Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကဗျာဆရာမောင်မှိုင်းလွင်(အင်းဝ)နာရေး ဘန်ကောက်မြို့တွင် ပြုလုပ်

၁၉၆၉ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ရန်ကုန်စက်မှုတက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး မှိုင်းရာပြည့်အရေးတော်ပုံတွင် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်။

ဓာတ်ပုံ - PS
ဓာတ်ပုံ - PS

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားသော နိုင်ငံရေးအကျဉ်းသားဟောင်း၊ စာရေးဆရာ၊ကဗျာဆရာ မောင်မှိုင်းလွင်(အင်းဝ)​၏ နာရေးအခမ်းအနားကို ဘန်ကောက်မြို့ရှိ Wat Lak Si ဘုန်းတော်ကြီးကျောင်း၌ ယနေ့ ပြုလုပ်ခဲ့သည်။

ဆရာကြီးမောင်မှိုင်းလွင်(အင်းဝ)သည် ယမန်နေ့ (ဒီဇင်ဘာ ၂၀ရက်) နေ့လယ် ၂နာရီ ၁၇မိနစ်တွင် ဘန်ကောက်မြို့၌ ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွန်လွန်ချိန်တွင် အသက်(၇၂)နှစ်ရှိပြီဖြစ်သည်။

ကဗျာဆရာမောင်မှိုင်းလွင် (အင်းဝ)၏အမည်ရင်းမှာ ဦးတင်အေးကြူဖြစ်ပြီး ၁၉၅၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် အဖ ဦးသန်းစိန်၊ အမိ ဒေါ်မြမေတို့က မန္တလေးတိုင်း၊ တံတားဦးမြို့၌ မွေးဖွားခဲ့သည်။

၁၉၆၉ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ရန်ကုန်စက်မှုတက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး မှိုင်းရာပြည့်အရေးတော်ပုံတွင် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်။

ဦးတင်အေးကြူ၏ နိုင်ငံရေးလှုပ်ရှားဖြတ်သန်းမှုများအနေဖြင့် ၁၉၈၈-၈၉ ဗကသများအဖွဲ့ချုပ် အထက်ဗမာပြည်ဌာနခွဲ အလုပ်အဖွဲ့မှူး၊ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု (နမတ)ပါတီ၊ အထွေထွေအတွင်းရေးမှူး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (မန္တလေး)၊ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (အထက်ဗမာပြည်)တို့တွင် ဆောင်ရွက်ခဲ့သည်။

မှိုင်းရာပြည့်သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးတင်အေးကြူသည် ၁၉၇၆ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ အင်းစိန်ထောင်တွင် တစ်ကြိမ်၊ ရှစ်လေးလုံးအရေးတောင်ပုံတွင် ၁၉၈၉ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ မန္တလေးနန်းတွင်း အကျဉ်းထောင်တွင် တစ်ကြိမ်း ဖမ်းဆီးထောင်ကျခံခဲ့ရသည်။

ဓာတ်ပုံ - PS
ဓာတ်ပုံ – PS

ဦးတင်အေးကြူ၏ ကလောင်အမည်ခွဲများမှာ ပြေကောင်းအောင်၊ မောင်မှိုင်းလွင် (အင်းဝ)၊ မောင်မှိုင်း (အင်းဝ)၊ ဇူဒီသြ စသည့်အမည်တို့ဖြင့် ပဲ့တင်သံ၊ သင့်ဘဝ၊ ပေဖူးလွှာ၊ ရန်ကုန်စက်မှုတက္ကသိုလ်နှစ်လည်၊ ကလျာ၊ ရုပ်ရှင်တေးကဗျာ၊ အောင်ပင်လယ်၊ ပိတောက်ပွင့်သစ်၊ ရနံ့သစ် အစရှိသည့် မဂ္ဂဇင်းများနှင့် သတင်းစာဂျာနယ်များတွင် ဆောင်းပါးများ၊ ကဗျာများ ရေးသားခဲ့သည်။

ထို့ပြင် သီချင်းထဲက သမိုင်း၊ သမိုင်းထဲက သီချင်း၊ နွေဦးငှက်ရဲ့ အိပ်တန်းပြန်၊ ခွပ်မှလှတဲ့ဒေါင်း၊ အမှောင်မှာနေတာ ကျင့်သားရပြီပဲ အစရှိသည့် ဆောင်းပါးနှင့် ကဗျာစာအုပ်များ ထုတ်ဝေခဲ့သည်။

You May Also Like

သတင်း

အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ကတော့ နှစ်ကုန်ပိုင်း ဆောင်ရွက်စရာရှိလို့ မတက်ရောက်နိုင်ကြောင်းအကြောင်းပြန်ထားတယ်လို့ Thai PBS ရဲ့ဖော်ပြချက်အရသိရပါတယ်။

နိုင်ငံတကာ

ဘေဂျင်းနဲ့ တရုတ်နိုင်ငံ အနှံ့မှာ ကိုဗစ်ကြောင့် လတ်တလော သေဆုံးသူ ဘယ်လောက် ရှိသလဲ ဆိုတာကို အတိအကျ မသိရပါဘူး။ တရုတ် အာဏာပိုင်တွေဟာ ဒီဇင်ဘာ ၃ ရက် ကတည်းက ကိုဗစ်ကြောင့် နေ့စဉ် သေဆုံးသူ အရေအတွက် ကြေညာမှုကို ရပ်ဆိုင်းထားလိုက်ပါတယ်။

သတင်း

ဆရာကြည်​ဇော်​အေး အရွယ်ငယ်ငယ်မှာပင်ကွယ်လွန်သွားသဖြင့် စာ​ပေ​လောကနှင့် စာဖတ်သူ၊ကဗျာချစ်သူများက ဝမ်းနည်းနှာ​မြောတသ​ကြောင်း​ရေးသား​နေကြသည်။ကြည်​ဇော်​အေး ​ရေးသားခဲ့​သော ကဗျာစာသားများကို ​ဖေရ်ဘွခ်လူမှုကွန်ယက်တွင်တင်၍ နှုတ်ဆက်​​နေကြသည်။

သတင်း

PNLA ရဲဘော်များ နေရပ်သို့ ခေတ္တအလည်ပြန်စဉ် ပင်လောင်းမြို့နယ် ဝါးပြုံးကျေးရွာ၌ အဖမ်းခံရပြီး သတ်ဖြတ်ခံခဲ့ရကြောင်း PNLA တပ်မှူးတစ်ဦးက ပြောကြားထားသည်။