Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သပိတ်ကျင်းတွင် စစ်ကောင်စီတပ် ယာဥ်တစ်စီးကို မိုင်းခွဲတိုက်ခိုက်၊ သုံးဦးထိခိုက်ဟုဆို

ယနေ့နံနက်တွင်လည်း စစ်ကောင်စီတပ်က အင်အား ၂၀ကျော်ဖြင့် ဆယ်ဇင်းကုန်းကျေးရွာထိပ်လမ်းပိုင်းတွင် ယာဥ်အသွားအလာများအား စစ်ဆေးကာ ဖမ်းဆီး၊ ငွေကောက်ခံမှုများလုပ်ဆောင်နေသည် အထက်ပါရဲဘော်က ရှင်းပြ သည်။

(စစ်ကောင်စီတပ်အားတိုက်ခိုက်ရန် ယမန်နေ့က စောင့်ဆိုင်းနေသည့် ကြာညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ ဓာတ်ပုံ - ပေးပို့)
(စစ်ကောင်စီတပ်အားတိုက်ခိုက်ရန် ယမန်နေ့က စောင့်ဆိုင်းနေသည့် ကြာညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ ဓာတ်ပုံ - ပေးပို့)

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် မင်းကုန်းရွာနှင့် ဆယ်ဇင်းကုန်းကျေးရွာကြားတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် လိုက်ထရပ်ယာဥ်တစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သပိတ်ကျင်းအခြေစိုက် ကြာညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၂၀)ညနေ ၆ နာရီခန့်က စစ်ကောင်စီတပ်သား ၁၀ဦးခန့်လိုက်ပါလာသည့် လိုက်ထရပ်ယာဥ်အား မင်းကုန်းရွာနှင့် ဆယ်ဇင်းကုန်းကျေးရွာကြားတွင် အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်သားများလိုက်ပါလာသည့်ယာဥ်အား တိုက်ခိုက်မှုကို ကြားညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် လျှပ်စစ်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း၍ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဒီမနက်(ဒီဇင်ဘာ ၂၁) တော့သုံးကောင်လောက် ထိတယ်လို့ ကြားရပါတယ်။ အတိအကျတော့ မသိရသေးပါဘူး”ဟု ကြားညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တော် လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ယနေ့နံနက်တွင်လည်း စစ်ကောင်စီတပ်က အင်အား ၂၀ကျော်ဖြင့် ဆယ်ဇင်းကုန်းကျေးရွာထိပ်လမ်းပိုင်းတွင် ယာဥ်အသွားအလာများအား စစ်ဆေးကာ ဖမ်းဆီး၊ ငွေကောက်ခံမှုများလုပ်ဆောင်နေသည် အထက်ပါရဲဘော်က ရှင်းပြ သည်။

အလားတူ သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာအနီး မန္တလေး-ဗန်းမော်လမ်းပိုင်း၌ စစ်ကောင်စီတပ်မှ အင်အား ၅၀ကျော်ဖြင့် ခရီးသွားယာဥ်များအား ဖမ်းဆီး၊ ငွေကောက်ခံကာ စစ်ဆေးမှုများရှိနေသည်။

You May Also Like

သတင်း

မဲစာရင်းကောက်ယူမယ့်သူတွေအတွက် သင်တန်းကို ရခိုင်ပြည်နယ် ၊စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ မနေ့က ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

သတင်း

အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်များ မီးရှို့၍ ဒီဇင်ဘာ ၁၆ရက်မှ ၂၀ရက်အတွင်း ရွာပေါင်း ၆ရွာမှ အိမ်ခြေ ၁၀၀ကျော် မီးလောင်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက် ကြီး ပစ်ခတ်တိုက်ခိုက်ဗုံးကြဲမှုများကြောင် ဒေသခံ ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြရသည်ဟု အသိပေး ဖော်ပြထားသည်။

သတင်း

မတ္တရာမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းဘေးဝန်းကျင်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မကြာခဏစစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေသည်။