Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သစ်ပင်အောက်ထိုင်နားနေသည့် အကြမ်းဖက်စစ်အုပ်စု ဗုံးချတိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးသေဆုံးဟုဆို

ဖြစ်စဥ်နှင့်ပတ်သက်ပြီး MRA အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြု နိုင်ခြင်းမရှိသေးပေ။

မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) ဌာနခွဲ (၃) (Camp-3) Batch-21 သင်တန်းဆင်း အခမ်းအနားအား တွေ့ရစဥ်၊ ဓာတ်ပုံ - MRA
မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) ဌာနခွဲ (၃) (Camp-3) Batch-21 သင်တန်းဆင်း အခမ်းအနားအား တွေ့ရစဥ်၊ ဓာတ်ပုံ - MRA

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် သစ်ပင်အောက်တွင် ထိုင်နေသည့် အကြမ်းဖက် စစ်ကောင်စီအုပ်စုအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ ဗိုလ်တစ်ဦးသေဆုံးကြောင်း Myaung Revolution Armyက ထုတ်ပြန်သည်။

သြဂုတ် ၁ရက်က မြောင်မြို့နယ်တစ်နေရာတွင် သစ်ပင်အောက်၌ အနားယူနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများအား MRA စစ်ကိုင်းခရိုင် တပ်ရင်း(၅)က ဒရုန်းဖြင့် ဗုံးသီးချ၍ တိုက်ခိုက်ခဲ့ သည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့က သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဗိုလ်တစ်ဦး ဒဏ်ရာ ပြင်းထန်​၍ မြင်းမူဆေးရုံပို့လိုက်ရကြောင်း ထိုစစ်ကြောင်းမှ လွတ်မြောက်လာသော ဖမ်းဆီးခံခဲ့ရသည့် ပြည်သူများ၏ ပြောကြားချက် အရသိရသည်ဟု MRA က ဆိုသည်။

အဆိုပါ ဗိုလ်မှာ ထိုညတွင်သေဆုံးသွားသည်ဟု တိကျခိုင်လုံသောသတင်းပေး ထံမှသိရကြောင်း MRA က အသိပေးသည်။

တိုက်ခိုက်မှုဖြစ်ပွားရာ နေရာသို့ သွားရောက်ထောက်လှမ်းခဲ့ရာ သွေးစွန်းအဝတ် များတွေ့ရှိခဲ့ သည်ဟု MRA က ထုတ်ပြန်ထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး MRA အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြု နိုင်ခြင်းမရှိသေးပေ။

Myaung Revolution Army အဖွဲ့သည် သြဂုတ်လ ၂ ရက်နေ့တွင်လည်း မုံရွာ-မန္တလေးလမ်းမ ကြီးပေါ် ဖြတ်သန်းသွားလာခဲ့သည့် (၃၆)စီးပါ စစ်ကောင်စီယာဉ်တန်းကို (၉)ကြိမ် ဆက်တိုက်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား(၃၀) ဦး ထက်မနည်း​ သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

က​လေးမြို့နယ်တွင် သြဂုတ် ၃၊၄ ရက်တိုက်ပွဲများတွင် စစ်​ကောင်စီတပ်မှ ၃၀ ​​ကျော်​သေဆုံးခဲ့ ​ဒေသခံပြည်သူ့ကာကွယ်​ရေးပူး​ပေါင်းတပ်ဖွဲ့ မှ ၃ ဦးကျဆုံးခဲ့သည်။

သတင်း

တိုက်ခိုက်မှုဖြစ်စဥ်အရ သြဂုတ် ၄ရက် နံနက် ၇နာရီခွဲခန့်က အင်မထီးကျေးရွာမှ အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် မင်းတိုင်ပင် ကျေးရွာသို့ ပြည်သူပိုင်အိုး အိမ်များမှ ရိက္ခာများလုယူရန် ထွက်လာခဲ့သည်ဟု ဆိုသည်။

သတင်း

ထိတွေ့တိုက်ပွဲများ ဆက်ရှိနိုင်၍ ပြည်သူများအနေဖြင့် ကျောက်ထု - ထီးလင်းလမ်းပိုင်းအား လုံးဝ(လုံးဝ)အသုံးမပြုကြပါရန် ကျောက်ထု PDFက သတိပေးမေတ္တာရပ်ခံခဲ့သည်။

သတင်း

“စကစ တဲတစ်ခုကို ငါတို့ ပစ်တယ်။ အထဲက တပ်စိပ်ထဲက ခြောက်ဦးတော့ ကြွတယ်။ ဒဏ်ရာရရှိတာတော့ မသိပါ။ ဟားခါးမြို့ ထဲ ဂိတ်ကို ပစ်တာ စကစ ဗိုလ်အဆင့် တစ်နဲ့ ငယ်သား တစ်ကျတယ်”ဟု ဆလိုင်းထက်နီက လတ်တလော တိုက်ပွဲအခြေအနေကို ပြောပြသည်။