Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရခိုင်တပ် ALP ဒုဗိုလ်မှူးကြီးတစ်ဦးကို AAဖမ်းဆီး၊ ဖမ်းဆီးထားသည့် ပါတီဝင်ရဲဘော်များ ပြန်လွှတ်ပေးရန် ALP တောင်းဆို

ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းအား ဩဂုတ် ၂ရက် ညနေပိုင်းတွင် AA က နေအိမ်သို့ဝင်ရောက်ဖမ်းဆီး ခဲ့ပြီး ၎င်းနှင့်အတူ ကျောင်းသားတစ်ဦးကိုပါ ဖမ်းဆီးသွားကြောင်း ALPက ထုတ်ပြန်သည်။

ရခိုင်ပြည်မြောက်ရေးပါတီ(ALP/ALA)
ရခိုင်ပြည်မြောက်ရေးပါတီ(ALP/ALA)

ရခိုင်ပြည်မြောက်ရေးပါတီ(ALP/ALA)မှ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားကြောင်း ALPက ထုတ်ပြန်သည်။

ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းအား ဩဂုတ် ၂ရက် ညနေပိုင်းတွင် AA က နေအိမ်သို့ဝင်ရောက်ဖမ်းဆီး ခဲ့ပြီး ၎င်းနှင့်အတူ ကျောင်းသားတစ်ဦးကိုပါ ဖမ်းဆီးသွားကြောင်း ALPက ထုတ်ပြန်သည်။

ယင်းဖြစ်ရပ်သည် ရခိုင်စည်းလုံးညီညွတ်ရေးကိုထိပါးစေပြီး ရခိုင့်တော်လှန်ရေး အဖွဲ့အချင်းချင်း ကြားတွင်လုံး၀ မဖြစ်သင့်သည့် ဖြစ်ရပ်ဖြစ်ကြောင်း၊ AA အနေဖြင့် ယခင်ကလည်း ALP ခေါင်းဆောင်တချို့နှင့် ရဲဘော်များကို ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ဖော်ပြထား သည်။

ယခု ဖြစ်ရပ်သည် တိုင်းရင်းသားမဟာမိတ် အသိုင်းအဝိုင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ရခိုင်လူမျိုး၏ ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်းနှင့် အမျိုးသားညီညွတ်ရေးကို ပျက်ပြားစေမည့် မလိုလားအပ်သည့် လုပ်ဆောင်ချက်များကို ရှောင်လွှဲကြရန် ALPက ထုတ်ပြန်ခဲ့ပြီး ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်း အပါအဝင် AAက ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ဖော်ပြခဲ့သည်။

ALPသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) လက်မှတ် ထိုးထားသည့် အဖွဲ့ဖြစ်ပြီးအာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့်ထိတွေ့ ဆက်ဆံနေသည့် ရခိုင်တပ်ဖွဲ့ ဖြစ်သကဲ့သို့ AAသည်လည်း အာဏာမသိမ်းမီ ၂၀၂၀ ရွေးကောက်ပွဲကာလကတည်းက စစ်ကောင်စီတပ်နှင့် အပစ်အခတ်ရပ်စဲရေးကိုနှုတ်အားဖြင့်ဆောင်ရွက်ထားသည့် ရခိုင်တပ်ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

​မုံရွာအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ (၁၄)ဖွဲ့က ယနေ့(သြဂုတ် ၃ရက်)တွင် နံနက် ၉နာရီမှ ညနေ ၄နာရီအထိ စစ်ဆင်ရေးများပြုလုပ်မည်ဖြစ်၍ ပြည်သူများ အပြင်မထွက်ရန် သတိပေးခဲ့သည်။

သတင်း

ကျေးရွာကျန်းမာရေးဆေးခန်းကိုလည်း ယမန်နေ့က လေယာဥ်နှင့်ပစ်ခတ်ပြီး ယနေ့မီးရှို့ သွားကြောင်း၊ ဒေသခံတို့၏ ကားနှင့်ဆိုင်ကယ်များကိုလည်း သေနတ်များဖြင့် ပစ်ခတ်ဖျက်ဆီး သွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်လေယာဥ်များသည်ယနေ့မွန်းလွဲပိုင်းက နယ်မြေချင်းဆက်စပ်နေသည့် မြောင်နယ်ပေါ်ကိုလည်း သုံးခေါက်ခန့်ပတ်မောင်းနေကြောင်း ဒေသခံတို့က ပြောသည်။

သတင်း

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ တောင်မြောက်လမ်းဆုံ ရဲစခန်းအနီး၌ လမ်းများပိတ်ဆို့၍ မော်တော်ပီကယ်များဖြင့် သွားလာနေသည့်ယာဥ်များကို စစ်ဆေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။