Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးနယ် တင်းတိမ်ရံရွာ အိမ်ပေါင်း ၃၀၀ကျော်နှင့် ဆိုင်ခန်း ၂၅၀ကျော် မီးရှို့ဖျက်ဆီးခံရ

​တင်းတိမ်ရံရွာစျေးသည် အနီးဝန်းကျင် ရွာပေါင်း ၄၅ရွာမှ မှီခိုအားထားရသော စျေးဖြစ်၍ ထိုရွာများ စားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

တင်းတိမ်ရံကျေးရွာနှင့်စျေးအား မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - နယ်ခံအဖွဲ့များ
တင်းတိမ်ရံကျေးရွာနှင့်စျေးအား မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - နယ်ခံအဖွဲ့များ

▪️စစ်ကြောင်းထိုးရာလမ်းရှိ ပြည်သူနှစ်ဦးကိုပါ သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ တင်းတိမ်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်၃၀ဝကျော်နှင့် ဆိုင်ခန်း ၂၅၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာအား ဇူလိုင် ၂၉ရက်မှ ၃၁ရက်အထိ သုံးရက်ဆက်တိုက် မီးရှို့ခဲ့ရာ ကျေးရွာဘုန်းကြီးကျောင်းအပါအဝင် နေအိမ်ပေါင်း ၃၁၃လုံး ပျက်စီးခဲ့သည်။

ထို့အပြင် တင်းတိမ်ရံရွာစျေးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ရာ ဈေးဆိုင်ခန်းပေါင်း၂၅၀ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။ ဆန်စက် လေးလုံးနှင့် ဆီစက် ၂ ခုလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် သွားရာလမ်းတစ်လျှောက်ရှိ ဇီးကုန်းဘင်တဲတွင် ဒေသခံပြည်သူ တစ်ဦး၊တင်းတိမ်ရံရွာနှင့် ဒီပဲယင်းမြို့ကြားတွင် ပြည်သူတစ်ဦး စုစုပေါင်းပြည်သူ နှစ်ဦးကိုလည်း သတ်ဖြတ်သွားကြောင်း ရေဦးနယ် PDFအဖွဲ့တစ်ဖွဲ့မှ ဗိုလ်မုတ်ဆိတ်က ပြောသည်။

​တင်းတိမ်ရံရွာစျေးသည် အနီးဝန်းကျင် ရွာပေါင်း ၄၅ရွာမှ မှီခိုအားထားရသော စျေးဖြစ်၍ ထိုရွာများ စားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

ရေဦးမြို့နယ်၊ တင်းတိမ်ရံရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်​ကောင်စီတပ်နှင့် ဒေသတွင်း PDF များ လေးရက် အတွင်း တိုက်ပွဲခြောက်ကြိမ်ဖြစ်ပွားပြီး စစ်ဗိုလ်တစ် ဦးအပါအဝင် ၂၅ဦးခန့် သေဆုံးကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA)က အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ရေဦးမြို့နယ် အနောက်ခြမ်းကျေးရွာများဖြစ်သည့် သံသည်၊ဇဝ၊ နှောကုန်း၊ ကုန်းတန်း၊ ဝက်ဖိုး၊ မြင်းပေါက်၊ တောင်ကုန်း၊ မဲအိုး၊ ဖလံဂုဏ်၊ ကံပေါက်၊ ကုန်းသာ၊ ပေါက်တော၊ မြို့ကြီး၊ ထန်းတော၊ တင်းတိန်ရံ စသည့်ကျေးရွာများကို ဇူလိုင်၂၈ ရက်မှစ၍ ပစ်ခတ်ဝင်ရောက်ကာ မွှေနှောက်ဖျက်ဆီး ခိုးယူမှုများပြုလုပ်ခဲ့သည်။

သြဂုတ်၂ရက်တွင်မူ အဆိုပါ စစ်ကောင်စီတပ် စစ် ကြောင်းသ​ည် ဒီပဲယင်းမြို့တော်ခန်းမအတွင်း ပြန်လည်တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အောင်မြေသာစံမြို့နယ် မြောက်ပြင်ရပ် ၈၆ လမ်းနဲ့ ၈ လမ်းမှာရှိတဲ့နေအိမ်ကို ဝင်စီးကာ လူငယ် ၁၀ ဦးခန့်ဖမ်းဆီးသွားတာလို့ သိရပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် တင်းတိမ်ရံရွာကို ဇူလိုင် ၂၉ရက်နေ့ မွန်းလွဲ ၁ နာရီခန့်ကမီးရှို့ဖျက်ဆီးခဲ့ရာ ဆိုင်ခန်း ၂၀၀၊ အိမ် ၅၀ ဝန်းကျင်ခန့် ဆုံးရှုံးခဲ့ကြောင်း Freedom Revolution Force အဖွဲ့က ထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီတပ်က တင်းတိမ်ရံရွာ ဈေးတန်းရှိ မီးသတ်ရုံးနေရာ၊ New Light လျှပ်စစ်ပစ္စည်း ဆိုင်နေရာနှင့် အင်းပတ်တန်း နေရာများသို့ (၃)နေရာခွဲ၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း Local Fighter Squadအဖွဲ့က ပြောသည်။

သတင်း

ရွာသူ၊ရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဖမ်းဆီးခံရသူများလည်းရှိ ကြောင်း၊ ယနေ့ (ဇူလိုင် ၂၈ ရက်) နံနက်ပိုင်း၌ ဖမ်းဆီးခံထားရသူ ၆၀ခန့်မှ လေးဦးထက်မနည်း သတ်ဖြတ်ခံထားရကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။