Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်နှစ်ကြိမ်တိုင်မီးရှို့ခဲ့​သောရေစကြိုမြို့နယ်ဗြိဘရွာမီးဘေးသင့်ပြည်အကူညီများလိုအပ်​နေ

ဗြိဘရွာကို ၂၀၂၂ ဇူလိုင်လ ၂ ရက်တွင် တစ်ကြိမ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် တစ်ကြိမ်နှစ်ကြိမ်တိုင်တိုင် စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်။

(ဗြိဗရွာမှ မီးရှို့ခံရ​သော​နေအိမ်များ ။ ။ဓါတ်ပုံ-PS)
(ဗြိဗရွာမှ မီးရှို့ခံရ​သော​နေအိမ်များ ။ ။ဓါတ်ပုံ-PS)

စစ်ကောင်စီတပ်နှစ်ကြိမ်တိုင်တိုင်မီးရှို့ခဲ့သည့် ရေစကြိုမြို့နယ်၊ ဗြိဘရွာတွင် ပြည်လည်ထူထောင်ရန် အကူအညီများလိုအပ်နေသည်ဟု ​ဒေသခံများကပြောသည်။

ဗြိဘရွာကို ၂၀၂၂ ဇူလိုင်လ ၂ ရက်တွင် တစ်ကြိမ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် တစ်ကြိမ်နှစ်ကြိမ်တိုင်တိုင် စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်။

“အိမ်ပြန်ဆောက်ဖို့ကော စားဝတ်နေရေးကိုအခက်အခဲဖြစ်နေတာပါ”ဟုအိမ်မီးရှို့ခံရသည့် ဗြိဘရွာသားတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ကနေအိမ်များကို ပြာကျ​အောင်မီးလောင်အောင် ရှို့ခဲ့ခြင်းဖြစ်သည်။ ဗြိဘရွာသည် အိမ်ခြေ ၅၀၀ကျော်ရှိပြီး လူဦးရေ ၃၀၀၀ကျော်​နေထိုင်ခဲ့​သောရွာဖြစ်သည်။

ဗြိဘရွာအနီးနားရှိကျေးရွာများတွင်လည်း စစ်ကောင်စီတပ်က မီးရှို့ခြင်းကြောင့် ကျေးရွာအချင်းချင်းပြန်လည်ကူညီရန်လည်း အခက်အခဲများဖြစ်နေသည်ဟုမီးဘေးသင့်ပြည်သူများက​ပြောသည်။

(ဗြိဗရွာမှ မီးရှို့ခံရ​သော​နေအိမ်များ ။ ။ဓါတ်ပုံ-PS)
(ဗြိဗရွာမှ မီးရှို့ခံရ​သော​နေအိမ်များ ။ ။ဓါတ်ပုံ-PS)

စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၈ ရက် ဗြိဘရွာကို ဒုတိယအကြိမ်မီးရှို့ရွာ အိမ်ခြေ ၇၀ကျော်မီးလောင်ခဲ့ပြီး ဇူလိုင်လက မီးရှို့ခဲ့ရာတွင် အိမ်ခြေ ၂၀ကျော်မီးလောင်ခဲ့သည်။

ဇူလိုင် ၂ ရက် မနက် ၁၀နာရီတွင်ဗြိဘရွာကို စစ်ကောင်စီတပ်က မီးရှို့ပြီးနောက် ဒေသခံကာကွယ်ရေးတပ်များနှင့် မိနစ် ၃၀ ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။

Public Service Announcement
Public Service Announcement

ဒီဇင်ဘာ ၁၈ ရက်တွင် ဒေသခံကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက်တွင်စစ်ကောင်စီတပ်ကရွာကိုမီးရှို့ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်​ကောင်စီတပ်ကျေးရွာအတွင်း ပိတ်မိနေပြီးနောက် ဗြိဘရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်။

You May Also Like

သတင်း

နေ့ဘက်တိုက်ပွဲများတွင်အထိနာနေသဖြင့် စစ်ကောင်စီစစ်ကြောင်းများသည် ယခုအခါ ညဘက်စစ်ကြောင်းထိုးသည့်ဗျူဟာကို အသုံးပြုလာသည်ဟုမြောင်မြို့နယ် လုံခြုံရေးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -CDSOMတာဝန်ခံကိုနွေဦးကပြောသည်။

ဗီဒီယို

လက်ရှိကာလမှာ ခရစ္စမတ်၊ နှစ်သစ်ကူး၊ လွတ်လပ်ရေးစတဲ့ အထိမ်းအမှတ် ပွဲတော်‌တွေပြုလုပ်နေပေ မယ့် ဖြစ်နိုင်ရင်တော့ အိမ်မှာပဲ မိသားစုနှင့်အတူ ဖြတ်သန်းဖို့ တိုက်တွန်းထားပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာက နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။

သတင်း

နယ်မြေရှင်းလင်းရန်သွားရောက်သည့် တော်လှန်ရေးရဲဘော်လေးဦးအနက်မှ တစ်ဦးကျဆုံးပြီး သေနတ်တစ်လက်၊ကျည်ဘောက်ငါးခု အပါအဝင် ကျည် (၁၈၀)ခန့်နှင့် လက်ပစ်ဗုံးတစ်လုံးဆုံးရှုံးခဲ့ကြောင်း ဗိုလ်အောင်မောင်းက ရှင်းပြသည်။