Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့နယ် တောပုရွာရှိပျူများနှင့် စစ်ကောင်စီတပ်အား တိုက်ခိုက်

ယနေ့ (ဒီဇင်ဘာ ၂၇ ရက်)ညနေ ၃နာရီခန့်က မုံရွာမြို့နယ်ရှိ ပျူစောထီးကြီးစိုးရာ တောပုရွာရှိ ပျူများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မုံရွာကျောက္ကာလမ်းပေါ်ရှိ စစ်ကောင်စီတပ်သားများ ၊ဓာတ်ပုံ - CJ(ပုံဟောင်း)
မုံရွာကျောက္ကာလမ်းပေါ်ရှိ စစ်ကောင်စီတပ်သားများ ၊ဓာတ်ပုံ - CJ(ပုံဟောင်း)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ တောပုကျေးရွာရှိ ပျူစောထီးများနှင့် ကင်းပုန်းဝပ်စစ်ကောင်စီတပ်အား လက်ပစ် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၂၇ ရက်)ညနေ ၃နာရီခန့်က မုံရွာမြို့နယ်ရှိ ပျူစောထီးကြီးစိုးရာ တောပုရွာရှိ ပျူများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် ညနေ ၄ နာရီခွဲခန့်တွင်လည်း မုံရွာမြို့ မန်ကျည်းပင်စျေးအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်ပစ်ဗုံးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းတာဝန်ခံက ပြောသည်။

“တောပုရွာကိုပစ်တာက အချိန်က ၁၀မိနစ်လောက် ကြာခဲ့ပါတယ်။ပြီးတော့ မုံရွာမြို့ မန်ကျည်းပင်စျေးနားက စကစတွေ ကင်းပုန်းဝပ်နေတာကို နာနတ်သီးနဲ့တိုက်ခိုက်ခဲ့ပါတယ်။ စကစ​တွေက မတ်တူးကားနဲ့လိုက်ပါတယ်။ ကလေးတွေ ဘေးမသီရန်မခဘဲပြန်လည် လွတ်မြောက်လာပါတယ်”ဟု ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား Monywa UG တပ်ပေါင်းစုအဖွဲ့များနှင့်အတူ ဆောင်ရွက်ခဲ့ပြီး ရဲဘော် များအထိအခိုက်မရှိကြောင်း၊ စစ်အုပ်စုထိခိုက်မှုအခြေအနေကို စုံစမ်းနေကြောင်း အသိပေးသည်။

ယခု ဒီဇင်ဘာအတွင်း မုံရွာမြို့နယ် တောပုကျေးရွာရှိပျူများအား ဒေသတွင်း PDFများက ဆက်တိုက်နီးပါး တိုက်ခိုက်နေသည်။

You May Also Like

သတင်း

ယနေ့(ဒီဇင်ဘာ ၂၈ ရက်) နံနက် ၁၁နာရီ မိနစ်၄၀ခန့်က စတင်ကာ စစ်ကောင်စီ၏ တပ်မ(၃၃) စစ်ကြောင်းသည် မြင်းဆည်ကျေးရွာကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဒီဇင်ဘာ ၁၆ ရက်တွင်အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က) ဖြင့်စွပ်စွဲ၍ အလုပ်နဲ့ထောင်ဒဏ် ၄နှစ်ချမှတ်ခဲ့သည်။

သတင်း

ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁နာရီ ၁၀မိနစ်ခန့် အာဏာသိမ်းစစ်ကောင်စီတပ်သည် Su-30 တိုက်လေယာဉ်ဖြင့် အထူးဒေသ(၁) မုံးကိုးခရိုင် လိုင်ရင်ဒေသရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA) ခံတပ်ကို ဗုံး ၁၀လုံးကြဲချ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

CDM ဆရာဝန်တွေ ၊သူနာပြုတွေ ၊ ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန္တလေးမှာ ပဲ စစ်ကောင်စီတပ်ဟာ ဆေးခန်းပိုင်ရှင်ကိုဖမ်းပြီးဆေးခန်းကို ချိတ်ပိတ်တာတွေလည်းလုပ်ခဲ့ပါတယ်။