Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တနင်္သာရီတိုင်းအတွင်းရှိ PDF ရဲဘော်များက ရှစ်လေးလုံးနှစ်ပတ်လည်နေ့ အဖြစ် ဆန္ဒပြ

PDF ရဲဘော်များက ရှစ်လေးလုံး အရေးခင်း၌ ကျဆုံးခဲ့ရသော အာဇာနည် သူရဲကောင်းများ အားလုံးကို အလေးပြု ဦးညွှတ်ခဲ့ကြပြီး လက်သုံးချောင်း ထောင်၍ အကြမ်းဖက်စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

ဓာတ်ပုံ - DIC
ဓာတ်ပုံ - DIC

တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) ရဲဘော်များက ယနေ့ (သြဂုတ် ၈) ၌ ကျရောက်သည့် ရှစ်လေးလုံးအရေးတော်ပုံ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်​ကြောင်း ဆန္ဒပြခဲ့ကြသည်။

PDF ရဲဘော်များက ရှစ်လေးလုံး အရေးခင်း၌ ကျဆုံးခဲ့ရသော အာဇာနည် သူရဲကောင်းများ အားလုံးကို အလေးပြု ဦးညွှတ်ခဲ့ကြပြီး လက်သုံးချောင်း ထောင်၍ အကြမ်းဖက်စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

ယင်းဆန္ဒပြ လှုပ်ရှားမှုများကို တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များ၊ ထားဝယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (FFFF) ရဲဘော်များ၊ ထားဝယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အေဒင်မှူး) ရဲဘော်များ၊ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေး အင်အားစုဖွဲ့ရှိ (DEF-PDF) ရဲဘော်များက တောတွင်း တစ်နေရာ၌ ပြုလုပ်ခဲ့ကြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိုသို့ပစ်သတ်ပြီး ညနေပိုင်းတွင် အဆိုပါ တံတားအနီးမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်နှင့် ပျူစေထီးများက ဝင်ရောက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းများ ခိုးယူသွားသည်ဟု တမူးမြို့ခံများက ပြောသည်။

သတင်း

ယနေ့နံနက် ၇ နာရီခန့်က လက်ပံတန်းမြို့ မြို့မရပ်ကွက်မှ ပျူစောထီး ခေါင်းဆောင်လည်းဖြစ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ စိုးမင်းဆိုသူအား သေနတ်ဖြင့် နှစ်ချက်ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။

သတင်း

စစ်​ကောင်စီတပ်စခန်းတွင်ခြေမြန်တပ်ရင်း(ခမရ) ၁၁၉ တပ်ရင်း၊ပုသိမ် ကြီး ၊ တမ ၃၃ တပ်ရင်းတို့အထိုင်ချ​ခဲ့ခြင်းဖြစ်​ကြောင်းလည်းသိရသည်။

သတင်း

စစ်​ကောင်စီတပ်နှင့်ပြည်သူ့စစ်များ​သေဆုံးမှုများပြီးလက်နက်ခဲယမ်းမျာစွာသိမ်းဆည်းရမိ​ကြောင်းလည်း ​ဒေသတွင်းသတင်းရင်းမြစ်အချို့က​ပြောသည်။