Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ့ဒီမိုကရေစီအရေး အလေးထည့်သွင်းထားသည့် NDAA ကန်အထက်လွှတ်တော် ထပ်မံအတည်ပြု

NDAA ကို အောက်လွှတ်တော်က အတည်ပြုပြီး နောက် ၈ ရက်အကြာတွင် အထက်လွှတ်တော်က ထပ်မံအတည်ပြုပေးလိုက်ခြင်းဖြစ်သည်။ ယင်းသို့ ကာလတိုအတွင်း လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုလိုက်သဖြင့် မကြာမီအတွင်း သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးကာ အတည်ပြုနိုင်ဖွယ်ရှိနေသည်။

ဓာတ်ပုံ - The Economic Times
ဓာတ်ပုံ - The Economic Times

▪️NDAA ကြောင့် လူမျိုးစုလက်နက်ကိုင်များ၊ PDF များ နည်းပညာဆိုင်ရာ အထောက်အပံ့များ မကြာမီကာလအတွင်း ရရှိနိုင်ဖွယ်ရှိ

မြန်မာ့အရေးကို အလေးထားထည့်သွင်းထားသည့် အမေရိကန်ကာကွယ်ရေးဆိုင်ရာဥပဒေကြမ်း(NDAA)ကို အထက်လွှတ်တော်ကလည်း အတည်ပြုပေးလိုက်ပြီဟု အနီးကပ်စောင့်ကြည့်နေသူ နိုင်ငံရေးသုတေသီ ဦးရဲမျိုးဟိန်းက အသိပေးသည်။

“Burma Act ပါဝင်တဲ့ NDAA (National Defense Authorization Act)ကို ခုနလေးတင်ပဲ အထက်လွှတ်တော် Senate က အတည်ပြုလိုက်ပြီး သမ္မတလက်မှတ်ထိုးဖို့ ပို့လိုက်ပါပြီ” ဟု ဝါရှင်တန်အခြေစိုက် Welson Center မှ နိုင်ငံရေးသုတေသီ ဦးရဲမျိုးဟိန်းက ရေးသားသည်။

NDAA ကို အောက်လွှတ်တော်က အတည်ပြုပြီး နောက် ၈ ရက်အကြာတွင် အထက်လွှတ်တော်က ထပ်မံအတည်ပြုပေးလိုက်ခြင်းဖြစ်သည်။ ယင်းသို့ ကာလတိုအတွင်း လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုလိုက်သဖြင့် မကြာမီအတွင်း သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးကာ အတည်ပြုနိုင်ဖွယ်ရှိနေသည်။

ယခုနှစ်ရေးဆွဲထားသော NDAA ဥပဒေကြမ်းတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ထူးခြားချက်များပါဝင်ပြီး မြန်မာပြည်၏ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ ဒီမိုကရေစီရေးလှုပ်ရှားသည့်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့ကြားတွင်သော်လည်းကောင်း၊ နိုင်ငံတကာအကူအညီပေးရေးလုပ်ငန်းများတွင်သော်လည်းကောင်း ဆက်သွယ်ရေး၊ အမိန့်ပေးထိန်းချုပ်ကွပ်ကဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းခိုင်မာလာစေရန် နည်းပညာနှင့် လက်နက်မဟုတ်သော အထောက်အပံ့များပေးရန် အချက်ကို ထည့်သွင်းထားသည်ဟု နိုင်ငံရေးသုတေသီ ဦးရဲမျိုးဟိန်းထံမှ သိရသည်။

ပြီးခဲ့သည့် နှစ်ကတည်းက အမေရိကန် အောက်လွှတ်တော်က မြန်မာစစ်တပ်တာ၀န်ခံမှုရှိရေးနှင့်ပတ်သက်၍ Burma Act ဟု လူသိများသော Burma Unified through Rigorous Military Accountability Act of 2021 ကို ရေးဆွဲ အတည်ပြု​ခဲ့သော်လည်း အထက်လွှတ်တော်က သဘောမတူသဖြင့် ဥပဒေအဖြစ် ထွက်ပေါ် မလာခဲ့ပေ။ ယင်းဥပဒေကြမ်းသည် မြန်မာ့အရေးသီးသန့်ဖြစ်ကာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေးအတွက် ဒီမိုကရေစီ အင်အားစုများကို အားပေးကူညီပံ့ပိုးရန်၊ စစ်အုပ်စု၏ ဝင်ငွေရလမ်းများကို ဖြတ်တောက် ပိတ်ဆို့ရန် အချက်များကို ထည့်သွင်းပြဌာန်းထားသည်။

အဆိုပါ Burma Act ဥပဒေ တစ်ခုလုံးကို ယခုနှစ် NDAA ဥပဒေမူကြမ်းတွင် ထည့်သွင်းရေးဆွဲခဲ့သည်။

ထို့အပြင် ယခုနှစ် NDAA တွင် နောက်ထပ် ထူးခြားချက်အနေဖြင့် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အရပ်ဘက်အုပ်ချုပ်ရေးပြန်ထူထောင်ရန်အားပေးသည့် ဗမာစစ်တပ်မှတပ်ဖွဲ့ဝင်ဟောင်းများနဲ့ပတ်သက်သည့် အစီအစဉ်များ၊ လှုပ်ရှားဆောင်ရွက်မှုများကို ကူညီရန် အချက်ကိုလည်း ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

You May Also Like

သတင်း

NDAA ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုအပြီး ၈ရက်အကြာတွင် အထက်လွှတ်တော်က ထပ်မံအတည်ပြုခဲ့သဖြင့် သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးမည့်အဆင့်သာ ကျန်ရှိသည်။

သတင်း

အဲဒီဥပဒေကို ပြီးခဲ့တဲ့ တပတ်ကျော် ဒီဇင်ဘာလ ၈ ရက် က အောက်လွှတ်တော်က အတည်ပြု ထားပါတယ်။

သတင်း

အိန္ဒိယ၊ သီရိလင်္ကာ၊ ဆော်ဒီအာရေးဘီးယားနဲ့ ဘီလားရုစ်တို့ အပါအဝင် နိုင်ငံတချို့ကတော့ မြန်မာနိုင်ငံကို သံအမတ်တွေ စေလွှတ်ပြီး မင်းအောင်လှိုင်ကို သံတမန်ရေးအရ အသိအမှတ်ပြု ဆက်ဆံနေကြောင်း သိရပါတယ်။

သတင်း

ယမန်နှစ် NDAA ဥပဒေတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ Indo-Pacific ခေါင်းစဥ်အောက်၌ စာမျက်နှာ ၅ မျက်နှာခန့်သာ ပါဝင်ပြီး ယခုနှစ် NDAA ဥပဒေမူကြမ်းတွင် Burma Act ဥပဒေ တစ်ခုလုံးကို ထည့်သွင်းထားသည်ဟု ဦးရဲမျိုးဟိန်းက ဖော်ပြသည်။