Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူတစ်ဦး ရှင်းလင်းခံရ

ဇူလိုင်၂၉ ရက်ကလည်း မြင်းခြံမြို့နယ် စံပြကျေးရွာတွင် စကစခန့်အုပ်ကြီး၏ သက်တော်စောင့် ပျူတစ်ဦးကို မြင်းခြံခရိုင် တပ်ရင်း (၄) Natogyi People Defence Force မှ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်နက်နှင့်ကျည်အချို့ သိမ်းဆည်းရမိခဲ့သည်။

ရှင်းလင်းခံရသည့် စကစအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးထံမှ သိမ်းဆည်းရမိသော ဗုံးနှင့်ပစ္စည်းအချို့၊ ဓာတ်ပုံ-Myingyan People Defense Force
ရှင်းလင်းခံရသည့် စကစအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးထံမှ သိမ်းဆည်းရမိသော ဗုံးနှင့်ပစ္စည်းအချို့၊ ဓာတ်ပုံ-Myingyan People Defense Force

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးတို့ကို ယမန်နေ့ညက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Myingyan People Defense Force အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ် ၃ရက်) ည၇နာရီခန့်က မြင်းခြံမြို့နယ်ကျောက်ပြုတ်ရွာနှင့် လယ်သစ်ရွာကြား၌ ကျောက်ပြုတ်ရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်နှင့်လယ်သစ်ရွာသား၊ စစ်ကောင်စီသတင်းပေး၊ လက်နက်ကိုင် ပျူစောထီး မောင်နိုင်တို့အား ရင်ဘက်လေးချက်စီ ပစ်ခတ်ကာသုတ်သင်ရှင်းလင်းခဲ့ကြောင်း မြင်းခြံ PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရှင်းလင်းသုတ်သင်ရာတွင် ဗုံးသီးတစ်လုံး၊ ဓားဆူးတစ်ချောင်း၊ လေးခွတစ်လတ် သိမ်းဆည်းရမိခဲ့ကြောင်း မြင်းခြံ PDFက အသိပေးသည်။

ထုတ်ပြန်ချက်မှန်ကန်ကြောင်း မြင်းခြံ PDFက အတည်ပြုပြီး အသေးစိတ်ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးတို့ ပစ်ခတ်ရှင်းလင်းခံရမှုအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဇူလိုင်၂၉ ရက်ကလည်း မြင်းခြံမြို့နယ် စံပြကျေးရွာတွင် စကစခန့်အုပ်ကြီး၏ သက်တော်စောင့် ပျူတစ်ဦးကို မြင်းခြံခရိုင် တပ်ရင်း (၄) Natogyi People Defence Force မှ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်နက်နှင့်ကျည်အချို့ သိမ်းဆည်းရမိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရပ်ကွက်အုပ်ချုပ်ရေးမှူး မျိုးညွန့်အောင်သည်ယနေ့(သြဂုတ် ၄ ရက်)နေ့လည် ၁၂ နာရီခန့်ကပိန္နဲကုန်းရပ်ကွက်၊ ရွာသစ်(၄) လမ်း၌ သေနတ်ဖြင့် လေးချက်ထက်မနည်း ပစ်ခတ်ခံရခြင်းဟု ဆိုသည်။

သတင်း

အသက် ၂၀ အရွယ် ဂျပန်နိုင်ငံသား Tour Kubita သည် အလည်အပတ်ဗီဇာဖြင့် ထိုင်းနိုင်ငံမှတဆင့် မြန် မာနိုင်ငံသို့ ဇူလိုင် ၁ ရက်တွင် ဝင်ရောက်ခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

ဩဂုတ် ၃ ရက် ည ၁၀နာရီခန့်တွင် ရေချိုးနေသည့် သတင်းပေး ရာအိမ်မှူးကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊တပ်ခွဲ - ၄ ၊ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံဒေါင်းလေးအဖွဲ့က သေနတ်ဖြင့် နှစ်ချက် ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

သတင်း

အထက်ပါတိုက်ခိုက်မှုအတွင်း Guerrilla fare - KPK နှင့် မဟာမိတ်တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။