Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်တွင် ဧရာဝတီမြစ်ကြောင်းနှင့် ခရိုင်ချင်းဆက်လမ်းအား ညပိုင်း ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းအဖွဲ့ သတိပေး

အလားတူ ဝက်လက်မြို့နယ်ရှိ အမှတ် (၃)ခရိုင်ချင်းဆက်လမ်းအား ည၈နာရီမှ နံနက် ၅ နာရီအတွင်း ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ရန်၊ အရေးပေါ်ကိစ္စမှလွဲ၍ လမ်းအသုံးပြုမှုရပ်ဆိုင်းထားရန် GZ Special Task Force – Wetlet အဖွဲ့က ထပ်မံသတိပေးသည်။

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒေသခံ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကြောင်းနှင့် ခရိုင်ချင်းဆက်လမ်းကို ညပိုင်းအချိန်တွင် အသွားအလာ ခေတ္တရပ်ဆိုင်းထားရန် GZ Special Task Force – Wetlet အဖွဲ့က သြဂုတ် ၅ရက် ညတွင် သတိပေးကြေညာသည်။

ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၊ ပျူနှင့် စစ်ကောင်စီသတင်းပေးများ သွားလာနေသောကြောင့် မြစ်ဘေးရှိ ဒေသခံပြ​ည်သူများအနေဖြင့် စစ်ရေးနားစွင့်ကာ သတိဝိရိယရှိရန်နှင့် ရေကြောင်းအသုံးပြုမှုကို ည၈နာရီမှ နောက်တစ်နေ့နံနက် ၅ နာရီအတွင်း အရေးပေါ်ကိစ္စမှလွဲ၍ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုဘဲ ရပ်ဆိုင်းထားရန် GZ Special Task Force – Wetlet အဖွဲ့က မေတ္တာရပ်ခံသည်။

ယခုကြေညာချက်သည် ထုံးဘို၊ ရှားကွဲ၊ ရေဂမိုး၊ ရွာသစ်၊ လှေပို့ဆိပ်၊ သစ်ဆိမ့်၊ ကူကြီး၊ ရေလမော်၊ ငါးပတ်ချောင်း၊ သရက်ပင်ဆိပ်၊ မှော်ဦး၊ အင်ဒေါင်း၊ ရွာသာ၊ ကမ်းဖြူ၊ ရွာသစ်အထိ အကျုံးဝင်ကြောင်း GZ Special Task Force – Wetlet အဖွဲ့က အသိပေးသည်။

အလားတူ ဝက်လက်မြို့နယ်ရှိ အမှတ် (၃)ခရိုင်ချင်းဆက်လမ်းအား ည၈နာရီမှ နံနက် ၅ နာရီအတွင်း ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ရန်၊ အရေးပေါ်ကိစ္စမှလွဲ၍ လမ်းအသုံးပြုမှုရပ်ဆိုင်းထားရန် GZ Special Task Force – Wetlet အဖွဲ့က ထပ်မံသတိပေးသည်။

ယမန်နေ့(သြဂုတ်လ၅ရက်) နံနက်ပိုင်းက အင်အား ၁၀၀ခန့်ပါသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် မန္တလေးတိုင်း၊ စဥ်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာဘက်မှ မြစ်အနောက်ဘက်ကမ်းသို့ ကူးလာခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိငါးပါတ်ချောင်း၊ကမ်းဖြူ၊အင်ဒေါင်း စသည့်ကျေးရွာများကို လှည့်ပတ်မွှေနှောက်ကာလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်မှုကြောင့် အင်ဒေါင်းကျေးရွာက ပြည်သူ(၃)ဦး လက်နက်ကြီးထိမှန်ခဲ့ကာ မစိုးရိမ်ရကြောင်း ဝက်လက်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဗိုလ်ကျားကြီးက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့ကြောင့် မြို့ပေါ်နေ ပြည်သူများမှ PDF များထံ တိကျသေချာသည့် သတင်းအချက်အလက်များပေးပြီး ကူညီပေးကြရန် PDF-Saw က တိုက်တွန်းသည်။

သတင်း

ခိုဝင်လာသည့် ပျူ၊ဒလန်များအနက် အချို့သည် နာမည်ထွက်ထားပြီးသူများ ဖြစ်၍ သိရှိရသော်လည်းအချို့မှာ တိတဆိတ်လှုပ်ရှားသူများဖြစ်၍ အများပြည်သူများအနေဖြင့် မသိရှိနိုင်ကြောင်း ဖော်ပြသည်။

သတင်း

"ကလေးမြို့တောင်ပိုင်း တိုက်ပွဲပြင်းထန်နေပါသည်။ စကစ ဘက် အကျအရှုံးများပါတယ်။ မိဘပြည်သူများ ကလေးတောင်ပိုင်း သို့ အသွားအလာ မလုပ်ပါရန်မေတ္တာ ရပ်ခံပါတယ်" ဟု CDF - KKGက ထုတ်ပြန်ထားသည်။

သတင်း

ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း ယာယီပိတ်ရခြင်းနှင့်ပတ်သက်၍ နတ်တောင်နဂါး(ပ.က.ဖ) ပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။