Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာပြည်သူများ၏ ခိုင်မာသည့် ဒီမိုကရေစီ မျှော်မှန်းချက်များကို ကနေဒါ ဆက်လက်အားပေးထောက်ခံမည်

ကနေဒါသည် စစ်တပ်အာဏာသိမ်းမှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချထားပြီး အာဏာသိမ်းစစ်ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်သူများ၊ စီးပွါးရေးလုပ်ငန်းများကို ဒဏ်ခတ်အရေးယူမှုများ (၆)ကြိမ်လုပ်ဆောင်ထားသည်။

(ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယနေ့(ဇန်နဝါရီ ၁)နံနက်ပိုင်းက သပိတ်အင်အားစုနှင့် ဒေသခံပြည်သူများပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး မှော်လှည့်သပိတ်စစ်ကြောင်းအဖြစ် ချီတက်ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - CJ)
(ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယနေ့(ဇန်နဝါရီ ၁)နံနက်ပိုင်းက သပိတ်အင်အားစုနှင့် ဒေသခံပြည်သူများပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး မှော်လှည့်သပိတ်စစ်ကြောင်းအဖြစ် ချီတက်ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - CJ)

▪️အခက်အခဲ၊ ဖိနှိပ်မှုများကို ရဲရင့်စွာ ကြံ့ကြံ့ခံနိုင်စွမ်းပြသခဲ့သည့် မြန်မာပြည်သူများကို ချီးကျူး

၂၀၂၃ တွင် ကနေဒါနိုင်ငံက မြန်မာပြည်သူများ၏ ခိုင်မာသည့် ဒီမိုကရေစီ မျှော်မှန်းချက်များကို ဆက်လက် အားပေးထောက်ခံသွားမည် ဖြစ်ပြီး အကြမ်းဖက်မှု ကျူးလွန်သူများကို တာဝန်ခံခိုင်းရန် ကြိုးပမ်းမှုများအား ဆထက်ထမ်းပိုး လုပ်ဆောင်သွားမည်ဟု ယနေ့ထုတ်ပြန်သည်။

မြန်မာပြည်သူများသည် ပြီးခဲ့သည့်နှစ်က တိုင်းတာ၍ မရအောင် ကြီးမားသည့် အခက်အခဲများနှင့် လက်ခံနိုင်စရာ မရှိသော ဖိနှိပ်မှုများကို ရင်ဆိုင်ခဲ့ကြရာတွင် ရဲရင့်မှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်းတို့ကို ဆက်လက်ပြသခဲ့ကြောင်း ကနေဒါသံရုံးက ချီးကျူးထားသည်။

ယခု နှစ်သစ်အခါသမယတွင် မြန်မာနိုင်ငံ ကနေဒါသံရုံးက မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်းနှင့် မြန်မာပြည်သူများ မျှော်မှန်းသည့်နည်းတူ ပို၍ ငြိမ်းချမ်းပြီး သာယာဝပြောသည့် နှစ်သစ်ဖြစ်ပါစေကြောင်း ဆုတောင်းဖော်ပြသည်။

ကနေဒါသည် စစ်တပ်အာဏာသိမ်းမှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချထားပြီး အာဏာသိမ်းစစ်ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်သူများ၊ စီးပွါးရေးလုပ်ငန်းများကို ဒဏ်ခတ်အရေးယူမှုများ (၆)ကြိမ်လုပ်ဆောင်ထားသည်။

You May Also Like

သတင်း

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး ပျက်ယွင်းမှုကို ပြင်းထန်စွာ ရှုတ်ချကြောင်းဖော်ပြပြီး အထက်ပါနိုင်ငံ့ခေါင်းဆောင်များအပေါ် တရားစွဲ၊ ထောင်ဒဏ်ချမှတ်ခြင်းများကို နိုင်ငံရေးလှုံ့ဆော်မှုသက်သက်ဖြင့် တရားစီရင်ခြင်းဖြစ်သည်ဟု ကနဦးကတည်းက သတ်မှတ်ထားသည်။

သတင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်းများအရ ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်ကမ္ဘာလုံးတွင် COVID-19 လူနာသစ်ဖြစ်ပွားမှု မြင့်တက်​နေသည်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သည့် ဗိုက်ဒါက ၎င်း၏ တာ၀န်ထမ်းဆောင်မှုပြီးဆုံးချိန်တွင် မြန်မာပြည်သူများထံ သတင်းစကားပါးခဲ့ခြင်း ဖြစ်သည်။

သတင်း

ကနေဒါသည် ၂၀၁၇ ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာအကျပ်အတည်းဖြစ်ပွားပြီးနောက် ၂ ကြိမ် ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်း နောက်ထပ် ၆ ကြိမ် ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။