Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အိန္ဒိယသို့ပို့ရန် မူးယစ်ဆေးဝါး သယ်ဆောင်လာသူနှစ်ဦးကို ထန်တလန် CDF ပြည်သူ့ရဲတပ်ဖွဲ့ ဖမ်းဆီး

ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများမှာ ကျပ်သိန်း ၂၀၀တန်ဖိုးရှိပြီး ကလေးမြို့မှ သယ်ဆောင်လာကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Sangau မြို့သို့ပို့ဆောင်ရန်အတွက် ဖြစ်သည်ဟု သိရကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - The Chin Journal
ဓာတ်ပုံ - The Chin Journal

ထန်တလန်မြို့နယ်တွင် မူးယစ်ဆေးဝါးသယ်ဆောင်သူ နှစ်ဦးကို ထန်တလန် ချင်းကာကွယ်ရေးတပ် (CDF)၏ ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း The Chin Journal က ဖော်ပြသည်။

ထန်တလန် CDF တပ်ရင်း(၄)နယ်မြေ ထန်တလန်မြို့နယ် ထန်ဇန်းရွာနှင့် ရွာခွာကျေးရွာ အကြား စစ်ဆေးရေးဂိတ်တွင် ဩဂုတ် ၅ရက် ညနေပိုင်းက ဘိန်းဖြူများသယ်လာသူ ဦးဇာဟုပ် နှင့်ဦးဗန်ဇာဟမ်တို့အား ဇာနက်တောင်ကြော ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖစ်သည်ဟု ဆိုသည်။

ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများမှာ ကျပ်သိန်း ၂၀၀တန်ဖိုးရှိပြီး ကလေးမြို့မှ သယ်ဆောင်လာကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Sangau မြို့သို့ပို့ဆောင်ရန်အတွက် ဖြစ်သည်ဟု သိရကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

ဖမ်းဆီးရမိသည့် တရားခံနှစ်ဦးအား ထန်တလန် CDF တပ်ရင်း(၄)တရားခုံတွင် စစ်ဆေးကာ ပြစ်ဒဏ် ချမှတ်သွားမည်ဖြစ်သည်ဟု ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း နမ့်ဖက် ကာကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူများလာပြီး ဒေသခံလူထုအတွက် နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည့် ခိုးဆိုး/လုယက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဖော်ပြသည်။

သတင်း

အဆိုပါဖမ်းဆီးခံရသူတွေက သေနတ်ပစ်ခတ်သံတွေကြားလို့ ကြောက်လန့်တဲ့အတွက် ဖမ်းဆီးခံရတဲ့ကြားကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

သတင်း

ဖမ်းဆီးခံရသူများတွင် အရှင်းခံရသည့် ကျောက်ပြုတ်ရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနေအိမ်၏ ဘေးအိမ်မှ မိသားစုဝင်၃ဦး အပါအဝင်ဖြစ်ပြီး အမျိုးသမီးအများအပြားဖမ်းဆီးခံခဲ့ရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

သတင်း

“စကစ တဲတစ်ခုကို ငါတို့ ပစ်တယ်။ အထဲက တပ်စိပ်ထဲက ခြောက်ဦးတော့ ကြွတယ်။ ဒဏ်ရာရရှိတာတော့ မသိပါ။ ဟားခါးမြို့ ထဲ ဂိတ်ကို ပစ်တာ စကစ ဗိုလ်အဆင့် တစ်နဲ့ ငယ်သား တစ်ကျတယ်”ဟု ဆလိုင်းထက်နီက လတ်တလော တိုက်ပွဲအခြေအနေကို ပြောပြသည်။