Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီက တမူးမြို့ခံကိုးဦးအား မတရားဖမ်းဆီးပြီး ထောင်ဒဏ်များချမှတ်

တမူးမြို့တွင် လတ်တလော၌ တိုက်ပွဲများ ငြိမ်သက် နေသည်။ ဒီဇင်ဘာ၂၇ရက်က တမူးမြို့မှ ပျူစောထီးခေါင်းဆောင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

စစ်ကောင်စီက တမူးမြို့ခံကိုးဦးအား မတရားဖမ်းဆီးပြီး ထောင်ဒဏ်များချမှတ်
စစ်ကောင်စီက တမူးမြို့ခံကိုးဦးအား မတရားဖမ်းဆီးပြီး ထောင်ဒဏ်များချမှတ်

စစ်ကောင်စီကို မထောက်ခံသော တမူးမြို့ခံကိုးဦးအား မတရားဖမ်းဆီးပြီး ထောင်ဒဏ်များချမှတ်လိုက်​​​ခြင်းမှာ သူရဲဘောကြောင်သည့်လုပ်ရပ် ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံများက ဝေဖန်လိုက်သည်။

တမူးမြို့မှ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးနှစ် ဦး၊အမျိုးသား ခုနစ်ဦးက်ို စစ်ကောင်စီက ဒီဇင်ဘာလဆန်းတွင် ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးပြီး ၁၉ရက်အကြာတွင် ထောင်ဒဏ် (၂)နှစ်စီချမှတ်လိုက်သည်ဟု တမူးမြို့တော်လှန်ရေးအင်အားစုများကပြောသည်။

“ဒီခရစ်စမတ်ကာလမှာ အမိန့်ချတာ။ ဖမ်းတာနဲ့ ထောင်ဒဏ်ချတာ ၁၉ရက်ပဲ ကြာတယ်။ စစ်ကောင်စီက တော်တော်အကြောက်တရားကြီးနေတာ”ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။

အထက်ပါ မြို့ခံကိုးဦးသည် ပုဒ်မ ၅၀၅(ခ)ဖြင့်အမှုဖွင့်ခံရပြီး ထောင်ဒဏ် (၂)နှစ်စီချမှတ်လိုက်ခြင်းဖြစ်သည်။

“ပြည်သူ့ထောက်ခံမှုလည်း မရ။ ပျူစောထီးတွေကို လူသတ်၊ဓားပြတိုက်ခိုင်းပြီး မြို့ကို အုပ်ချုပ်ဖို့ကြိုးစားနေတာ။PDF တွေနဲ့လည်း ထိပ်တိုက်ရင် ဆိုင်မတိုက်ရဲဘဲ ပြည်သူကိုပဲမဲနေတာ။ တော်တော်ကို သူရဲဘောကြောင်တဲ့ စစ်တပ်”ဟု တမူးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

တမူးမြို့တွင် လတ်တလော၌ တိုက်ပွဲများ ငြိမ်သက် နေသည်။ ဒီဇင်ဘာ၂၇ရက်က တမူးမြို့မှ ပျူစောထီးခေါင်းဆောင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ယမန်နေ့နံနက်ပိုင်းကလည်း စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာ၊ သုံးလင့်ရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အများအပြား မီးလောင်ဆုံးရှုံးခဲ့သည်။

သတင်း

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဒီဇင်ဘာ ၅ရက်တွင် မန္တလေးမြို့၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

ဒီဇင်ဘာ ၂၆ ရက်က ကံကြီးကုန်းရွာရှိ ပျူစခန်းနှင့် အမြင့်ရဲစခန်းတို့အား ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

သတင်း

ဒီဇင်ဘာ ၂၇ ရက် နံနက် ၁ နာရီ ၅၄ မိနစ်ခန့်ကလည်း ငါးဇွန်မြို့နယ်၊ ဆုံရွာတွင် တပ်စွဲနေထိုင်သောပျူများအား ဒေသတွင်း PDFများက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။