Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

အရင်က ဒူတာတေးဟာ ပူတင်ကို စံပြုထိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦး၊ မိတ်ဆွေကောင်း တစ်ဦးလို့ အတိအလင်း ချီးကျူးဖူးပေမယ့် ယူကရိန်းကို ရုရှားက ကျူးကျော် စစ်ပြုတာ သုံးလပြည့်တဲ့ နေ့မှာတော့ အခုလိုမျိုး လေသံပြောင်းပြီး ဝေဖန် ထိုးနှက်လာတာ ဖြစ်ပါတယ်။

ဗီဒီယို

နိုင်ငံပိုင်နက်ထဲမှာ ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေချိန် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ လူစည်ကားရာ နိုင်ငံတော် ဈာပန အခမ်းအနား တစ်ခုကို နှာခေါင်းစည်း မဝတ်ဘဲ တက်ရောက်ခဲ့ပါတယ်။

ဗီဒီယို

အမေရိကန်က ပေးပို့မယ့်ထဲမှာ ယူကရိန်းရဲ့ ကမ်းရိုးတန်း ဒေသတွေကို ကာကွယ်ဖို့အတွက် Harpoon အမျိုးအစား ဒုံးကျည် စနစ်တွေလည်း ပါဝင်လိမ့်မယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ရဲ့ အကြီးအကဲလည်း ဖြစ်တဲ့ အော်စတင်က ဆိုပါတယ်။

ဗီဒီယို

Monkeypoxလို့ ခေါ်ဝေါ်တဲ့ ကျောက်ရောဂါဟာ အခုဆိုရင် WHO အဖွဲ့ဝင် နိုင်ငံ ၁၂ ခုက လူပေါင်း ၉၂ ဦးမှာ ဖြစ်ပွားခဲ့ကြောင်း အတည်ပြု တွေ့ရှိထားပြီး သံသယ လူနာ ၂၈ ဦးလည်း ရှိနေကြောင်း ကုလသမဂ္ဂ လက်အောက်ခံ ကျန်းမာရေး အေဂျင်စီကြီးက...

ဗီဒီယို

ဖင်လန်ကို လျှပ်စစ်ဓာတ်အား တင်ပို့မှု ဖြတ်တောက်လိုက်တာနဲ့ ပတ်သက်လို့ RAO Nordicက ဒါဟာ နှစ်ပေါင်း ၂၀ ကြာ ကုန်သွယ်မှု သမိုင်းကြောင်းတလျှောက် ပထမဆုံး ကြုံရတဲ့ ထူးခြားဖြစ်စဉ်လို့ ပြောပါတယ်။ RAO Nordicဟာ ဖင်လန်ရဲ့ ဓာတ်အား သုံးစွဲမှု ၁၀ ရာခိုင်နှုန်းလောက်ကို...

ဗီဒီယို

ည ၇ နာရီလောက်ကစပြီး လမ်းပိတ်ခဲ့တာဖြစ်ပြီး လမ်းပိတ်တဲ့ အကြောင်းရင်းကိုတော့ မသိရ‌ဘူးလို့ အဲဒီနေရာအနီးမှာနေထိုင်သူတွေကပြောပါတယ်။

ဗီဒီယို

မေလ ၁၂ ရက်မှာတော့ မြောက်ကိုရီးယား အစိုးရ မီဒီယာတွေက ပြည်တွင်းမှာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ရဲ့ Omicronမျိုးကွဲ ပျံ့နှံ့ ကူးစက်နေကြောင်း တရားဝင် ထုတ်ပြန်လာပါတယ်။ Omicronရဲ့ ထပ်ဆင့်မျိုးကွဲ BA.2 ကူးစက်မှုတွေကို ပြုံယမ်းမြို့တော်နားမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဗီဒီယို

ရုရှားဟာ ယူကရိန်းနဲ့ စစ်ပွဲအတွင်းမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ တရားဝင် စွပ်စွဲချက်ကိုတော့ အရင်ကတည်းက ကြုံခဲ့ဖူးပြီးသားပါ။ ပြီးခဲ့တဲ့လမှာ ကနေဒါ လွှတ်တော်က ရုရှားရဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ထောက်ခံ ကြေညာခဲ့ပါတယ်။

ဗီဒီယို

ဂျွန်လီဟာ ရာထူးသက်တမ်း စေ့သွားပြီဖြစ်တဲ့ ကယ်ရီလမ်ရဲ့ နေရာမှာ မေ ၈ ရက်ကစပြီး တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ သူ့ကို ခန့်အပ်ခြင်းဟာ တရုတ် အနေနဲ့ လက်အောက်ခံ ဟောင်ကောင်အပေါ် ပိုပြီး တင်းတင်းကျပ်ကျပ် အာဏာစက်သုံးပြီး အုပ်ချုပ်လာမယ့် အလားအလာတစ်ခုလို့ ယူဆနိုင်ပါတယ်။

ဗီဒီယို

ဟိုတယ်ဟာ ကပ်ရောဂါ ကာလအလွန် ပြန်လည်ဖွင့်လှစ်တာ ၄ ရက်သာ ကြာပါသေးတယ်။ ဒီပေါက်ကွဲမှုကြောင့် လူ ၂၆ ဦးထက်မနည်း သေပြီး ၆၀ ကျော် ဆေးရုံရောက်ခဲ့သလို ဟိုတယ်ရဲ့ အစိတ်အပိုင်း အတော်များများ ပျက်စီးသွားခဲ့ပါတယ်။

ဗီဒီယို

ပူတင်ဟာ အင်တာဗျူး တစ်ခုမှာ ဆာဂျီ လက်ဗ်ရော့ဗ် ပြောဆိုသွားတဲ့ အငြင်းပွားစရာ မှတ်ချက်အတွက် အစ္စရေး ဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက်ဆီ ဖုန်းဆက်ပြီး ပြန်တောင်းပန်ခဲ့ကြောင်း အစ္စရေး အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ဗီဒီယို

ရုရှား အာဏာပိုင်တွေက ရုရှားစစ်တပ်ဟာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတာ မဟုတ်ဘဲ နာဇီဝါဒစွဲ အစိုးရကို ဖြုတ်ချဖို့နဲ့ ဒေသတွင်းက ရုရှားအနွယ်တွေကို အကာအကွယ်ပေးဖို့ အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲနေတာသာ ဖြစ်တယ်လို့ အစဉ်တစိုက် ပြောဆိုနေခဲ့ပါတယ်။

ဗီဒီယို

အဒေါ့ဖ် ဟစ်တလာဟာ ဂျူးအနွယ်ဝင် တစ်ယောက်ဖြစ်တယ်ဆိုတဲ့ စကားကို ပြန်တောင်းပန်ဖို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးကို အစ္စရေးက တောင်းဆိုလိုက်ပါတယ်။ အငြင်းပွားစရာတွေ ဖြစ်လာမယ့် ဒီလို မှတ်ချက် စကားမျိုးကို ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က အင်တာဗျူး အစီအစဉ် တစ်ခုမှာ...

ဗီဒီယို

ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှုအတွက် ရုရှားနဲ့ အနောက်အုပ်စု နိုင်ငံတွေကြား ဆက်ဆံရေး အတင်းမာဆုံး ဖြစ်နေချိန်မှာ ရုရှားလေယာဉ်က အခုလို လေပိုင်နက် ကျူးကျော် ပျံသန်းတာမျိုး ဖြစ်ခဲ့တာပါ။ ဒိန်းမတ်ဟာ NATO အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ပြီး ဆွီဒင်ကတော့ ဖင်လန်နဲ့အတူ NATO အဖွဲ့ဝင်အဖြစ် လျှောက်ထားဖို့...

Facebook