Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတိုင်းတွင် စစ်​ကောင်စီက PDF နှင့် ပြည်သူ​သွေးကွဲ​အောင်ပိုမိုလုပ်လာ

ခင်ဦးမြို့နယ်ပင်မကပဲ ၎င်းတို့ကို တော်လှန်ရာတွင် အားကောင်းသည့် ယင်းမာပင်၊ပုလဲ၊ရေဦး၊ဒီပဲယင်း၊မြင်းမူ၊အရာတော်၊​ရွှေဘို ၊ဝက်လက်၊​မြောင်စသည့် မြို့နယ်များတွင် ယခုလပိုင်းအတွင် အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့နေအိမ် ထောင်နှင့်ချီမီးရှို့ခဲ့ကာ ပြည်သူ များကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့သည်။

(စစ်ကိုင်းတိုင်းတွင်အင်အားတိုးချဲ့ပြီးအကြမ်းဖက်​နေ​သောစစ်​ကောင်စီတပ်များနှင့်စစ်​ကောင်စီတပ်မီးရှို့ဖျက်ဆီး​သည့်ကျေးရွာတစ်ရွာတွင်​ဒေသခံ ပြည်သူများကရှင်းလင်းစဥ်။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်းတွင် ပြည်သူနှင့် PDF များအကြား သွေးခွဲမှုများကို အကြမ်းဖက်စစ်အုပ်စုကပိုမိုလုပ်လာကြောင်း ဒေသခံတော်လှန်ရေးအင်အားစုများက လူထုနွေဦးသို့ ပြောသည်။

အထူးသဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ဧပြီလနှောင်းပိုင်းကစ၍ ​မေလ အတွင်း စစ်ကိုင်း တိုင်းမြို့နယ်အများစုရှိ ကျေး ရွာများကို ရွာလုံးကျွတ်မီးရှို့ခြင်းနှင့်ပြည်သူ များကို အစုလိုက်သတ်ဖြတ် ခြင်းတို့ကို ပိုမိုဆောင်ရွက်လာသည်ဟု၎င်းတို့က​ပြောသည်။

“စခတွေရဲ့ ယခုလက်ရှိဗျူဟာက ပြည်သူတွေနဲ့ PDF တွေကြားကို သွေးခွဲတဲ့ ကိစ္စတွေသိသိသာသာ ဖန်တီးလာတယ်ဗျ။အဓိကတော့ PDF တွေကြောင့် ရွာတွေကို သူတို့ မီးတွေရှို့တယ်ပေါ့ဗျာ”ဟု အကြမ်းဖက်စစ်တပ်၏ သွေးခွဲ စစ်ဆင် ရေးအပေါ် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး နှင့် လုံခြုံရေးအဖွဲ့ -CDSOM ၏ ပြောရေးဆိုခွင့် ရှိသူက ရှင်းပြသည်။

သို့​သော်လက်​တွေ့တွင် စစ်တပ် အကြမ်းဖက်ခံရ​သောစစ်ကိုင်းတိုင်းမှ ပြည်သူများက PDF များအ​ပေါ်အထင်မလွဲဘဲ အကြမ်းဖက်စစ်​ကောင်စီ​ပေါ်တွင်သာ နားကျည်မုန်းတီးမှုတိုးလာကာ ​စစ်​ကောင်စီကို​တော်လှန်လို​သော စိတ်ကိုတွန်းအားဖြစ်​စေ​ကြောင်း​ဒေသခံများက​ပြောသည်။

စစ်​ကောင်စီတပ်ကပြည်သူ့နေအိမ်များကို မီးရှို့ခြင်းသည်၎င်းတို့အပေါ်တော်လှန်နေသည့် ဒေသခံကာ ကွယ်ရေးအဖွဲ့များကို မထောက်ပံ့ နိုင်အောင် စစ်ကောင်စီတပ်က ကြံရွယ်ခြင်းဖြစ်သည်ဟု ၎င်းကသုံးသပ်သည်။

(စစ်ကိုင်းတိုင်းတွင်အင်အားတိုးချဲ့ပြီးအကြမ်းဖက်​နေ​သောစစ်​ကောင်စီတပ်များနှင့်စစ်​ကောင်စီတပ်မီးရှို့ဖျက်ဆီး​သည့်ကျေးရွာတစ်ရွာတွင်​ဒေသခံ ပြည်သူများကရှင်းလင်းစဥ်။ ဓါတ်ပုံ-CJ)

“ဒါပေမယ့်လည်း ပြည်သူတွေက သူတို့ မျှော် လင့်ထားသလို မဟုတ်ကြဘူးဗျ ။အကြောင်းပြချက်မရှိ ငါတို့ရဲ့အိုးအိမ်တွေကို လိုသလို မီးရှို့နေတဲ့ စခတွေကို တော်လှန်မှ ရမယ်ဆိုပြီး အရင်ကထက် ပြင်းထန်တဲ့ တော်လှန်စိတ်တွေ ကြားလာရတယ်ဗျ”ဟု စစ်ကိုင်းတိုင်းရှိ မြေပြင်အခြေအနေကို CDSOM တာဝန်ရှိသူကဆက်ပြောသည်။

စစ်ကိုင်းတိုင်းတွင် မည်သည့်စစ်ဆင်ရေးမဆို အထိနာနေသော စစ် ကောင်စီ တပ်၏ ဗျူဟာမှာလည်း အလုပ်မဖြစ် သောကြောင့် နောက်ဆုံးတွင် ဒေသခံလူထု၏ အသက်အိုးအိမ်ကို ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကလည်းသုံးသပ်သည်။
မည်သို့ပင် ဆိုစေကာမူ ပြည်သူထဲမှ ပေါက်ဖွားလာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ အနေဖြင့် ပြည်သူလူထု ဦးစွာဘေးကင်းရေးကြိုပမ်းနေသည်ဟု အထက်ပါတာဝန်ရှိသူကအသိပေးသည်။

Public Service Announcement

“နှစ်ရှည်လများ ပြည်သူ့ဘဏ္ဍာနဲ့ တည်ဆောက် လာတဲ့ တပ်တစ်ခုကို မတရားလို့ မနှစ်က မှ ရရာ တုတ်၊ဓား၊တူမီးနဲ့ စတိုက်ခဲ့တဲ့ ပြည်သူ တွေကို အရှက်မရှိစတမ်း မီးရှို့ သတ်ဖြတ်တယ်။ဒါတွေကို အမြစ်ဖြတ်နိုင်ဖို့က ကျွန်တော်တို့အနေနဲ့ အနည်း ဆုံးယှဥ်တိုက်နိုင်မယ့် မောင်းပြန် တွေ အမြန်ဆုံးလိုအပ်တယ်”ဟု ခင်ဦးPDF တာဝန်ရှိသူက ပြောသည်။

ခင်ဦးမြို့နယ်တွင်ဧပြီ ၂၃ ရက် မှ မေ ၂၃ ရက်အတွင်း စစ်​ကောင်စီတပ်​ကသတ်ဖြတ်အကြမ်းဖက်သဖြင့် အရပ်သားပြည်သူ ၁၇ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁၅ ဦးကျဆုံးခဲ့ရသည်။
ထို့အပြင် မေ ၁ ရက်ကစ၍ မေ ၂၄ ရက် အထိ ခင်ဦးမြို့နယ်ရှိ ဒေသခံနေအိမ် ၄၃၃ လုံး ကို အကြမ်းဖက်စစ်တပ်က မီးရှို့ခဲ့သည်။

(စစ်ကိုင်းတိုင်းတွင်အင်အားတိုးချဲ့ပြီးအကြမ်းဖက်​နေ​သောစစ်​ကောင်စီတပ်များနှင့်စစ်​ကောင်စီတပ်မီးရှို့ဖျက်ဆီး​သည့်ကျေးရွာတစ်ရွာတွင်​ဒေသခံ ပြည်သူများကရှင်းလင်းစဥ်။ ဓါတ်ပုံ-CJ)

ခင်ဦးမြို့နယ်ပင်မကပဲ ၎င်းတို့ကို တော်လှန်ရာတွင် အားကောင်းသည့် ယင်းမာပင်၊ပုလဲ၊ရေဦး၊ဒီပဲယင်း၊မြင်းမူ၊အရာတော်၊​ရွှေဘို ၊ဝက်လက်၊​မြောင်စသည့် မြို့နယ်များတွင် ယခုလပိုင်းအတွင် အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့နေအိမ် ထောင်နှင့်ချီမီးရှို့ခဲ့ကာ ပြည်သူ များကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့သည်။

“သူ(စစ်ကောင်စီ)က စစ်ကိုင်းတိုင်းကို မနိုင်ရင်တစ်နိုင်ငံလုံးလက်လွှတ်ရမယ်ဆိုတဲ့ပုံမျိုးတွေးထားပုံရတယ်။အထူးသဖြင့် ကျွန်တော် တို့နဲ့ ဆက်စပ်နိုင်တဲ့ EAO တွေရဲ့ လမ်းကြောင်းကို အမြန်ဖြတ်ချင်နေတယ်။ သူတို့ရဲ့ ရက်စက် ယုတ်မာတဲ့ နည်းလမ်းတွေက ပြည်သူတွေ သူတို့ကိုကြောက်အောင်လုပ်တာပဲ။ဒါပေမယ့်အခုဆို ပြည်သူတွေကပိုပြီးစိတ်နာ နေပြီလေ”ဟု ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစု ၏ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ပြည်သူနှင့် PDF များကြား သွေးခွဲမှု အဖြစ် စစ်ကောင်စီတပ်က PDF ဝတ်စုံများ ဝတ်ကာစစ်ကိုင်းတိုင်းရှိ မြို့နယ်အချို့တွင် လမ်းပိတ်စစ်ဆေး ဆဲဆိုကြိမ်းမောင်းမှုများပြုလုပ်၍ PDF များပုံရိပ်ပျက်​အောင်လုပ်​လာသည်။

“ဒီနေ့(မေ ၂၅ ရက်) မနက် ပိုင်းမှာ ကျွန်တော် တို့ မြို့နယ်ရဲ့ ညောင်ပင်ကြီး-ဆားလင်းကြီးလမ်း​ပေါ်မှာ စခ တွေ ဝတ်စုံအနက် တူညီ ဝတ်ပြီး စစ်တယ်။ပြီးတော့ ဆဲဆိုတာတွေလုပ်တယ်လို့ ပြန်ကြားရတယ်။ဒါက ကျွန်တော်တို့က လုပ်ပါ တယ်ဆိုပြီး ပြည်သူတွေနဲ့ သွေးခွဲတဲ့ကိစ္စမျိုး တွေ”ဟု ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ သွေးခွဲမှုများကို နားလည်သိမြင်ရန် နှင့် တော် လှန်ရေးတွင် ဘုံရန်သူကို ချေးမှုန်းနိုင်ရန် မလျှော့သော ဇွဲနှင့် ပူးပေါင်းကြရန် ၎င်းက တောင်းဆိုသည်။
အာဏာသိမ်းစစ်​ကောင်စီက ယခုနှစ်တွင် ငြိမ်းချမ်း​ရေးနှစ်ဟု ​ကြေညာပြီး တိုက်ပွဲမဖြစ်​သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့်​နေပြည်​တော်တွင် တစ်ဖွဲ့ချင်း​​တွေ့ဆုံ​ဆွေး​နွေးပြ​နေချိန်တွင် စစ်ကိုင်းတိုင်း၊ကရင်နီ(ကယား)၊မကွေး နှင့် ချင်းပြည်နယ်တို့တွင် စစ်အင်အားတိုး၍ စစ်​ကြောင်းထိုးကာ အကြမ်းဖက်မှုများ တိုးမြှင့်နေသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like