Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်မြို့နယ်တွင် စစ်တပ်ကညပိုင်းစစ်​ကြောင်းထိုး​နေ၍ စစ်​ရှောင်ပြည်သူများသတိပြုရန် PDFတိုက်တွန်း

နေ့ဘက်တိုက်ပွဲများတွင်အထိနာနေသဖြင့် စစ်ကောင်စီစစ်ကြောင်းများသည် ယခုအခါ ညဘက်စစ်ကြောင်းထိုးသည့်ဗျူဟာကို အသုံးပြုလာသည်ဟုမြောင်မြို့နယ် လုံခြုံရေးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -CDSOMတာဝန်ခံကိုနွေဦးကပြောသည်။

(စစ်ဘေးရှောက်ပြည်သူများအားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်ကူညီ​ထောက်ပံ့စဥ်။ ဓါတ်ပုံ-CDSOM)
(စစ်ဘေးရှောက်ပြည်သူများအားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်ကူညီ​ထောက်ပံ့စဥ်။ ဓါတ်ပုံ-CDSOM)

မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကညဘက်စစ်ကြောင်းထိုးသည့် ပုံစံပြောင်းနေသောကြောင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ပိုမိုသတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးသည်။

နေ့ဘက်တိုက်ပွဲများတွင်အထိနာနေသဖြင့် စစ်ကောင်စီစစ်ကြောင်းများသည် ယခုအခါ ညဘက်စစ်ကြောင်းထိုးသည့်ဗျူဟာကို အသုံးပြုလာသည်ဟုမြောင်မြို့နယ် လုံခြုံရေးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -CDSOMတာဝန်ခံကိုနွေဦးကပြောသည်။

” ပြည်သူတွေဘက်က ပိုပြီးသတိထားဖို့လိုနေတယ်။ တောထဲမှာစစ်ရှောင်နေကြရတော့ စစ်ကြောင်းကသူတို့ကိုမိုင်းဆွဲမယ့်သူတွေထင်ပြီးလည်း ပစ်ခတ်သွားနိုင်တယ်။ ကျွန်တော်တို့နဲ့ မဟာမိတ်တွေကတော့စစ် ​ေ-လမ်းကြောင်းကို အမြဲပို့နေပါတယ်” ဟု ကိုနွေဦးကပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည်မြောင်မြို့နယ်အတွင်းကျေးရွာများကို ဒီဇင်ဘာလဆန်းပိုင်းက စစ်ကြောင်းထိုးခဲ့စဥ် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် အထိနာခဲ့သည်။ထို့ကြောင့်ယခုအခါညဘက်စစ်ကြောင်းထိုးသည့်ဗျူဟာကို စစ်ကောင်စီက အသုံးပြုလာခြင်းဖြစ်သည်။ထို​ကြောင့်ဒေသတွင်းပြည်သူ့ကာကွယ်ရေးမဟာမိတ်များသည် ယခုရက်ပိုင်းအတွင်းတွေ့ဆုံကာစစ်ကောင်စီတပ်၏ပြောင်းလဲလာသည့်ဗျူဟာများကို တုန့်ပြန်ရေးဆွေးနွေးခဲ့ကြသည်။

ထို့အပြင် စစ်ကောင်စီတပ်သည်အမျိုးသားညီညွတ်ရေးအစိုးရ၏ စာသင်ကျောင်းများ၌ကျောင်းမတက်ကြရန်လည်း မြောင်မြို့ပေါ်တွင် လိုက်လံစည်းရုံးနေသည်ဟု​ဒေသခံများက​ပြောသည်။

You May Also Like

သတင်း

ကံကြီးကုန်းကျေးရွာကို ပြည်သူ့ကာကွယ်ရေးမဟာမိတ် (၁၀)ဖွဲ့ထက်မနည်းက ဝင်ရောက်စီးနင်းပြီး ပျူခေါင်းဆောင်လှဆင့်ကို ဖမ်းဆီးခဲ့​​ခြင်းသည် စစ်ကောင်စီကို အထိနာစေသည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

သတင်း

ဝမ်းတွင်းမြို့နယ်၊ ညောင်တိုအုပ်စု (၇)ရွာအုပ်ကြီးပြည်အေးဆိုနှင့် သူ၏သား စိုင်းမြင့်အောင်ပြေ (ခ)ပုလုံးတို့ကို ယမန်နေ့(ဒီဇင်ဘာ ၂၄ ရက်) ည ၈ နာရီခန့်က ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း WTRF အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

အဆိုပါ ဖမ်းဆီးမှုတွင် ပုလောဒေသကာကွယ် ရေးတပ်ဖွဲ့ (PRDF) ၊ ပုလောပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PPDF)နှင့် အရိပ်ပြောက်ကျားတပ်ဖွဲ့ (PSGF)တို့ ပူးပေါင်းပါဝင်ခဲ့သည်။

ဗီဒီယို

လက်ရှိကာလမှာ ခရစ္စမတ်၊ နှစ်သစ်ကူး၊ လွတ်လပ်ရေးစတဲ့ အထိမ်းအမှတ် ပွဲတော်‌တွေပြုလုပ်နေပေ မယ့် ဖြစ်နိုင်ရင်တော့ အိမ်မှာပဲ မိသားစုနှင့်အတူ ဖြတ်သန်းဖို့ တိုက်တွန်းထားပါတယ်။