Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဒီဇင်ဘာ ၁၅ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်ကောင်စီတပ် ​ရေရှည်ခံဖို့ မျှော်လင့်ချက်မရှိသလောက်ဖြစ်သွားပြီလို့ ဗိုလ်ချုပ်​ကြီးဂွန်မော်ပြော

စစ်ကောင်စီတပ်ရဲ့ အင်အားနဲ့ စွမ်းရည် နှစ်ခုစလုံးချိနဲ့နေသကဲ့သို့ စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်အနေနဲ့ ဂစ်တာကြိုးမညှိဘဲ ဂစ်တာတီးနေပုံရတယ်လို့ သက်သက်ညှာညှာ ဥပမာပေးဝေဖန်လိုကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ဦးဖြစ်သူ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။ RFA သတင်းဌာနနဲ့ အမေးအဖြေကဏ္ဍမှာ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က KIO နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) တို့အကြား ပူးပေါင်းဆောင်ရွက်မှု၊ KIAက ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်များအား စစ်သင်တန်းပို့ချမှု၊ စစ်ကောင်စီတပ်ရဲ့ အခြေအနေ၊ စစ်ကောင်စီတပ်ရဲ့ လူမဆန်တဲ့ လုပ်ဆောင်ချက်များအပေါ် သဘောထားမှတ်ချက်အမြင်များ ပြောကြားခဲ့ပါတယ်။ စစ်ကောင်စီတပ်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာပါက ခုခံကာကွယ်ရန်အပါအဝင် စစ်ရေးအရ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြောင်းလည်း ဗိုလ်ချုပ်ကြီးဂွန်မော်က ပြောပါတယ်။ လက်ရှိအခြေအနေဟာအာဏာရှင်စနစ် အဆုံးသတ်မယ့်ပွဲ၊ အဆုံးသတ်မယ့်အပိုင်းလို့ ပြောနိုင်ကြောင်းလည်း ၎င်းက ဆက်ပြောပါတယ်။

(ဗိုလ်ချုပ်ဂွန်​မော်။ ဓါတ်ပုံ-AFP)
(ဗိုလ်ချုပ်ဂွန်​မော်။ ဓါတ်ပုံ-AFP)

▪︎ထောက်ပို့ရထားတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးထိခိုက်များဟု KNU တပ်မဟာ(၁) တာဝန်ရှိသူပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ရထားကို ဒီဇင်ဘာ ၁၃ ရက်ညပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ တပ်မဟာ(၁)မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မှူးတစ်ဦးက ပြောပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရထားသုံးတွဲပျက်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက်များပြားတယ်လို့ ဆိုပါတယ်။ ရထားမှာ ကျည်၊ လက်နက်ခဲယမ်းမီးကျောက်တွေ သယ်လာတဲ့ရထားဖြစ်ပြီး စစ်တပ်အင်အား ၄၀ လောက်ပါလာတယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂၀ ခန့်သေဆုံးခဲ့တယ်လို့ တပ်မှူးက ပြောပါတယ်။

(ပျက်စီးသွားသော ရထားတွဲများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(ပျက်စီးသွားသော ရထားတွဲများအား တွေ့ရစဉ်၊ ဓာတ်ပုံ – CJ)

▪︎အရှေ့ဒဂုံမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီယာဉ်မိုင်းဆွဲတိုက်ခိုက်ခံရ

ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးဒဏ်ရာရရှိသွားတယ်လို့ Yangon UG Association (YUA)တာဝန်ခံ ဆရာကျောင်းက ပြောပါတယ်။ ရဲဘော်တွေက ပတ်ကင်းကားတွေကို ခဏခဏစောင့်ကြည့်ပြီး ကြိုစောင့်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မနေ့ည ၉နာရီခွဲခန့်မှာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အမှတ်(၂)လမ်းမကြီး နဲ့ ကျန်စစ်သားလမ်းဆုံ မီးပွိုင့်အနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး YUAအဖွဲ့ဝင် Generation Z Defense Force & Supply Army (GZDF)က လုပ်ဆောင်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီစစ်ဆင်ရေးကို အသက်လျော်ကြေး စစ်ဆင်ရေးအနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံးဘေးကင်းတယ်လို့ ဆရာကျောင်းက ပြောပါတယ်။

▪︎ပုလဲမြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ ရဲစခန်းနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများကို နှစ်ဖက်ညှပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Burmese Peacock Defense Force-BPDFအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒီဇင်ဘာ ၁၂ ရက် ည ၉ နာရီခန့်ကစလို့ ပုလဲမြို့ပေါ်ရှိ ရဲစခန်း၊ထွေအုပ်ရုံး စတဲ့ စစ်ကောင်စီတပ်စွဲရာ နေရာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တောင်ဘက်နဲ့ မြောက်ဘက်ကပါ နှစ်ဖက်ညှပ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ စစ်ကောင်စီဘက်က အထိအခိုက်ရှိလို့ ပြန်လည်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ၁နာရီခွဲခန့် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ မဟာမိတ်အဖွဲ့တွေဘက်က အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့တယ်လို့ BPDFအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

▪︎ဟားခါးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦး လက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်

ချင်းပြည်နယ် ဟားခါးမြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်း နဲ့ ရဲစခန်းမှ တပ်ဖွဲ့ဝင် ၄ဦးဟာ ချင်းကာကွယ်ရေးတပ်-ဇိုဖေ(CDF-ZoPhei) ထံ အလင်းဝင်လာတယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ ဟားခါးအခြေစိုက် ခလရ(၂၆၆) တပ်ရင်းမှ တပ်သား ၃ဦးနဲ့ ဟားခါး မြို့မှ ရဲစခန်းမှ ရဲတပ်သား တစ်ဦးတို့ဟာ လက်နက်၊ စစ်အသုံးအဆောင်ပစ္စည်းများ၊ ကျည်များနဲ့အတူ အလင်းဝင်လာတာလို့ CDF-ဇိုဖေရဲ့ ချင်းဘာသာ ထုတ်ပြန်ချက်ကို The Chin Journal က ဗမာဘာသာပြန် ဖော်ပြပါတယ်။ ခလရ(၂၆၆)တပ်ရင်းမှ တပ်သား ဇင်ကိုထက်၊ အောင်ဖြိုးမင်းနဲ့ သက်နိုင်ထွန်းတို့ဟာ ယခုနှစ် စက်တင်ဘာလမှာ သေနတ် ၂လက်၊ လက်ပစ်ဗုံး ၃လုံး၊ ကျည်ဆံ ၇၀၀ကျော်ယူဆောင်ကာ အလင်းဝင်လာခဲ့တာပါ။ ဟားခါးမြို့မရဲစခန်းမှ ရဲတပ်သား အောင်ထန်းဟာလည်း G3 သေနက်တစ်လက်၊ ကျည်ဆံ ၁၃၀ ကျော်၊ ကြည်ကာတစ်စုံ၊ အခြားရဲအသုံးအဆောင်ပစ္စည်းများနဲ့ အတူ ပြီးခဲ့တဲ့ နို၀င်ဘာလ ၁၅ရက်နေ့က အလင်းဝင်လာတာလို့ CDF ဇိုဖေက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် ခလရ (၂၆၆)မှ တပ်သား သုံးဦးကို ကျပ်သိန်း ၁၅၀ ဂုဏ်ပြု ပေးအပ်ခဲ့ပြီး ရဲတပ်သား အောင်ထန်းကို ကျပ်သိန်း ၈၀ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

▪︎ငလျင်ကြောင့် အင်းဝနဲ့ မင်းကွန်းက စေတီပုထိုးအချို့ထိခိုက်ပျက်စီး

ဒီနေ့မနက်ပိုင်း မန္တလေးမှာ လှုပ်ခတ်သွားတဲ့ငလျင်ကြောင့် အင်းဝနဲ့ မင်းကွန်းဘက်က စေတီပုထိုးတွေအပါအဝင် ရှေးဟောင်းအဆောက်အဦးအချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကစုံစမ်းသိရပါတယ်။ အင်အား၅.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်ဟာ ဒီနေ့မနက်ပိုင်း ၃ နာရီကျော်က မန္တလေးတိုင်း ၊တံတားဦးမြို့နယ်ရဲ့ အရှေ့ဘက် ၄ မိုင်ခန့်အကွာ ကို ဗဟိုပြုပြီးလှုပ်ခတ်သွားတာပါ။ ငလျင်ဗဟိုချက်နဲ့ ၄ မိုင်ခန့်အကွာမှာရှိတဲ့ အင်းဝမြို့ဟောင်းက နာမည်ကျော် မယ်နုအုတ်ကျောင်းဟာ ငလျင်ကြောင့် လိုဏ်မုခ်ပန်းပျက်ကျသွားတယ်လို့သိရပါတယ်။ ဒါ့အပြင် ဒေါ်ဂျမ်းဘုရား ရဲ့ထီးတော်မြေခ သွားပါတယ်။ အလားတူ အင်းဝမြို့ဟောင်းက ရှေးဟောင်းစေတီ အချို့ လုံးတော်ကွဲအက်တာတွေ ဖြစ်ခဲ့ပါတယ်။ မင်းကွန်းဘက်မှာလည်း အထင်ကရ ခြင်္သေရုပ်ထုကြီး ရဲ့ နဂိုအက်ကြောင်းရှိနေတဲ့ လက်မောင်းရင်းဟာ ဒီမနက်ပိုင်း လှုပ်ခတ်တဲ့ငလျင်ကြောင့် ပဲ့ကျသွားတာကိုတွေ့ရပါတယ်။ မင်းကွန်းရွာတည်ထားတဲ့ မြသိန်းတန်စေတီတော်ဟာလည်းငလျင်ကြောင့် စိန်ဖူးတော်မြေခခဲ့ပြီး စေတီလည်း ထိခိုက်သွားတယ်လို့ဒေသခံတစ်ဦးက ပြောပြပါတယ်။ မင်းကွန်းပုထိုးတော်ကြီးရဲ့ အက်ကြောင်းလည်း အရင်ကထက် ပိုဟသွားတယ်လို့သေခံတွေကတော့ ပြောနေကြပါတယ်။

▪︎ကုလသမဂ္ဂထိုင်ခုံနေရာ စစ်​ကောင်စီထပ်မံပိတ်ပင်ခံရ

ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုနေရာအတွက် စစ်ကောင်စီကို ထပ်မံပိတ်ပင်လိုက်ပြီလို့ အတွင်းသိသံတမန်နှစ်ဦးက မနေ့က AP သတင်းဌာနကို ပြောပါတယ်။ အထွေထွေညီလာခံရဲ့ Credentials committee ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာတွေ့ဆုံခဲ့ကြပြီး မြန်မာစစ်ကောင်စီရဲ့ အဆိုပြုချက်ကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ အမည်မဖော်လိုတဲ့ သံတမန်တွေကပြောပါတယ်။ ဆုံးဖြတ်ချက်အဓိပ္ပာယ်မှာ လက်ရှိ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက သံအမတ်ကြီးအဖြစ် ဆက်လက်တာ၀န်ထမ်းဆောင်ခွင့်ရရှိမှာဖြစ်ပါတယ်။ မနှစ်ကလည်း မြန်မာစစ်တပ်အုပ်ချုပ်သူတွေက အရင်အစိုးရနဲ့ စစ်ကောင်စီကိုဆန့်ကျင်တဲ့ အတိုက်အခံအမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံသူ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နေရာမှဖယ်ရှားဖို့ ကြိုးပမ်းမှုမှာ ကျဆုံးခဲ့ပါတယ်။

You May Also Like