Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နွားထိုးကြီး – မြင်းခြံလမ်းတွင် စစ်ကောင်စီယာဥ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်

နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်အာဏာရှင်ဆန့်ကျင်သူများအား ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေပြီး ဒေသတွင်း PDFအဖွဲ့အချို့ကလည်း တန်ပြန်တိုက်ခိုက်နေသည်။

(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ - Myingyan Citizen Journalist)
(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ - Myingyan Citizen Journalist)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် မြင်းခြံမှ နွားထိုးကြီးမြို့သို့ ထွက်လာသော စစ်ကောင်စီယာဥ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း Natogyi People Defence Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒီဇင်ဘာ ၃၀ရက် နံနက် ၇နာရီခန့်က မြင်းခြံမြို့နယ်မှ နွားထိုးကြီးမြို့နယ်အတွင်းသို့ ထွက်လာသော အင်အား ၅၉ခန့်ပါ စစ်ကောင်စီယာဥ်တစ်စီးအား ဘဟက်တောကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့သော်လည်းအရေ အတွက် အတိအကျကို စုံစမ်းစစ်‌ဆေးနေဆဲဖြစ်ကြောင်း NPDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အရပ်စကားနဲ့ကြားတာကတော့ ခုနစ်ယောက်သေတယ်။ထိတာအကုန်လုံး ၁၅ယောက်ပေါ့။ အသံထွက်နေတယ်။ ကိုယ့်ဘက်ကအတည်မပြုနိုင်သေးတော့ ထည့်ပြီးရေးမထားတာ”ဟု NPDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်အုပ်စု၏ ထိခိုက်မှုအခြေအနေအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်အာဏာရှင်ဆန့်ကျင်သူများအား ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေပြီး ဒေသတွင်း PDFအဖွဲ့အချို့ကလည်း တန်ပြန်တိုက်ခိုက်နေသည်။

You May Also Like

သတင်း

မြင်းမူမြို့နယ်တွင် မြို့ပေါ်၌လည်းကောင်း၊ မုံရွာ - လမ်းပိုင်း၌လည်းကောင်း စစ်ကောင်စီတပ်အား ဒေသတွင်းPDFများက မကြာခဏ တိုက်ခိုက်နေသည်။

သတင်း

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီသည် ရန်ကုန်နှင့် မန္တလေးမြို့အပါအဝင် မြို့ကြီးများ၌ နှစ်သစ်ကူးပွဲကျင်းပရန် စီစဉ်နေပြီး နှစ်သစ်ကူးညတွင် ညမထွက်ရအမိန့် သတ်မှတ်ချက်များ ခေတ္တပယ်ဖျက်ကြောင်း ကြေညာထားသည်။

သတင်း

တပ်မဟာ ၂ နယ်မြေထဲမှာ စစ်အုပ်စု ကိုအကျိုးဖြစ်ထွန်းစေမယ့် လုပ်ရပ်နဲ့အကျိုးစီးပွားမှန်သမျှကို ဆန့်ကျင် ကြဖို့လိုတယ်လို့လည်း ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။