Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးနယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အထိနာဟုဆို

ဒီဇင်ဘာ ၁၄ ရက်က ရွာမိဿာရွာအနီးသို့ စစ်ကြောင်းထိုးလာသော အင်အား(၁၀၀)ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့်သေဆုံးပြီး ၁၅ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း အညာကာကွယ်ရေးတပ် ADFက အသိပေးသည်။

စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည်ဟုဆိုသည့် လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-ADF
စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည်ဟုဆိုသည့် လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-ADF

▪️လက်နက်နှစ်လက်နှင့် ကျည်အများအပြား သိမ်းဆည်းရမိဟု ADF ပြော

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ၊ ရွာမိဿာရွာ အနီးတွင် စစ်ကောင်စီတပ်နှင့်ပျူများအား ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုအထိအခိုက်များပြီး လက်နက်နှစ်လက်နှင့် ကျည်အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း(၉)အညာကာကွယ်ရေးတပ် ADFက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၄ ရက်က ရွာမိဿာရွာအနီးသို့ စစ်ကြောင်းထိုးလာသော အင်အား(၁၀၀)ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့်သေဆုံးပြီး ၁၅ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း အညာကာကွယ်ရေးတပ် ADFက အသိပေးသည်။

စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည်ဟုဆိုသည့် လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-ADF
စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည်ဟုဆိုသည့် လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-ADF

ထို့အပြင် စစ်အုပ်စု၏ MA -1 (၂)လက်၊ကျည်ဘောက် (၁၂)ခု၊ 5.56ကျည် (၂၁၀)တောင့်၊လက်ပစ်ဗုံး (၂)လုံး၊ ဦးထုပ် နှစ်လုံးကိုသိမ်းဆည်းနိုင်ခဲ့ကြောင်း အညာကာကွယ်ရေးတပ် ADFက ထုတ်ပြန်သည်။

ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ADFက အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ အညာကာကွယ်ရေးတပ် ADFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ဖြစ်စဥ်နှင့် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုများအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သည် ရေဦးနယ်၊ တောင်ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းရွာများကို ဒီဇင်ဘာလ ၁ဝ ရက်မှစတင်ကာ ဒီဇင်ဘာ ၁၄ ရက်အထိ ပေါက်သာ၊ဇိန့်ဇွန်း၊ပိဋကတ်ကျ၊မုတ်စီ၊ ရွာမိဿာ၊ ချမ်းသာ၊ကုန်းသာနှင့် ရွာသစ်စသည့် ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

အညာကာကွယ်ရေးတပ် ADF(ရွှေဘိုခရိုင်တပ်ရင်း ၉)သည် ဒီဇင်ဘာ ၃ ရက်ကလည်း ရေဦးမြို့နယ်၊ဆည်ကြီးရွာအနီးတွင် လည်းကောင်း၊ ဒီဇင်ဘာ ၅ ရက်က ဒီပဲယင်းမြို့နယ်၊ကုန်းကြီးရွာ၊ အုန်းခါးရွာ၊ မရကန်ရွာများ၏ အနီးတွင်လည်းကောင်း စစ်အုပ်စုနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်အုပ်စုအထိအခိုက်များကြောင်း ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

ပျူစောထီးကြီးစိုးရာ တောပုရွာမှ ပျူများသည် စစ်အုပ်စုနှင့်ပေါင်း၍ PDFအဖွဲ့ဝင်များအားဖမ်းဆီးသတ်ဖြတ်ခြင်း၊ပြည်သူများအား ခြိမ်းခြောက်ငွေညှစ်ခြင်းများ ပြုလုပ်နေသည်။

သတင်း

မြစ်ခြေ - ကျွန်းချောင်းလမ်းတွင် ယခင်ကလည်း စစ်ကောင်စီလက်အောက်ခံ ပျူများနှင့် ဒေသတွင်းPDFများ ပစ်ခတ်မှုအချို့ ရှိခဲ့ဖူးသည်။

သတင်း

ဒီလက်နက်တွေဟာ စစ်ကိုင်းတိုင်းက PDF တွေ ဆီ ပို့မယ့် လက်နက်တွေဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် လူမှုကွန်ရက်အချို့မှာ ဖြန့်ဝေနေကြပါတယ်။

သတင်း

အသက် ၂၈ နှစ်အရွယ်ရဲတပ်သား ယောဟန်ကိုစစ်ကောင်စီတပ်က သက်သေမခိုင်လုံဘဲ ဖမ်းဆီးသွားခြင်းဖြစ်​ကြောင်းဒေသတွင်း တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။