Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပျူစခန်းတိုက်ခိုက်ခံရ၍ စစ်ကူလာသည့် စစ်ကောင်စီတပ်ပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရ

ဒီဇင်ဘာ ၂၇ ရက် နံနက် ၁ နာရီ ၅၄ မိနစ်ခန့်ကလည်း ငါးဇွန်မြို့နယ်၊ ဆုံရွာတွင် တပ်စွဲနေထိုင်သောပျူများအား ဒေသတွင်း PDFများက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

ပျူစခန်းတိုက်ခိုက်ခံရ၍ စစ်ကူလာသည့် စစ်ကောင်စီတပ်ပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရ
ပျူစခန်းတိုက်ခိုက်ခံရ၍ စစ်ကူလာသည့် စစ်ကောင်စီတပ်ပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ပျူစောထီးစခန်းတိုက်ခိုက်ခံရ၍ စစ်ကူလာသည့် စစ်ကောင်စီတပ်အား ပဒေသာမိုင်းဖြင့်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက် သေဆုံးမှုများရှိကြောင်း နောင်ရိုးအထူးပြောက်ကျား တပ်(NYSGF)က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၇ ရက် နံနက် ၂နာရီခန့်က မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာမှ ဆုံရွာကျေးရွာသို့ စစ်ကူပေးရန် ထွက်လာသော စစ်ကားအသေးတစ်စီးအား ဆီမီးခုံ – နဘူးအိုင် ကားလမ်းပေါ် ပင်လယ်ရွာနှင့် ကန်နီကျေးရွာကြားအရောက်တွင် ပဒေသာမိုင်း ၅လုံးတွဲဖြင့် အသင့်စောင့်ဆိုင်းကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း NYSGFက အသိပေးသည်။

ထိုသို့ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့​ကြောင်း အတည်ပြုနိုင်ပြီး မိုင်းဆွဲခံရသော စစ်ကားမှာ နဘူးအိုင်ရွာသို့ ကြိုးဖြင့် ဆွဲ၍ပြန်သွားခဲ့ကြောင်း NYSGFက ဆိုသည်။

ထို့အပြင် PDF ရဲဘော်များမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ပြီး ထိုစစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်းအမှတ် (၆) တပ်ခွဲ (၁) နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF၊ တပ်ရင်းအမှတ် (၁) 27 Revolution Force မဟာမိတ်ညီနောင် ၂ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ နောင်ရိုးအထူးပြောက် ကျားတပ် NYSGFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဒီဇင်ဘာ ၂၇ ရက် နံနက် ၁ နာရီ ၅၄ မိနစ်ခန့်ကလည်း ငါးဇွန်မြို့နယ်၊ ဆုံရွာတွင် တပ်စွဲနေထိုင်သောပျူများအား ဒေသတွင်း PDFများက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၁နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး ပျူသုံးဦးသေဆုံးကာ ၁၀ဦးနှင့်အထက် ဒဏ်ရာရှိခဲ့သည်ဟု သတင်းရကြောင်း YSO.ISA (ရေလယ်ကျွန်းဒေသပြောက်ကျားတပ်ဖွဲ့)က သတင်းထုတ်​​ပြန်ထားသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ယမန်နေ့နံနက်ပိုင်းကလည်း စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာ၊ သုံးလင့်ရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အများအပြား မီးလောင်ဆုံးရှုံးခဲ့သည်။

သတင်း

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဒီဇင်ဘာ ၅ရက်တွင် မန္တလေးမြို့၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

ဒီဇင်ဘာ ၂၆ ရက်က ကံကြီးကုန်းရွာရှိ ပျူစခန်းနှင့် အမြင့်ရဲစခန်းတို့အား ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

သတင်း

တမူးမြို့တွင် လတ်တလော၌ တိုက်ပွဲများ ငြိမ်သက် နေသည်။ ဒီဇင်ဘာ၂၇ရက်က တမူးမြို့မှ ပျူစောထီးခေါင်းဆောင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။