Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သပိတ်ကျင်းတွင် ဆိုင်ကယ်ဖြင့်လာသည့် စစ်ကောင်စီဗိုလ်မှူးနှင့်အဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်၊ ခုနစ်ဦးသေဟုဆို

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးပြီး မိုင်းခွဲသည့်နေရာသို့ လူနာတင်ယာဥ်များရောက်ရှိလာကာ သေဆုံးဒဏ်ရာရသူများအား ပြန်သယ်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ကြာညှပ်က ပြောသည်။

(တိုက်ခိုက်ရာတွင် တော်လှန်ရေးတပ်ဖွဲ့များ အသုံးပြုခဲ့သော စလက်မိုင်းများအား တွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)
(တိုက်ခိုက်ရာတွင် တော်လှန်ရေးတပ်ဖွဲ့များ အသုံးပြုခဲ့သော စလက်မိုင်းများအား တွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွင် ခရီးသွားပြည်သူများ၏ယာဥ်များကို ဖမ်းဆီး၊ ငွေညှစ်ပြီးပြန်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးပါဝင်သောယာဥ်တန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ကြာညှပ်က ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၂၁)ညနေ ၆ နာရီခွဲခန့်က မန္တလေး – ဗန်းမော်လမ်းပိုင်း ဆယ်ဇင်းကုန်းကျေးရွာထိပ်နားတွင် ခရီးသွားယာဥ်များအား ဖမ်းဆီး၊ ငွေညှစ်ပြီး ဆိုင်ကယ်ဖြင့်ပြန်လာသော ရဲနှင့်စစ်သား အင်အား (၈)ဦးပါ စစ်ကောင်စီတပ်ကို ကိုးပင်နှင့် ပုတီးဖြူရွာကြားတွင် စလက်မိုင်းနှစ်လုံး၊ ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးပြီး မိုင်းခွဲသည့်နေရာသို့ လူနာတင်ယာဥ်များရောက်ရှိလာကာ သေဆုံးဒဏ်ရာရသူများအား ပြန်သယ်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ကြာညှပ်က ပြောသည်။

“သေတဲ့အထဲ ဗိုလ်မှူးပါ၊မပါ တိကျမသိလိုက်ရဘူးဗျ။ တခါတည်း ကား နှစ်စီးနဲ့ သယ်သွားလို့ပါ”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ကြာညှပ်မှ တော်လှန်ရေးရဲ ဘော်တစ်ဦးက ရှင်းပြသည်။

အထက်ပါ မိုင်းခွဲတိုက်ခိုက်မှုကို သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ လျှပ်စီးပြောက်ကြားတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ကြာညှပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ကြောင်း အထက်ပါရဲဘော်က အသိပေးသည်။

ယနေ့(ဒီဇင်ဘာ ၂၂)နံနက်ပိုင်းတွင် ယမန်နေ့က တိုက် ခိုက်မှုလုပ်ဆောင်ခဲ့သည့်နေရာသို့ စစ်ကောင်စီတပ်သား အင်အား (၂၀)ခန့်ရောက်ရှိနေပြီး မန္တလေး-ဗန်းမော်လမ်းအား ပိတ်ဆို့စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

You May Also Like

သတင်း

ယခုဒီဇင်ဘာလလယ်ပိုင်းကလည်း ညောင်ပင်ဝန်းရဲစခန်းရှိ စစ်ကောင်စီတပ်ကို ဒေသကကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

သတင်း

ကျန်တဲ့သူတွေကတော့ လိုင်စင်မရှိဘဲ ကျောက်မျက်ရောင်းဝယ်တဲ့ပုဒ်မ ၅၁(ခ) ၊ပူးပေါင်းကြံစည်မှု ကျောက်မျက်ပုဒ်မ ၅၄ တို့နဲ့စွဲဆိုပြီး ထောင်ဒဏ်တွေချခံရတာပါ။

သတင်း

တိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်အချို့ရှိပြီးစစ်ရေးအခြေအနေမှာလည်း ဆက်လက်တင်းမာနေဆဲဟု ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် အင်အား ၈၀ဖြင့် ကလေးမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးလာစဉ် ဇင်းကလင်းရွာနှင့်ထိုမာကျရွာ ကြားတွင် ယနေ့ မနက်ပိုင်းကမိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။