Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆောတွင်​စစ်တပ်လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့်ဒဏ်ရာရသူ၇ ဦးတွင် နှစ်ဦးပြင်းထန်၊ အကူအညီများလိုအပ်

ဆောမြို့နယ် နောင်ကန်ရွာနှင့် ကျင်းလုံရွာကို စစ်ကောင်စီက ယမန်နေ့(ဒီဇင်ဘာလ ၂၆ရက်)နေ့လယ် ၂နာရီခန့်တွင် လေကြောင်းမှ ရုတ်တရက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ကွယ်လွန်ခဲ့သူ​လေးဦးရုပ်အ​လောင်းနှင့် အပျက်အစီး ၊ကျည်ဆန်အစိတိအပိုင်းအချို့ ။ ။ဓါတ်ပုံ-YRPA)
(စစ်​ကောင်စီတပ်​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ကွယ်လွန်ခဲ့သူ​လေးဦးရုပ်အ​လောင်းနှင့် အပျက်အစီး ၊ကျည်ဆန်အစိတိအပိုင်းအချို့ ။ ။ဓါတ်ပုံ-YRPA)

ပြည်သူလေးဦးသေဆုံးပြီး ၊ခုနှစ်ဦးဒဏ်ရာရခဲ့သည့်ယောဒေသဆောမြို့နယ်အတွင်းစစ်ကောင်စီတပ်၏ ဒီဇင်ဘာ ၂၆ ရက်လေကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရသူများအနက်နှစ်ဦးသည်ဒဏ်ရာပြင်းထန်၍ အရေးပေါ်အခြေအနေဖြင့် ကုသနေရဆဲဖြစ်​ကြောင်းသိရသည်။

“တစ်အိမ်ထဲကနေမိသားစုဝင်သုံးဦးသေဆုံးတယ်။ ခုနှစ်ဦးဒဏ်ရာရပြီး နှစ်ဦးအခြေအနေစိုးရိမ်နေရတယ်။ ဆေးဝါးအခက်အခဲတွေနဲ့မို့ ပိုပြီး ဒုက္ခရောက်ကြရတယ်” ဟု ​ဆောဒေသပြည်သူ့ကာကွယ်ရေးတပ် ​(ဆော- PDF )တပ်ရင်း(၂) -YRPAမှ ပြန်ကြားရေးတာဝန်ခံက People’s Spring သို့ပြောသည်။

(စစ်​ကောင်စီတပ်​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ကွယ်လွန်ခဲ့သူ​လေးဦးရုပ်အ​လောင်းနှင့် အပျက်အစီး ၊ကျည်ဆန်အစိတိအပိုင်းအချို့ ။ ။ဓါတ်ပုံ-YRPA)
(စစ်​ကောင်စီတပ်​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ကွယ်လွန်ခဲ့သူ​လေးဦးရုပ်အ​လောင်းနှင့် အပျက်အစီး ၊ကျည်ဆန်အစိတိအပိုင်းအချို့ ။ ။ဓါတ်ပုံ-YRPA)

ဆောမြို့နယ် နောင်ကန်ရွာနှင့် ကျင်းလုံရွာကို စစ်ကောင်စီက ယမန်နေ့(ဒီဇင်ဘာလ ၂၆ရက်)နေ့လယ် ၂နာရီခန့်တွင် လေကြောင်းမှ ရုတ်တရက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” ဗုံးနဲ့ပစ်ချပြီးပြီးချင်းနောက်တစ်ပတ်ပြန်လာပြီးတော်ပီဒိုနဲ့ ပစ်တာ။ အုန်းပင်တောင်ထက်ပိုင်းကျိုးပြီး အိမ်ပေါ်ပိတာ။ အိမ်ထဲမှာနေသူတွေသေဆုံးသွားကြတယ်”ဟု​ဆော PDF တပ်ရင်း(၂) -YRPA ပြန်ကြားရေးတာဝန်ခံကဆက်​ပြောသည်။

(စစ်​ကောင်စီတပ်​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ကွယ်လွန်ခဲ့သူ​လေးဦးရုပ်အ​လောင်းနှင့် အပျက်အစီး ၊ကျည်ဆန်အစိတိအပိုင်းအချို့ ။ ။ဓါတ်ပုံ-YRPA)
(စစ်​ကောင်စီတပ်​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ကွယ်လွန်ခဲ့သူ​လေးဦးရုပ်အ​လောင်းနှင့် အပျက်အစီး ၊ကျည်ဆန်အစိတိအပိုင်းအချို့ ။ ။ဓါတ်ပုံ-YRPA)

ဒေသတွင်း စစ်ရေးလှုပ်ရှားမှုမရှိဘဲ ပြည်သူ့လူထုကို ဦးတည်၍ စစ်ကောင်စီ တိုက်ခိုက်​​​ခြင်းဟု ယောဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့The Youth Force (​ဆော နှင့်​ကျောက်ထု)မှ အရာရှိတစ်ဦးကပြောသည်။

တစ်အိမ်ထဲမှ မိသားစုဝင် သုံးဦးနှင့် နောက်ထပ်အိမ်တစ်အိမ်မှ အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။ ခုနှစ်ဦးဒဏ်ရာရခဲ့ပြီး နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း ​​ဆောPDF တပ်ရင်း(၂) -YRPAက ဆိုသည်။ ဒဏ်ရာရသူများကို CDM ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဆေးကုသမှုပေးနေသည်။

” သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ၊ ဒဏ်ရာရသူတွေဟာ အကူအညီတွေ လိုအပ်နေပါတယ်။ ဆေးဝါးတွေကကန့်သတ်ခံထားရတာ ၂ နှစ်ရှိပြီ။ ဆေးဝါးလုံလောက်မှုကမရှိဘူး။ အခုလိုကြုံတော့အခြေအနေတွေကပိုဆိုးတယ်”ဟု​ဆောPDF တပ်ရင်း(၂) -YRPA ပြန်ကြားရေးတာဝန်ခံကဆက်​ပြောသည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်မှုများအတွက် ပြည်သူများအနေဖြင့် အကူအညီပေးလိုပါက Saw PDF တပ်ရင်း(၂) -YRPA ၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သော https://www.facebook.com/profile.php?id=100081257361230 သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

You May Also Like

သတင်း

တိုက်ပွဲအတွင်း PDFများဘက်က ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း၊ ကျန်ရဲဘော်များအားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း YSO.ISA ၏ ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

သတင်း

ယနေ့ (ဒီဇင်ဘာ ၂၇ ရက်)ညနေ ၃နာရီခန့်က မုံရွာမြို့နယ်ရှိ ပျူစောထီးကြီးစိုးရာ တောပုရွာရှိ ပျူများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ယမန်နေ့ တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်ကမိုးလှိုင်းကုန်းရွာကိုမီးရှို့ခဲ့ပြီး နေအိမ် ၁၆လုံးမီးလောင် ပျက်ဆီးခဲ့ကြောင်း Indaw Revolution က ဖော်ပြသည်။

သတင်း

ဒီဇင်ဘာ ၂၇ရက် နံနက်က ရေးမြို့နယ် ကျောင်းရွာသို့ ဝင်လာသည့် ရေးမြို့အခြေစိုက် ခလရ (၅၉၁) တပ်ရင်းမှ စစ်ကားကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဓာတ်ပုံနှင့်အတူ ဖော်ပြသည်။