Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်အနီးတိုက်ပွဲများကြောင့်ဒေသခံနှစ်ထောင်ကျော်ထွက်ပြေးတိမ်းရှောင်

စစ်ကောင်စီတပ်၏ ကျေးရွာများကိုလက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံအရပ်သားပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရရှိမှုများ ရှိခဲ့သလို နေအိမ်အများအပြားလည်း ထိမှန်ပျက်စီးခဲ့သည်ဟု ဒေသခံတွေက ပြောဆိုသည်။

(တိုက်ပွဲဖြစ်စဉ်ကြောင့် ကော့နွဲကျေးရွာရှိ နေအိမ်တစ်လုံးပျက်စီးနေသည့် မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(တိုက်ပွဲဖြစ်စဉ်ကြောင့် ကော့နွဲကျေးရွာရှိ နေအိမ်တစ်လုံးပျက်စီးနေသည့် မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

ကော့ကရိတ်မြို့အနီး ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ကျေးရွာ(၆)ရွာမှ ဒေသခံပြည်သူ(၂၀၀၀)ဝန်းကျင်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကော့နွဲ့ကျေးရွာတစ်ရွာလုံး လက်နက်ကြီးထိမှန်ခဲ့သည်ဟု ကော့ကရိတ်ဒေသခံများက ပြောကြားသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) နယ်မြေ ကော့ကရိတ်မြို့နယ်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၆)ရက်ကစ၍ ယနေ့ ဒီဇင်ဘာလ(၂၆)ရက်အထိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာမှုများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ကျေးရွာများကို လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်ဆောင်ရွက်နေသည်။

စစ်ကောင်စီတပ်၏ ကျေးရွာများကိုလက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံအရပ်သားပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရရှိမှုများ ရှိခဲ့သလို နေအိမ်အများအပြားလည်း ထိမှန်ပျက်စီးခဲ့သည်ဟု ဒေသခံတွေက ပြောဆိုသည်။

Public Service Announcement
Public Service Announcement

ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်စဉ်အတွင်း ထိခိုက်ကျဆုံးမှုများပြားလာခဲ့သောကြောင့် အရပ်သားပြည်သူအပေါ် ပြန်လည်ပစ်မှတ်ထားပြီး ကျေးရွာများအပေါ်သို့ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်လျက်ရှိနေသည်။

“ဒီစစ်ကောင်စီတွေက ကျေးရွာတွေကို တန်ဖိုးမထားဘူး၊ လူတွေကို တန်ဖိုးမထားဘူး၊ နောက်ပြီးတော့ ကျေးရွာအနှံ့တွေကို ဒီလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့ ဒါမကောင်းဘူးလို့တော့ မြင်တယ်ပေါ့။ သူတို့အနေနဲ့ သူတို့အထိနာတဲ့အခါကျရင် ကျေးရွာတွေအပေါ်ကို ဗုံးတွေကြဲမယ်၊ ဓာတုဗုံးတွေကြဲမယ်၊ နောက်ပြီးတော့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ကြတဲ့အခါကျလို့ရှိရင် ပြည်သူတွေကတော့ ထိခိုက်တာတွေတော့ရှိတာပေါ့” ဟု KNLA ပူးပေါင်းအဖွဲ့မှ တပ်ခွဲမှူးတစ်ဦးက ပြောသည်။

ယခုလို စစ်ကောင်စီတပ်မှ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားပြီး စစ်ရေးလှုပ်ရှားဆောင်ရွက်မှုများကြောင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကော့နွဲ့ကျေးရွာအပါအဝင် ကျောက်စရစ်ကုန်း၊ တတန်ကူး၊ ရွာသစ်ကုန်း၊ အံကလော်နဲ့ မြို့ဟောင်းကျေးရွာ စသော ကျေးရွာများက ဒေသခံပြည်သူ ဒေသခံပြည်သူ(၂၀၀၀)ဝန်းကျင်သည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ အကူအညီများ လိုအပ်လျက်ရှိသည်။

“စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ ဆေးဝါးတွေ အဓိကလိုအပ်နေတယ်။ ကော့နွဲ့ရွာတစ်ရွာလုံး လက်နက်ကြီးထိတယ်” ဟု စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် ကော့ကရိတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သည် လေယာဉ်ပစ်ကူအသုံးပြုသည်သာမက ဟောင်ဝစ်ဇာ၊ အတွဲလိုက်ဒုံး စသည့် လက်နက်ကြီးမျိုးစုံနှင့် သံချပ်ကာယာဉ်ပါ အသုံးပြုတိုက်ခိုက်နေပြီး တပ်အင်အားအများအပြားကိုလည်း တိုးချဲ့အသုံးပြုထားသည်ဟု သိရသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးများကို ဒေသတွင်းသို့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူများစွာ ထိခိုက်မှုများ ရှိနေသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုများလေကြောင်း တိုက်ခိုက်မှုများကို နေ့ည လုပ်ဆောင်ခဲ့ကြောင်း၊ထိုသို့ တိုက်ခိုက်ခဲ့မှုများကြောင့် ဒေသခံများ ထိခိုက်ဆုံးရှုံးမှုများခဲ့ပြီး စိုးရိမ်ထိတ် လန့်နေကြရကြောင်း ၎င်းက ဆိုသည်။

သတင်း

ရဲဘော်များအထိအခိုက်မရှိကြောင်း၊ ထိုစစ်ဆင်ရေးကို Guerrilla Warfare-K.P.K အဖွဲ့ နှင့် Taze Tiger ၊TSR ၊ PLA နှင့် တပ်ရင်း(၈)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

တစ်ပတ်ကျော်ကြာမြင့်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးပစ်ကူများ၊တင့်ကားများ အသုံးပြုတိုက်ခိုက်လာကြောင်း ဒေသခံက ပြောသည်။