Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စု၏ ယာဥ်တန်း နှစ်ကြိမ်တိုင် တိုက်ခိုက်ခံရ၊ ၁၅ ဦးထက်မနည်းသေဟု MBTTအဖွဲ့ပြော

အဆိုပါ တိုက်ခိုက်မှုများအား ဗိုလ်တောက် ထွန်း(MBTT)၊ မြောင်မြို့နယ်(ပကဖ)၊ ဗိုလ်နေတိုး ပြောက်ကျားအထူးဖွဲ့(B.N.T)၊ လျှက်တပြက်စွန်ညိုအဖွဲ့နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

(MBTT တပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ-MBTT)
(MBTT တပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ-MBTT)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်တပ်၊ ရဲနှင့်ပျူစောထီးများ လိုက်ပါလာသော ယာဥ်တန်း နှစ်ကြိမ်တိုင်တိုက်ခိုက်ခံရပြီး ၁၅ ဦးထက်မနည်း သေဆုံးကြောင်း ဗိုလ်‌တောက်ထွန်း (MBTT)အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ် ၂ရက်) နံနက် ၈နာရီ ၁၀ မိနစ်ခန့်က နတ်ရေကန်ကျေးရွာနှင့် ရေပိုးစား ကျေးရွာကြားတွင် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲနှင့် ပျူများ၊ ၎င်းတို့၏ မိသားစုဝင်များ လိုက်ပါလာသော ကားနှစ်စီးနှင့် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်များအား မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မဟာမိတ်များနှင့် ပူးပေါင်းကာ ပဒေသာမိုင်း ၁၃ လုံးတွဲဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်‌တောက်ထွန်း(MBTT) အထူးတပ်ဖွဲ့က အသိပေးသည်။

ယမန်နေ့ ညနေ ၃နာရီ ၄၅မိနစ်ခန့်ကလည်း မုံရွာ-မန္တလေးလမ်းမပေါ်၊ မုံရွာဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်တပ်၏ ၁၅ စီးပါယာဥ်တန်းအား ရေပိုးစားကျေးရွာအနီး၌ ပဒေသာမိုင်း ၄ လုံးတွဲဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက် ခဲ့ကြောင်း ဗိုလ်‌တောက်ထွန်း(MBTT) အထူးတပ်ဖွဲ့က ထုတ်ပြန်သည်။

ထိုဖြစ်စဥ် နှစ်ခုလုံးတွင် စစ်တပ်၊ ရဲ၊ နှင့် ပျူအဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံးပြီးပြင်းထန်ဒဏ်ရာရသူအများအပြားရှိသည်ဟု MBTTအဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများအား ဗိုလ်တောက် ထွန်း(MBTT)၊ မြောင်မြို့နယ်(ပကဖ)၊ ဗိုလ်နေတိုး ပြောက်ကျားအထူးဖွဲ့(B.N.T)၊ လျှက်တပြက်စွန်ညိုအဖွဲ့နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး MBTTအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက လက်တလောထုတ်ပြန်ထားမှုအရ ယမန်နေ့က မုံရွာ-မန္တလေးလမ်းမကြီးပေါ် ဖြတ်သန်းသွားသော အကြမ်းဖက် စစ်ကောင်စီယာဥ်တန်းများနှင့် ကင်းပုန်းများ ခြောက်ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံထားရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်မှုကြောင့် အသက်သေဆုံးသွားခဲ့ရသော ကျောင်းသားကလေးငယ် နှစ်ဦး၏ ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ICNCC က ထုတ်ပြန်ခဲ့သည်။

သတင်း

ကာကွယ်ရေးတပ်များမှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ညအချိန်ဖြစ်သည့်အတွက် စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှုအရေအတွက် ကို အတိအကျ မသိရှိကြောင်း ဖော်ပြသည်။

သတင်း

ဇူလိုင် ၂၁ရက်က ဖယ်ခုံမြို့နယ်၊ လဟယ်ကျေးရွာအနီးရှိ လွယ်မကူးတောင်ပေါ် တွင် တပ်စွဲ ထားသော စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF တပ်ရင်း (၂) ၊KNDF တပ်ရင်း (၃)နှင့်အတူ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ဦး သေဆုံးခဲ့ကြောင်း အသိပေးသည်။

သတင်း

အထက်ပါတိုက်ခိုက်မှုများအား ချောင်းဦး ပ.က.ဖ ကဦးဆောင်ပြုလုပ်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်းအသိ​ပေးထားသည်။