Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့နယ်အတွင်းလမ်းပိုင်းသုံးခုကိုည ၈ နာရီမှမနက် ၅ နာရီအတွင်း သွားလာခြင်းမပြုရန်နတ်တောင်နဂါး(ပကဖ)အသိပေး

သတိပေးထုတ်ပြန်ချက်ကို မိဘပြည်သူများမှတသွေမတိမ်း လိုက်နာဆောင်ရွက်ပေးကြပါရန်လည်း နတ်တောင်နဂါတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

(နတ်​​တောင်နဂါး ပကဖ ​ဆပ်ဖွဲ့ဝင်များ)
(နတ်​​တောင်နဂါး ပကဖ ​ဆပ်ဖွဲ့ဝင်များ)

ရွှေဘိုမြို့နယ်အတွင်းရှိ လမ်းပိုင်းသုံးခုကို ည ၈ နာရီမှ မနက် ၅ နာရီအတွင်း ပြည်သူများ သွားလာခြင်းမပြုကြရန် နတ်တောင်နဂါး(ပကဖ)ပြောက်ကျားတပ်ဖွဲ့မှယနေ့(သြဂုတ် ၅)ရက် ညပိုင်းတွင် အသိပေးထုတ်ပြန်သည်။

အဆိုပါလမ်းပိုင်းများမှာ ရွှေဘို့မြို့နယ် တောင်ဘက်ခြမ်းရှိ ရွှေဘို – မန္တလေးလမ်း၊ ဟံလင်း – ဆိုင်နိုင်ကွေ့လမ်းနှင့်ဆိုင်နိုင်ကွေ့. – ကျောက်တိုင်လမ်းပိုင်းများဖြစ်ပြီး ပြည်သူများမှ လုံးဝ(လုံးဝ) အသုံးပြုသွားလာခြင်းမပြုလုပ်ကြရန် အသိပေးကြေညာသည်။

“စကစ စစ်ကြောင်းကကျောက်တိုင်ရွာကနေ့အရှေကိုထွက်ဖို့လုပ်နေတယ်သတင်းရလို့ခုလို့ထုပ်ပြန်တာပါ”ဟု နတ်တောင်နဂါး(ပကဖ)ပြောက်ကျားတပ်ဖွဲ့မှ တော်လှန် ရေးရဲဘော်တစ်ဦးက ပြောသည်။

ဤ သတိပေးထုတ်ပြန်ချက်ကို မိဘပြည်သူများမှတသွေမတိမ်း လိုက်နာဆောင်ရွက်ပေးကြပါရန်လည်း နတ်တောင်နဂါတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

အထက်ပါလမ်းပိုင်းများအား ကန့်သတ်အချိန်များတွင်ပြန်လည်အသုံးပြုနိုင်မည့် အချိန်အား ပြန်လည်အသိပေးသွားမည်ဖြစ်ပြီး ထိုအသိပေးချက် ပြန်လည်မထုတ်ပြန်မချင်း ကန့်သတ်ချက်အားလိုက်နာပေးကြရန် ထပ်မံအသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

သာသနာကို အတုအယောင်ပြု၍ လုပ်ဆောင်နေမှုအပေါ် ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်၍ ရဟန်းသံဃာများအနေဖြင့် မြိုင်-ပခုက္ကူ လမ်းပိုင်းအား အသုံးမပြုစေလိုကြောင်းနှင့် ဆရာတော်ဘုရားများအား ဖြတ်သန်းသွားလာမှု ရှောင်ကျဥ်ပေးပါရန် မြိုင်(ပကဖ)က လျှောက်ထားသည်

သတင်း

"သုံးကောင်လုံးတော့ သေသွားပါပြီ။ (သြဂုတ်) ၁ ရက်နေ့ထဲက လုပ်တာပါ။ အခြေအနေကြည့်ရင်း ဒီနေ့မှစာထုတ်လိုက်တာ"ဟု YPDF(Bahan)မှ တာဝန်ခံ တော် လှန်ရေးရဲဘော်က ပြောသည်။

သတင်း

နမ့်ဆန်မြို့နယ်တွင် (၁) နေရာနှင့် မိုင်းငေါ့မြို့နယ်တွင် (၄) နေရာထပ်မံတိုးမြှင့်ထားလိုက်ပြီး စောင့်ကြည့်စစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။

သတင်း

ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း ယာယီပိတ်ရခြင်းနှင့်ပတ်သက်၍ နတ်တောင်နဂါး(ပ.က.ဖ) ပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။