Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ခေါင်းဆောင်နဲ့တွေ့ဖို့ နေပြည်တော်ရောက်နေတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့

ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC) အဖွဲ့ဟာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကနေ ခွဲထွက်လာတဲ့အဖွဲ့တစ်ခုဖြစ်ပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးဒေသမှာ အခြေစိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေနွေးဖို့ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC) အဖွဲ့ဟာ ဒီကနေ့ မေ ၂၅ ရက်မှာ နေပြည်တော်ကိုရောက်ရှိလာခဲ့ကြတယ်လို့ စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ကရင်ငြိမ်းချမ်းရေးကောင်စီက ဥက္ကဌစောထော့လေး၊ ဒေါက်တာနော်ကပေါ်ထူးဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မွန်းလွဲပိုင်းအချိန်က နေပြည်တော်ကိုရောက်ရှိလာတာဖြစ်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်တွေက ကြိုဆိုခဲ့ကြတာပါ။

မနက်ဖြန်မှာတော့ ကရင်ငြိမ်းချမ်းရေးကောင်စီကိုယ်စားလှယ်အဖွဲ့နဲ့
အာဏာသိမ်းစစ်ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။

ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC) အဖွဲ့ဟာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကနေ ခွဲထွက်လာတဲ့အဖွဲ့တစ်ခုဖြစ်ပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးဒေသမှာ အခြေစိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားတဲ့ ကရင့်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့လည်း ဖြစ်တာပါ။

စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နဲ့ မွန်ပြည်သစ်ပါတီ(NMSP) တို့နဲ့ တွေ့ဆုံဆွေးနွေးပြီးပြီ ဖြစ်ပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အဆိုပါ သက်တမ်းတိုးခြင်းသည် မြန်မာနိုင်ငံတွင် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည့် အခြေအနေတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

အပစ်ရပ်ထိုးထားတဲ့အဖွဲ့ ၁၀ ဖွဲ့ထဲကတက်မယ့် ၅ ဖွဲ့ဟာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မွန်ပြည်သစ်ပါတီ ( NMSP)၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA -PC) တို့ဖြစ်ပါတယ်။

သတင်း

မင်းအောင်လှိုင်၏ ဖိတ်ခေါ်မှုသည် “တစ်နိုင်ငံလုံး လွှမ်းခြုံသည့် တွေ့ဆုံဆွေးနွေးမှု မဖြစ်သကဲ့သို့ လက်ရှိ ဖြစ်နေသည့် နိုင်ငံ၏ နိုင်ငံရေးအကြပ်အတည်း များကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းဖော်ထုတ်မှု မဟုတ်သဖြင့် ဤ ဖိတ်ခေါ်မှုသည် တွေ့ဆုံဆွေးနွေးရန်အတွက် အချိန်ကောင်းမဟုတ်ပေ” ဟု KNPP က ထုတ်ပြန်သည်။

သတင်း

ယခုကြိုပွိုင့်ရောင်းချရာတွင် ကာလတန်ကြေး ၃ ပုံ ၁ ပုံ ဖြစ်သည့် ဒေါ်လာ ၁၀ သန်းသာတန်ဖိုး ဖြတ်၍ ထိုဒေါ်လာ ၁၀ သန်းကို အစုရှယ်ယာ​ပေါင်း တစ်သိန်းကို ရှယ်ယာတစ်စုလျှင် ဒေါ်လာ ၁၀၀ဖြင့်​ရောင်းချမည်ဖြစ်ပြီး ပြည်သူများဝယ်ယူနိုင်မည်ဟုသိ့ရသည်။