Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

Burma Act ပါဝင်သည့် NDAA ဥပဒေကြမ်းကို ကန်လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုခဲ့သည့်အပေါ် ကျေးဇူးတင်ကြောင်း သဝဏ်လွှာ NUG ယာယီသမ္မတပေးပို့

NDAA ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုအပြီး ၈ရက်အကြာတွင် အထက်လွှတ်တော်က ထပ်မံအတည်ပြုခဲ့သဖြင့် သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးမည့်အဆင့်သာ ကျန်ရှိသည်။

▪️သမ္မတဘိုင်ဒန်မကြာမီ ဥပဒေအဖြစ်လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်

အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးက Burma Act ပါဝင်သည့် အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေ(NDAA)ကို အတည်ပြုလိုက်သည့်အပေါ် ကျေးဇူးတင်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ သဝဏ်လွှာပေးပို့သည်။

“Burma Act ဟာ ကျွန်ုပ်တို့နိုင်ငံမှာ ရုန်းကန်နေရတဲ့ ပြည်သူတွေ များစွာလိုအပ်နေတဲ့ မျှော်လင့်ချက်နဲ့ အထောက်အပံ့တွေ ပေးစွမ်းနိုင်ပါလိမ့်မယ်”ဟု အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတက ပြောသည်။

Burma Act ပါဝင်သည့် NDAA ဥပဒေကြမ်းကို ကန်လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုခဲ့သည့်အပေါ် ကျေးဇူးတင်ကြောင်း သဝဏ်လွှာ NUG ယာယီသမ္မတပေးပို့
Burma Act ပါဝင်သည့် NDAA ဥပဒေကြမ်းကို ကန်လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုခဲ့သည့်အပေါ် ကျေးဇူးတင်ကြောင်း သဝဏ်လွှာ NUG ယာယီသမ္မတပေးပို့

NDAA ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုအပြီး ၈ရက်အကြာတွင် အထက်လွှတ်တော်က ထပ်မံအတည်ပြုခဲ့သဖြင့် သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးမည့်အဆင့်သာ ကျန်ရှိသည်။

အမေရိကန်သမ္မတဘိုင်ဒန်အနေဖြင့်လည်း ယင်းဥပဒေကြမ်းကို ဥပဒေတစ်ရပ်အဖြစ် မကြာမီ အတည်ပြုလက်မှတ်ရေးထိုးမည်ဟု မျှော်လင့်နေကြောင်း ယာယီသမ္မတဒူဝါလရှီးလက ဆိုသည်။

အထက်ပါ NDAA ဥပဒေကြမ်းမှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် အရေးပါပြီး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် စစ်ကောင်စီကို ဆန့်ကျင်နေသော NUG၊ NUCC၊ CRPH၊ CDM နှင့် မိတ်ဖက်အဖွဲ့အစည်းများအားလုံး၏ ရုန်းကန်မှုအတွက် အမေရိကန်၏ ကူညီထောက်ပံ့ရေး မူဝါဒကို ထည့်သွင်းပါရှိသည်။

NDAA သည် စစ်ကောင်စီ၊ ခရိုနီများနှင့် စွမ်းအင်ကဏ္ဍ၊ ယင်းနှင့်ဆက်စပ်သော စီးပွါးရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတိုးချဲ့ပြုလုပ်နိုင်မည့် အခွင့်အာဏာပေးထားသည်။

ထို့အပြင် မြန်မာပြည်၏ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ ဒီမိုကရေစီရေးလှုပ်ရှားသည့်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့ကြားတွင်သော်လည်းကောင်း၊ နိုင်ငံတကာအကူအညီပေးရေးလုပ်ငန်းများတွင်သော်လည်းကောင်း ဆက်သွယ်ရေး၊ အမိန့်ပေးထိန်းချုပ်ကွပ်ကဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းခိုင်မာလာစေရန် နည်းပညာနှင့် လက်နက်မဟုတ်သော အထောက်အပံ့များပေးရန် အချက်လည်း ထည့်သွင်းထားသည်။

Facebook

You May Also Like

သတင်း

NDAA ကို အောက်လွှတ်တော်က အတည်ပြုပြီး နောက် ၈ ရက်အကြာတွင် အထက်လွှတ်တော်က ထပ်မံအတည်ပြုပေးလိုက်ခြင်းဖြစ်သည်။ ယင်းသို့ ကာလတိုအတွင်း လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုလိုက်သဖြင့် မကြာမီအတွင်း သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးကာ အတည်ပြုနိုင်ဖွယ်ရှိနေသည်။

သတင်း

အဲဒီဥပဒေကို ပြီးခဲ့တဲ့ တပတ်ကျော် ဒီဇင်ဘာလ ၈ ရက် က အောက်လွှတ်တော်က အတည်ပြု ထားပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ်မခွဲခြားဘဲ လေကြောင်းမှ တိုက်ခိုက်နေသည့် အခြေအနေကိုလည်း ယာယီသမ္မတက မိန့်ခွန်း၌ ထည့်သွင်း ပြောကြားသည်။

သတင်း

လာမည့် ဒီဇင်ဘာလ(၂၂)ရက်တွင် ကျရောက်မည့် ကရင်သက္ကရာဇ် (၂၇၆၂)ခုနှစ် ကရင်နှစ်သစ်ကူးနေ့တွင်ပေးပို့သော ကော်သူးလေတပ်မတော်စစ်ဦးစီးချုပ်၏ သဝဏ်လွှာမိန်းခွန့်တွင် စစ်ဦးစီးချုပ် စောနယ်ဒါးမြက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။