Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU ဖာပွန်ခရိုင်၌ လဝက်အတွင်း တိုက်ပွဲ ၈၀ခန့်ဖြစ်၊ စစ်ကောင်စီတပ် ၂၀ကျော်သေဟု ထုတ်ပြန်

စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက် ကြီး ပစ်ခတ်တိုက်ခိုက်ဗုံးကြဲမှုများကြောင် ဒေသခံ ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြရသည်ဟု အသိပေး ဖော်ပြထားသည်။

စစ်ကောင်စီတပ် လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးနေစဉ်၊ ဓာတ်ပုံ - KPSN
စစ်ကောင်စီတပ် လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးနေစဉ်၊ ဓာတ်ပုံ - KPSN

▪️လေကြောင်း၊ လက်နက်ကြီးများဖြင့် ဒေသခံများအား ပစ်မှတ်ထားတိုက်ခိုက်နေဟု ဖော်ပြ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန် (မူတြော်)ခရိုင် တပ်မဟာ(၅)နယ်မြေ၌ ဒီဇင်ဘာလဝက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင် ၂၀ကျော်သေဆုံးခဲ့သည်ဟု တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၁ရက်မှ ၁၅ရက်အတွင်း ကော်သူးလေ ထိန်းချုပ်နယ်မြေ မူတြော်(ဖာပွန်)ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)နယ်မြေ၌ တိုက်ပွဲ ၇၈ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၂၁ဦး သေဆုံးကာ ဒုတပ်ရင်းမှူး အပါအဝင် ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီ၏ စခန်းအတွင်းရှိ အဆောက်အဦး ခုနစ်ခု ကို ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်း KNLA တပ်မဟာ(၅) ဘက်မှ သုံးဦး ကျဆုံးခဲ့ပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးထားသည်။

စစ်ကောင်စီတပ်မှ စစ်ရဟတ်ယာဉ် တိုက်လေယာဉ်များဖြင့် ၉ကြိမ် လာရောက် ဗုံးကြဲခဲ့ရာ ဗုံး ၆၄ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ကျေးရွာများ နှင့် ဒေသခံများ ၏ လုပ်ငန်းခွင် လယ်ယာ၊ တောင်ယာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား တစ်ဦး အသက်ဆုံးရှုံးခဲ့ပြီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက် ကြီး ပစ်ခတ်တိုက်ခိုက်ဗုံးကြဲမှုများကြောင် ဒေသခံ ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြရသည်ဟု အသိပေး ဖော်ပြထားသည်။

You May Also Like

သတင်း

မဲစာရင်းကောက်ယူမယ့်သူတွေအတွက် သင်တန်းကို ရခိုင်ပြည်နယ် ၊စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ မနေ့က ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

သတင်း

အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်များ မီးရှို့၍ ဒီဇင်ဘာ ၁၆ရက်မှ ၂၀ရက်အတွင်း ရွာပေါင်း ၆ရွာမှ အိမ်ခြေ ၁၀၀ကျော် မီးလောင်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

သတင်း

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီး ကော့နွဲ့ကျေးရွာတွင် ဒီဇင်ဘာလ(၁၉)ရက် နေ့လည်(၁)နာရီအချိန်ခန့်ကစတင်၍ စစ်ကောင်စီစစ်ကြောင်းနှင့် KNLA PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း

မတ္တရာမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းဘေးဝန်းကျင်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မကြာခဏစစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေသည်။