄ ရောက်ဖမ်းလာတယ်။ အဲဒီ ၁၄ ယောက်ကို ဒီကောင်တွေက စစ်ဝတ်စုံတွေဝတ်ခိုင်းပြီးတော့ လူသားဒိုင်းအဖြစ်သာမက သူတို့ရဲ့ ဝန်ဆီဆလည်တွေပါ ထမ်းခိုင်းတယ်။ အဲလိုဖြစ်စဥ်တွေရှိတော့ ပြည်သူတွေ ဓားစာခံဖမ်းဆီးမခံရအောင်ရယ်၊ ဘေးအန္တရာယ်ကင်းအောင်ရယ် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်”ဟု အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ဘေးရှောင်မည့် ပြည်သူများအနေဖြင့်လည်း ဒေသခံတော်လှန်ရေးအဖွဲ့များဖြင့် ချိတ်ဆက်ပြီးမှသာ စစ်ဘေးအန္တရယ် ရှောင်ရှားကြရန် အရာတော် (ပကဖ)က သတိပေးသည်။

အရာတော်နယ်သည် အကြမ်းဖက်စစ်တပ်၏ အင်တာနက်ဖြတ်တောက်ခံထားရပြီး သတင်းအမှောင်ချခံထားရဆဲ ဖြစ်သောကြောင့် ပြည်သူအချင်းချင်း သတင်းပေးပို့ ကူညီကြပါရန်လည်း အကူအညီတောင်းခံထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း ယာယီပိတ်ရခြင်းနှင့်ပတ်သက်၍ နတ်တောင်နဂါး(ပ.က.ဖ) ပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

သတင်း

မုံရွာမြို့တွင် သြဂုတ် ၃ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အနက်ရောင် စစ်ဆင်ရေး အရှိန်တိုး​မြင့်မည်ဖြစ်ပါသဖြင့် ​အပြင်မထွက်ရန် ပြည်သူများအား မြို့ပြပြောက်ကျား ၁၄ဖွဲ့က မေတ္တာရပ်ခံထားသည်။

သတင်း

ကျေးရွာကျန်းမာရေးဆေးခန်းကိုလည်း ယမန်နေ့က လေယာဥ်နှင့်ပစ်ခတ်ပြီး ယနေ့မီးရှို့ သွားကြောင်း၊ ဒေသခံတို့၏ ကားနှင့်ဆိုင်ကယ်များကိုလည်း သေနတ်များဖြင့် ပစ်ခတ်ဖျက်ဆီး သွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သတိပေးချက်ကို မလိုက်နာဘဲ ဆက်လက်လုပ်ဆောင်နေပါက စစ်ကောင်စီ ဘက်တော်သားများ အဖြစ် သတ်မှတ်၍ အချိန်နေရာမရွေး တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထီးလင်း YDFက ထုတ်ပြန်သည်။